

စကားကို လွယ်လွယ်မပြောပါနဲ့
လွယ်လွယ်မပြောပါနဲ့
ပုံပြင်ဆိုတော့ အစက ဟိုးရှေးရှေးတုန်းကပေါ့ လို့ ပဲစရမှာပေါ့ သမီးရယ်။အဲ့ဒီရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးဟာ တိုင်းရေးပြည်ရေးကိစ္စအတွက် နန်းရေးဝန်ကြီးနဲ့ အရေးတကြီးဆွေးနွေးရန် အရမ်းအေးတဲ့ ညတစ်ညမှာ အိပ်ဆောင်ကနေ နန်းတော်ထဲကို ဝင်ခဲ့တယ်တဲ့။ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်ကို လာခဲ့စဉ် အဝတ်ပါးပါးလေးဝတ်ပြီး မတ်တတ်ရပ်နေတဲ့ အဖိုအုး်ိကင်းသမားကိုတွေ့တယ်တဲ့။
ထိုအခါ ဘုရင်ကြီးသည် အဖိုးအိုနားကပ်၍မေးလိုက်တယ်။အဘ အအေးဒဏ်မခံရဘူးလား?မအေးဘူးလား?
အဖိုးအိုပြန်ဖြေတယ်။ဘုရင်ကြီး အရမ်းအေးပေမဲ့လဲ ဝတ်စရာအနွေးထည် ကျွန်ုပ်မှာမရှိပါဘူး။ဒါကြောင့် ကျွန်ုပ်အဖို့အအေးဒဏ်ကို ခံနေယုံမှ အပ တခြားလွတ်မြောက်စရာနည်းလမ်းမရှိပါ ။
အဘိုးအိုရဲ့ စကားကိုကြားတော့ ဘုရင်ကြီးလည်းစိတ်မကောင်းဖြစ်သွားတာပေါ့သမီးရယ်။
ဒါကြောင့် ဘုရင်ကြီးက မိန့်လိုက်တယ်။ ကောင်းပြီအဘိုးအိုကင်းသမား ကျွန်တော်ယခုနန်းတော်ထဲသွားပြီး အစေခံတစ်ယောက်ကို အဘိုးအို အတွက် အနွေးထည်ပေး၍လွတ်ပေးပါမယ် လို့မိန်.သတဲ့။
ကင်းသမားအဖိုးအိုသည် ဘုရင့်ကတိစကားကြား၍အတိုင်းမသိ ဝမ်းသာသွားတာပေါ့သမီးရယ်။
ဒါပေမယ့်လည်း ဘုရင်ကြီးသည် နန်းတွင်းသို့ရောက်ပြီးသည်နှင့် မိမိကတိစကားကိုမေ့သွားပြီး နန်းရေးဝန်ကြီးနဲ့ တိုင်းရေးပြည်ရေးဆွေးနွေးရင်း အချိန်လွန်သွားတယ်တဲ့ သမီးရဲ့။
မနက်လင်းတော့ ကင်းသမားအဖိုးအိုသေဆုံးနေတာကို စိတ်မကောင်းဖွယ်တွေ့ရတယ်လေ။အဘိုးအိုရဲ့ အလောင်းဘေးနားမှာတော့ အဘိုးအိုကိုယ်တိုင် တုန်ရီနေသောလက်ရေးဖြင့် စာလေးတစ်စောင်ရေးထားခဲ့တာပေါ့သမီးရယ်။
စာထဲမှာရေးထားသည်မှာ.…………ကျွန်ုပ်သည် နေ့စဉ်နေ့တိုင် အအေးဒဏ်ခံရင် ကျော်ဖြတ်ခဲ့ပါတယ်။သို့သော် ဘုရင်ကြီး ကျွန်ုပ်ကို အနွေထည်ပေးမည် ဆိုတဲ့ကတိစကားသည် ကျွန်ုပ်ရဲ့အအေးဒဏ်ခံနိုင်စွမ်းကို ရုတ်သိမ်း၍ နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်။ တဲ့ကွယ်။
မှတ်ချက် ရံဖန်ရံခါ မိမိရဲ့ ပေ့ါပျက်ပျက်ကတိစကားသည် မိမိထင်ထားသည်ထက်ပို၍ သူတစ်ပါးကို ဒုက္ခ ရောက်စေနိုင်တယ်ဆိုတာ သတိပြုရမယ်သမီး။ဒါကြောင့် လွယ်လွယ်နှင့်ကတိမပေးလေနှင့်။ပေးပြီးသားကတိ မဖျက်လေနှင့်။သမီးလေးရဲ့ကတိစကားသည် မည်သို့မည်ပုံ ထိခိုက်နှစ်နာစေသည်ကိုသမီးကိုယ်တိုင် မသိ နိုင်လို့ပါကွယ်။မူရင်း ကတိ ဆိုသော ပုံပြင်တိုအားရေးသူကို လေးစားပါတယ်ခင်ဗျာ ကတိဆိုသော ပုံပြင်တိုလေးကို သမီးလေးအတွက် အနည်းငယ်ချဲ့ကားပြုပြင်ရေးဖွဲ့ခဲ့သည်ကိုလည်း နားလည်နိုင်ပါစေ

