ဖာသာရ် David Toe Wai (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၁)ကြိမ်မြောက် ကြာသပတေးနေ့ဩဝါဒ ၁၉၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ဓမ္မမိတ်‌ဆွေသူတော်စင်အပေါင်းတို့ ဒီကနေ့ကျွန်တော်တို့ကြားနာခဲ့ရတဲ့ရှင်မာတေးဦး ၆း ရ- ၁၅ မှာသခင်ခရစ်တော်က ကျွနုပ်ခရစ်ယာန်ဘဝအသက်တာမှာဆုတောင်ခြင်းနဲ့ပတ်သက်ပြီးအရေးပါတဲ့အရာတစ်ခုဖြစ်တယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့တမန်‌တော်တွေကိုသင်ကြားထားတာတွေ့ရပါတယ်။ ဒီကနေ့ကျမ်းစာမှာကိုယ်တော်ကသင်တို့သည်ဆုတောင်းကြသောအခါမှာတော့ လူမျိုးခြားတို့နည်းတူအနှစ်သာရမဲ့သောစကားလုံးအမြောက်အများကိုမရွတ်ဆိုကြနဲ့အကြောင်းမူားသူတို့သည်များစွာသောစကားတို့ကိုရွတ်ဆိုခြင်းဖြင် အကြောင်မူကသူတို့သည် မိမိတို့တောင်းလျှောက်သောဆုကိုရလိမ့်မည်ဟုထင်မှတ်ကြ၏။ သင်တို့မူကာထိုသူတို့ကဲ့သို့မပြုလုပ်ကြနဲ့အကြောင်းမူကာသင်တို့လိုအပ်သောအရာကိုသင်တို့မတောင်းမီကပင် သင်တို့၏အဘသည်သိတော်မူ၏။ ဒါကြောင့်ကိုယ်တော်ရှင်ကတော့ဒီကနေ့ကြယ်လောင်ရှည်လျားသောအားဖြင့်ဆုတောင်းခြင်းမျိုးမဟုတ်ဘဲနဲ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးကနေစီးထွက်လာတဲ့မေတ္တာနဲ့ဆုတောင်းကြဖို့ဆိုပါတယ်။ ဆုတောင်းခြင်းဆိုတာကယ်တော့ဆက်သွယ်မှုသက်သက်တော့မဟုတ်ပါဘူး။ ဘုရားရှင်နဲ့ပေါင်းစပ်ခြင်းသာဖြစ်ပါတယ်။ တိတ်ဆိတ်ခြင်း ငြိမ်သက်ခြင်းနဲ့ယုံကြည်ခြင်းနဲ့ပြုတယ်။ မိတ်သဟာရဖွဲ့ခြင်းခုဖြပါတယ်။ ဒါလေးနဲ့ပတ်သက်လို့အဖြစ်အပျက်လေးတခုကိုဝေငှားချင်ပါတယ်။ တောင်ကြားလေးတစ်ခုမှာရှိတဲ့အင်မတန်မှတိတ်ဆိတ်တဲ့ရွာလေးတစ်ရွာမှာရှိတဲ့ alia ဆိုတဲ့သူတစ်ယောက်ရှိတယ်။ ဒီအဖိုးကိုကနံနက်တိုင်းမှာရွာအစွန်မှာရှိတဲ့ဘုရားကျောင်းလေးမှာသွားပြီးတော့တိတ်ဆိတ်စွာနဲ့တစ်နာရီလောက်ကြာအောင်ထိုင်ရင်းနဲ့ သူကဘာမှမဆိုဘူးအတိုင်းပဲထိုင်ခဲ့တယ်။ နေ့စဉ်နေ့စဉ်တစ်နာရီသွားပြီးတော့ထိုင်တယ်။ တစ်ရက်တော့သူ့ရဲ့မြေးလေးဖြစ်တဲဂျိုးဇက်ကမေးတယ်အဖိုးတနာရီလောက်ကြာအောင်ဘုရားကျောင်းထဲမှာဘာလုပ်နေတာလဲ ဘာတွေဆုတောင်းနေတာလဲမေးတယ်။ သူ့အဖိုးကဘာမှမတောင်းပါဘူး။ ဒါဆိုရင်အဖိုးကတစ်နာရီလောက်ကြာအောင်ဘာလို့နေတာလဲပြန်ပြီးတော့မေးတယ်။ ဒီခါမှာသူ့ရဲ့အဖို့က သူ့ရဲ့‌မြေးးလေးဂျိုးဇက်ကိုဘာပြန်ပြောလဲဆိုတော့ I look at him and He look at me ငါဘုရားရှင်ကိုကြည့်တယ်။ ကိုယ်တော်ရှင်ကလည်းငါကိုပြန်ကြည့်တယ်။ ဒီလိုမျိုးလေးပဲပြန်ဖြေခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာမြေးလေးဂျိုးဇက်ကရဟန်းတစ်ပါးရဲ့ဖြစ်လာခဲ့တယ်။ ရဟန်းဖြစ်လာပြီးတဲ့နောက်မှာမြေးလေးဂျိုးဇက်က ဖာသာရ်ဂျိုးဇက်ကသူ့အဖိုးရဲအဖြစ်ပျက်ကလေးတွေကိုသူ့သြဝါဒမှာမကြာခဏပြောပြတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီအရာကတော့ဆုတောင်းခြင်းရဲ့နက်ရှိုင်းတဲ့အမှန်တရားတစ်ခုကိုသူတို့သိရှိခဲ့ရတဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒီလိုဆုတောင်းခြင်းကအမြဲတမ်းစကားလုံးတွေမဟုတ်ဘူး။ တစ်ခါတစ်ရံမှာဘုရားသခင်နဲ့အတူတကွတည်ရှိခြင်းဖြစ်တယ်ဆိုတာကိုဖော်ပြနေခြင်းဖြစ်သည်။ ဒါကြောင့်ဆုတောင်းခြင်းမှာစကားပြောကောင်းဖို့မလိုပါဘူး။ ရိုးသားမှုနဲ့နှိပ်ချမှုပဲ့လိုပါတယ်။ ဒါကြောင့်ဒီကနေ့ကိုယ်တော်ကကောင်းကင်ဘုံ၌မေတ္တာကိုသင်ကြားပေးတယ်။ သခင်ခရစ်တော်အတွက်ဆုတောင်းခြင်းဟာ ဘုရားသခင်နှင့်အတူရှိတယ်။ မိတ်သဟာယဖွဲ့ခြင်းဖြစ်တယ်။ ဆုတောင်းခြင်းသည် တို့ရဲ့မပြည့်စုံမှုတွေ ကျွန်ုပ်တို့ရဲ့အားနည်းမှုတွေကို မစွမ်းဆောင်နိုင်မှူတွေကိုသိရှိစေတယ်။ အရာအားလုံးအတွက်ဘုရားသခင်ပေါ်မှာမှီခိုအားထားနေရခြင်းကိုဖော်ပြခြင်းဖြစ်တယ်။ ဒါကြောင့်ကျွန်ုတိုင်းဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာအဖဘုရားသခင်ဖြစ်တဲ့အတွက် ဆုတောင်းတဲ့အကျွနုပ်တို့ဟာဘုရားသခင်ရဲ့သားသမီးတွေလည်းဖြစ်တယ်။ ကလေးတယောက်ဟာသူ့ရဲ့အဖေဆီကိုချဉ်းကပ်သလိုမျိုးဖြစ်တယ်။ ကျွန်ုပ်တို့တတွေကို အဖဘုရားသခင်ဆီကိုချဉ်းကပ်တဲ့အခါမှာစကားလုံးတွေဆိုတာကတော့အရေးကြီးဆုံးတော့ပါဘူး။ အရေးကြီးတဲ့အရာကတော့ချစ်ခြင်းအားဖြင့် နှိပ်ချာတဲ့စိတ်နေသဘောထားနဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာဒီကနေ့ သခင်ခရစ်တော်သင်ကြားတဲ့ ဆုတောင်ခြင်းရဲ့အနှစ်သာယပဲဖြစ်ပါတယ်။ သခင်ခရစ်တော်ကခမည်းတော်ကိုကျွနုပ်တို့ရဲ့အဖအဖြစ်သို့ပေးအပ်ခဲ့တဲ့အတွက် ကျွန်ုပ်တို့တတွေဟာဘုရာရှင်ရဲ့သားသမီးတွေလို့ဖြစ်တယ်။ အဖဘုရားကလည်းကျွန်ုပ်တို့စကားကိုနားထောင်နေတယ် နားလည်ပေးနေတယ်။ သားသမီးအဖြစ်ကျွန်ုပ်တို့ရဲ့လိုအပ်မှုတွေကိုဖြည့်ဆည်းပေးနေတယ်။ ဒီအရာကပဲကျွန်ုပ်တို့ရဲ့ဆုတောင်းခြင်းကိုပိုပြီးတော့လွယ်ကူစေပါတယ် ရိုးရှင်းစေပါတယ်။ ပိုပြီးတော်အဓိပ္ပာယ်ရှိလာစေပါတယ် ဒါကြောင့်ဒီကနေ့ကျွန်ုပ်တို့ဆုတောင်းတဲ့အခါမှာဘယ်လိုပဲစိတ်ထားမျိုးနဲ့ဆုတောင်းနေလဲဆိုတာကိုပြန်လည်ထောက်ရှုရင်တရားယူကြပါစို့။ ဘုရားရှင်သားသမီးအပေါင်းဘုရားရှင်ကောင်းကြီးပေးပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *