
ဆရာတော်ကြီး(၅)ပါးနှင့် ရဟန်းတော် (၁၂၀) ကျော်မွေးထုတ်ပေးခဲ့တဲ့ ရွှေနှလုံးတော်ရဟန်းဖြစ်သင် ကျောင်း (၇၈)နှစ်ပြည့်နှင့် ရဟန်းလောင်းများ၏ ဂျူဘီလီပွဲ ပူးတွဲကျင်းပ။

ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွင်းရှိ ရွှေနှလုံးတော် ရဟန်းဖြစ်သင်ကျောင်း တည်ထောင် ခြင်း (၇၈) နှစ်ပြည့် နှင့် ရဟန်းလောင်းကျောင်းသားများ၏ ဂျူဘီလီကို ပုသိမ်သာသနာ မရမ်းချောင်း ရွှေနှလုံးတော်အခြေခံရဟန်းဖြစ်သင်ကျောင်း၌ (၁၇.၆.၂၀၂၅)နံနက် (၇း၀၀)နာရီအချိန်တွင် ဂျူဘီလီ မစ္ဆားတရား တော်မြတ်ကို ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီး ဟင်နရီမန်းအိုင်ခလိန်မှ ဦး ဆောင်ပူဇော်ပေးခဲ့ပါသည်။
ပွဲတော်အခမ်းအနားသို့ ရဟန်းတော်များ၊ ဘရာသာရ်များ၊စစ္စတာရ်များ၊ ရဟန်းလောင်းကျောင်းသားများ နှင့် ဘာသာဝင်များပါဝင်ပြီး ဂျူဘီလီမစ္ဆားတရားတော်ကို အတူတကွပူဇော်ခဲ့ပါသည်။
ရဟန်းဖြစ်သင်ကျောင်းဂျူဘီလီပွဲနဲ့ပတ်သက်ပြီး ကျောင်းတာဝန်ခံ Fr. Nyan Soe Nyein(Rector) မှလည်း ခုလိုပြောကြားခဲ့သည်။
“ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာရဲ့ ရွှေနှလုံးတော်ရဟန်းဖြစ်သင်ကျောင်းကို ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့မှာ ယခုလက်ရှိမရမ်းချောင်းကျေးရွာမှာ စတင်ပြီးတော့တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကဒီနေရသည် အမဲလိုက်ရာနေရာဖြစ်ပြီး လူအသွားအလာနည်းပြီး ခနတဖြုတ်အနားယူတဲ့ နေရာဖြစ်ပါတယ်။ ဒီကနေပြီးတော့အိမ်ကြီးတစ်လုံးကို ဘာသာတူတစ်ဦးထံမှ အလှူခံရရှိခဲ့ပါတယ်။
အဲ့ဒီအိမ်ကြီးကို ဆက်လက်ပြုပြင်ပြီးတော့ တဖြည်းဖြည်းရဟန်းဖြစ်သင်ကျောင်းအဖြစ် တည်ထောင် ဆောက်လုပ်လာခဲ့ပါတယ်။
ဒီရဟန်းဖြစ်သင်ကျောင်းကိုတည်ထောင်ခြင်းနှင့် ဖြစ်ပေါ်လာခြင်းရဲ့ရည်ရွယ်ချက်ကတော့ သန့်ရှင်းတဲ့ ရဟန်းတော်များကို မွေးထုတ်ပေးဖို့ရန်အတွက် သာသနာ့လယ်ကွင်းမှာ ဘုရားရဲ့အမှုတော်မြတ်ကို စွမ်းစွမ်းတမံနဲ့ နှိမ့်နှိမ့်ချချ အစေခံတဲ့ ရဟန်းတော်များကိုမွေးထုတ်ပေးဖို့ရန် အတွက်ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေ၊အခက်အခဲတွေကတော့ သူ့ခေတ်သူ့အချိန်ကာလအလိုက်တော့ ရှိနေ တာ ဖြစ်ပါတယ်။ ၇၈ နှစ်တောင်ကြာခဲ့ပြီဆိုတော့ ကျွန်ုပ်အနေနဲ့လည်း အားလုံးကိုမမှီနိုင်ခဲ့ဘူး လောလော ဆယ်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ စိန်ခေါ်မှုအခြေအနေကို ပြောရမည်ဆိုရင်တော့ ကြီးမား တဲ့စိန်ခေါ်မှုအခက်အခဲတွေတော့ သိပ်တော့မရှိပါဘူး။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့အားလုံး ဆွေး နွေးတိုင်ပင်ပြီးလုပ်ဆောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။ အဓိက ကတော့ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ဖြတ် ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရဟန်းဖြစ်သင်ကျောင်းတည်ရှိနေခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်း လိုလို ကျွန်ုပ်တို့ ရဟန်းတော်များကို မွေးထုတ်ပေးနိုင်တာဖြစ်ပါတယ်။ ဒီရဟန်းတော်တွေက ပုသိမ်သာသနာတော်တစ်ခုတည်းတွက်မဟုတ် ပဲ မြန်မာပြည်အသင်းတော်အတွက်သာမက ပြည်ပမှာပါ ထွက်ပြီးတော့သာသနာပြုနေကြတဲ့ ရဟန်း တော်များလည်းရှိနေကြပါတယ်။ ဒါကြောင့်မို့လို့ ဒီရဟန်းဖြစ်သင်ကျောင်း တည်ရှိနေခြင်းသည် ပုသိမ် သာသနာတစ်ခုတွက်မကပဲ မြန်မာပြည်အသင်းတော်ကြီးတစ်ခုလုံးအတွက် အင်မတန်မှ အကျိုး ရှိပါ တယ်လို့ခံစားမိပါတယ်။
ဒီရွှေနှလုံးတော်ရဟန်းဖြစ်သင်ကျောင်းကနေပြီးတော့ ထွက်ပေါ်လာတဲ့ ရဟန်းတော်များဆိုရင်အရေ အတွက်အားဖြင့် အပါး (၁၂၀) ကျော်ခန့်ရှိပြီဖြစ်ပါတယ်။ အဲဒီထဲမှာမှ ဆရာတော်ကြီးများဖြစ်သွားတာ က (၅)ပါး ရှိပါတယ်။ လက်ရှိမှာတော့ ဒီမေဂျာမှာ ပညာသင်ယူ နေကြတဲ့ ကိုရင်ပေါင်း(၁၅)ပါး ရှိပါ တယ်။ ယခုလက်ရှိအခြေခံရဟန်းဖြစ်သင်ကျောင်း မှာတော့ အားလုံးပေါင်း ၄၂ ယောက်ရှိပြီး အဲဒီထဲမှာ ၁၂ယောက်က ဆယ်တန်းအောင်မြင်ပြီးသားက ၁၁ ယောက် ဖြစ်ပြီး ကျန်တာကတော့ ကျောင်း ဆက် တက်နေတဲ့ ကလေးများဖြစ်ပါတယ်။
ရွှေနှလုံးတော်ရဟန်းဖြစ်သင်ကျောင်းရဲ့ ဂုဏ်အယူရဆုံးနေ့ရက်တွေက ဒီကျောင်းကနေ မွေးထုတ်ပေး လိုက်တဲ့ ကိုယ်ရင်များ ရဟန်းသိက္ခာကိုခံယူပြီး ရဟန်းဘောင်သို့ တက်လှမ်းသွားခဲ့တဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီးဂုဏ်ယူရတဲ့ နေ့ရက်ကတော့ ဒီနေ့မှာ ဒီရဟန်းဖြစ်သင်ကျောင်းတည်ထောင် ခြင်း ၇၈ နှစ်ပြည့်ခြင်းနှင့် ဒီရဟန်းလောင်းကျောင်းသားများရဲ့ ဂျူဘီလီကို ပူတွဲကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ရဟန်းတော်အများစုကလည်း ဒီအမိကျောင်းတော်ကြီးရဲ့ ရင်ခွင်ကို ပြန်လည်စုရုံးလာကြပြီးတော့ ဘုရားရဲ့ဂုဏ်တော်ကို ချီးမွမ်းသလို ဒီအမိကျောင်းတော်ကြီးကို ပြန်ပြီးတော့ဂုဏ်ပြုတဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။ ဒီနေ့ဟာ ကျွန်ုပ်တို့အတွက် အင်မတန်မှ ဂုဏ်အယူရဆုံးနေ့ရက်လည်းဖြစ်ပါတယ်” ဟု ကျောင်းတော်ကြီးရဲ့ တာဝန်ခံ Fr. Nyan Soe Nyein(Rector) မှပြောကြားခဲ့ပါသည်။
News-Paul
Photo-OSC Pathein
Website: rvamyanmar.org

