
ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်တိုးတက်မှုနဲ့သဘာဝပတ်ဝန်းကျင်
တို့တက်မှုနဲ့သဘာဝပတ်ဝန်းကျင် တဲ့မိတ်ဆွေအပေါင်းတို့ခင်ဗျာ အပတ်စဉ်တိုင်းတင်ဆက်ပေးနေကျတော့ထိန်းသိမ်းကြစေသဘာဝအမွေးဆိုတဲ့ကဏ္ဍလေးသည်ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ ဒီတပတ်မှာတော့တိုးတက်မှုများနဲ့သဘာဝပတ်ဝန်းကျင်ဆိုတဲ့အကြောင်းကိုလည်းကျနော့်အနေနဲ့ဆက်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဆွေများခင်ဗျာယခုခေတ်ကမ္ဘာဟာတိုးတက်လာတယ်ဆိုတာကလူတိုင်မငြင်းနိုင်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ အရမ်းကိုခက်ခဲပြီးတော့ဆင်းရဲမွဲတေနေတဲ့နိုင်ငံတွေနိုင်ငံရေးအခြေအနေမကောင်းလို့ချွတ်ခြုံကျနေတဲ့နိုင်ငံတွေ စစ်ပွဲတွေပဲစင်စစ်မပြတ်ဖြစ်နေတဲ့နလံမထူနိုင်တဲ့နိုင်ငံတွေကနေလွဲလို့နိုင်ငံတော်တော်များများဟာတိုးတက်ကြာပါပြီ။ ကျနော်တို့ ယခုလူလပ်ပိုင်းတော့များများဟာ မိမိတို့ရဲ့အသက်အရွယ်အတွင်းမှာ တော့တိုးတက်မှုတွေရဲ့အရသာကိုများစွာသိခဲ့ရပြီဖြစ်ပါတယ်။ ဒါတောင်မှကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရဖြစ်ပါတယ်။ ကျနော်တို့ငယ်ငယ်ကလည်းမရှိခဲ့တဲ့အရာတွေဟာ ယနေ့ခေတ်မှာမြောက်များစွာတက်ခဲ့ပါပြီ။ လူအသုံးအဆောင်ပျက်စီးတွေလည်းဖြစ်လို့လာခဲ့ပါပြီ။ ကျနော်တို့ငယ်ငယ်ကတော့ဇိမ်ခံပျက်စီးလို့ထင်ခဲ့ကြတဲ့အရာဝတ္ထုတွေဟာ ယခုခေတ်မှာပုံမှန်လူတန်းစားတွေအတွက်မရှိမဖြစ်သည်။ လိုအပ်တဲ့အရာတစ်ခုလိုပဲဖြစ်နေခဲ့ပါပြီ။ မိတ်ဆွေအပေါင်းတို့ခင်ဗျာဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ ခေတ်မှီတိုးတက်လာတဲ့အီလက်ထရောနှစ်ပစ္စည်းများပဲဖြစ်ပါတယ်။ နောက်စက်ကိရိယာတွေပဲဖြစ်ပါတယ်ထို့နောက်မှအဝတ်စားတွေ အစားအသောက်တွေလည်း မြို့ပြရဲ့လိုအပ်ချက်အရဖြစ်ပေါ်လာတဲ့လူနေမှုစနစ်နဲ့ကိုက်ညီတဲ့အဆောက်အအုံတွေလည်းဒါတွေဟာတိုးတက်လာတဲ့ယနေ့ခေတ်ရဲ့သာဓကတွေပဲဖြစ်ပါတယ်။ ဒီလိုတိုးတက်မှုတွေနဲ့အတူကျနော်တို့ဟိုးငယ်ငယ်တုန်းကတည်းကရှင်သန်ကြီးထွားလာတဲ့သဘာဝပတ်ဝန်းကျင်ဟာလည်းပဲလိုက်ပါပြီးတော့ကျနော်တို့လူမှု့စနစ်နဲ့အတူတကွလိုက်ပါရှင်ကြီးထားနေဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်းခေတ်ရဲ့လိုအပ်ချက်နဲ့အတူတကွသဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုဟာလည်းပိုမိုပြီးတော့ဆုံးရှုံးရပါတယ်။ ယခင်ကတော့ပုံမှန်မိသားစုမှတစ်စုမှာလိုအပ်ချက်တွေကိုသိပ်မရှိကြပါဘူး။ ယနေ့ခေတ်မှာတော့လိုအပ်ချက်တွေဟာပိုမိုပြီးတော့များပြားလို့လာပါတယ်။မိမိတို့တက်လိုတဲ့ကျောင်းအမျိုးအစားတွေ မိမိတို့ရဲ့ဝတ်လိုတဲ့အဝတ်စားတွေလည်းစသည်ဖြင့်မိမိတို့ရဲ့လိုအပ်ချက်တွေဟာတစ်နေ့ထက်တစ်နေ့တော့ပိုပြီးတော်လိုအပ်လို့လာနေပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာဒီလိုပဲအပ်ချက်တွေကိုများပြားလာတာဟာလည်းပဲ သဘာဝတရားနဲ့ ဆက်နွမ်းနေတာဟာလည်းစဉ်းစားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီလို့လိုအပ်ချက်တွေကိုသဘာဝတရားကနေပြီးထုတ်ယူသုံးစွဲနေလို့ဖြစ်ပါတယ်။ လူမှုဘဝတွေတိုးတက်ကြပြီးတော့လိုအပ်ချက်တွေများပြားလေလေသဘာဝန်းကျင်ကနေထုတ်ယူသုံးစွဲမှုတွေလည်းများပြားလေလေပဲဖြစ်ပါတယ်။ ဒါကြောင်လည်းယခင်ကတော့မဖြစ်ဘူးခဲ့တဲ သစ်တော်များလျင်မြန်စွာပြုံးတီးမှုဟာသယံဇာတာများစွာလျင်မြန်စွာတွေးမှုတွေကိုဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။ မိတ်ဆွေများလည်းလူမှုစာမျက်နှာမှာတွေ့ရမှာပဲဖြစ်ပါတယ်။ သစ်တော်ပေါင်းများစွာနေ့ချင်းညခြင်းသည်ပျောက်ကွယ်သွားတာကတော့မိတ်ဆွေများလည်းတွေ့ရမှာပါ။ အရင်တုန်းကတော့လက်ရက်တွင်းတွေဖြင့်သယံဇတတွေကိုတူးဖော်ရာကနေ ယခုအချိန်မှာတော့စက်ရမ်းတရားများဖြင့်၂၄နာရီအဆက်မပျက်တူဖော်ထုတ်လုပ်တာဟာဒါတွေဟာသာဓကတွေပဲဖြစ်ပါတယ်။ တနည်းပြောရမယ်ဆိုရင်တော့ သယံဇာတပြုံးထိမှုရဲ့စျေးကွက်ကနေ တောင်းဆိုမှုပဲဖြစ်ပါတယ်။နေ့စဉ်နှင့်အမျှထုတ်ယူသုံးစွဲမှုတွေဟာပိုလို့တောင်မှရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်းသဘာဝပတ်ဝန်းကျင်ပိုမိုပြုံးတီရာရောက်ပါတယ်။ အချို့သောသဘာဝတရားကိုမြတ်နိုးတဲ့သူတွေကဆိုကြပါတယ်။ အတိုင်းသာသဘာဝတရားကိုထုတ်ယူသုံးစွဲခဲ့မယ်ဆိုရင်တော့ ဒီကမ္ဘာလူသားတွေအတွက် ထုတ်ယူသုံးစွဲမှုကတော့လုံလောက်အောင်ဆိုရင်တော့နောက်ထပ်ကမ္ဘာသုံးလုံးလောက်တော့ရှိရမှာပဲလို့ တင်စားစွာပြောဆိုကြပါတယ်။ ဒါဟာလည်းတကယ်တော့လက်တွေ့ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ မိတ်ဆွေများခင်ဗျ ဒီလိုပဲသစ်တောနဲ့သဘာဝပတ်ဝန်းကျယ်ပြုံးတီးမှုကိုကာကွယ်တော့မယ်ဆိုရင်တော့ အရင်ဦးဆုံးတိုးတက်နေတဲ့ယဉ်ကျေးမှုနဲ့အညီလိုအပ်နေတဲ့လိုအပ်ချက်တွေကိုတစ်ဦးချင်းစီကနေလျော့ချရမှာပဲဖြစ်ပါတယ်။ ဒီလိုပဲတစ်ဦးချင်းစီရဲ့အသုံးပြုမှုနှင့်လျှော့ချပြီးတော့ထုတ်ယူတဲ့သုံးစွဲထားတဲ့ပစ္စည်းများကိုလည်းပဲပြန်လည်ပြုပြင်ပြီးတော့ အခြားနည်းနဲ့သုံးစွဲမယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကိုလည်းကောင်းစွာကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ မိမိတို့ရဲ့ လိုအပ်ချက်များကိုလျော့ချနိုင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်သောပုဂ္ဂိုလ်များစွာဖြစ်နိုင်ကြပါစေလို့အနေနဲ့ကျနော်အနေနဲ့ပြုပြင်လိုက်ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။ မိတ်ဆွေအပေါင်းပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ကြပါစေ။ ကျွန်တော်ဇော်နိုင်ဉီးပါ။

