ရက်စက်ကြမ်းကြုတ်မှုတွေ၊ မတရားမှုတွေနှင့် မျက်ရည်ကျနေသောကမ္ဘာကြီးအတွက် တိတ်တဆိတ်ဆုတောင်းပေးနေကြသူများ။

ကမ္ဘာကြီးပေါ်မှာ မတရားမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အထင်မြင်လွဲမှားမှုတွေကြောင့် ငိုကြွေးနေရသူတွေများစွာရှိတယ်။ ထိုသို့ဒုက္ခနွံနစ်နေသောကမ္ဘာကြီးအတွက်၊ ဇင်ဗာ‌ဘွေနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော သံတာကလဲ သူတော်စင်အသင်းဂိုဏ်းရှိ ခရစ်ယာန်သီလရှင်များ၏ ကုလားကာနောက်ကွယ်က တိတ်တဆိတ် ဘုရားနှင့်ပေါင်းစပ် ဆုတောင်းပေးမှုများသည် လူများစွာ၏ဘဝများအပေါ် သက်ရောက် လာတယ်ပုံဖော်ပေးနေပါသည်။

ဤ အသင်းဂိုဏ်းရှိခရစ်ယာန်သီလရှင်များသည် မိမိတို့ဘဝကို ဘုရားဝတ်ပြုခြင်းဆုတောင်းခြင်း အမှု၌ ဆက်ကပ်ထားသူများဖြစ်ကြပါသည်။ သူတို့ထံမှ ဆုတောင်းမေတ္တာတောင်းခံသူများအတွက် နှစ်သိမ့်မှု၊ လမ်းညွှန်မှု၊ စိတ်ဒဏ်ရာခံစားနေရသူများ ကုသခြင်းခံရမှုများရရှိရန်သူတို့သည်လူအမြင်မခံဘဲ နာရီများစွာကြာအောင် ဒုက္ခရောက်နေသူများအတွက် ဒူးထောက်၍လေးနက်စွာဆုတောင်းပေးနေကြပါသည်။

သူတို့၏ဆုတောင်းပေးမှုနှင့်ဆုတောင်းခြင်းအသက်တာသည် ဒုက္ခရောက်နေသူတွေ၊ စိတ်ပျက်အားငယ်နေသူတွေအတွက် မျှော်လင့်ခြင်းနှင့် နှစ်သိမ့်မှုရရှိခြင်းတို့၏ အသက်သွေးကြောဖြစ်လာခဲ့ပါသည်။ မူးယစ်ဆေးဝါးနွံနစ်နေ သူများ၊လူကုန်ကူးသူတို့၏သားကောင်ဖြစ်ခဲ့ကြရသူများ၊ အလုပ်လက်မဲ့ဒုက္ခရောက်နေသူများသည် ဤသီလရှင်တို့၏ ဆုတောင်း ကူညီပေးမှုများကြောင့် ဘဝထဲမှာ မျှော်လင့်ခြင်း၊ နှစ်သိမ့်ခံရခြင်းနှင့် ဘုရားကိုပြန်လည်ခံစားလာကြရသူမျာ တိုးပွားလာခဲ့ပါသည်။

အထူးသဖြင့်မျှော်လင့်ချက်မဲ့နေသူများ၊ အနာဂတ်ဘဝမရေရာသူများအတွက် ကြားဝင်ဆုတောင်းပေး နေကြသူများဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးသောသံတာကလဲ ၏ ညီအမများ သူတော်စင်အသင်းဂိုဏ်းကို သံတာကလဲ က ၁၂၁၂ တွင် တည်ထောင်ခဲ့ပါသည်။ စပိန်နိုင်ငံမှ ထိုအသင်းဂိုဏ်း၏သာသနာပြုသီလရှင်များ၏အကူအညီဖြင့် ၁၉၈၅ ခုနှစ်တွင်ဇင်ဘာဗွေ နိုင်ငံတွင် သီလရှင်ကျောင်းတစ်ခုကိုဆောက်လုပ်ခဲ့ပြီး သာသနာပြုလုပ်ငန်းကိုလုပ် ဆောင်ခဲ့ကြပါသည်။

သံတာကလဲ ၏ ညီအမများ သူတော်စင် ခရစ်ယာန်သီလရှင်များသည် လူသိမခံဘဲ၊ ကုလားကာနောက် ကွယ်ကဆုတောင်းပေးသောအသင်းဂိုဏ်းဖြစ်သည့်အတွက် လူသိများခြင်းမရှိသော်လည်း၊ သူတို့၏ သာသနာပြုလုပ်ငန်းသည် လူများစွာ၏ဘဝများအပေါ်သက်ရောက်မှုရှိနေပါသည်။

လောကပစ္စည်းဥစ္စာ၊ ငွေကြေးပမာဏ ဆင်းရဲနွမ်းပါးကြသော်လည်း ဆုတောင်းမေတ္တာနဲ့ ဝိညာဉ်သက် တာမှာ ကြွယ်ဝချမ်းသာသူများဖြစ်ကြပါသည်။ မိမိကိုယ်ကိုယ်အနစ်နာခံ၍ တစ်ပါးသူအတွက် ဆု တောင်းပေးသောသူတို့၏လုပ်ရပ်သည် လူအဖွဲ့အစည်းအတွက်၊ အသင်းဂိုဏ်းအတွက်၊ ယုံကြည်ခြင်း အတွက်၊ ကြီးမားသောသက်သေခံမှုတစ်ခုဖြစ်နေပါသည်။

သံတာကလဲ ၏ဆုတောင်းပေးမှုကြောင့် ရောဂါဝေဒနာပျောက်ကင်းကြသူများ၊ ကုသခံကြရသူများ ဒီတန်ခိုးလက္ခဏာများကိုနမူနာယူပြီးတော့ သံတာကလဲ၏နောက်လိုက် ကျွန်မတို့သီလရှင်သူတော် စင်များက ဆက်လက်ဆုတောင်းပေးနေကြခြင်းဖြစ်ပါသည်ဟု အသင်းဂိုဏ်း၏အကြီးအကဲဖြစ်ခဲ့ဖူးသူ သီလရှင် စစ္စတာရ် Sr. Agnes Mupunga ကပြောကြားခဲ့ပါသည်။။

သူမကဆက်လက်ပြီး ကျွန်မတို့ထံမှဆုတောင်းပေးမှု၊ လမ်းညွှန်ပေးမှု တောင်းခံသူတွေများစွာ တိုးပွားလာနေပါတယ်ဟုလည်း ပြောကြားခဲ့ပါသည်။ အပတ်စဉ် us dolla ၇၀၀ သုံးစွဲပြီး ကင်ဆာဆေး သွင်းနေရသူ အမျိုးသမီးအတွက် ယောက်ျားဖြစ်သူက ဤ sister တို့ထံ ဆုတောင်းပေးခြင်းနှင့် လမ်း ညွှန်မှုတို့ တောင်းခံခဲ့ခြင်းကြောင့် ဘုရားကျေးဇူးတော်အားဖြင့် အပတ်စဉ်ကင်ဆာဆေးသွင်းခြင်းကို မပျက်မကွက်လုပ်နိုင်ခဲ့သည့်ကျေးဇူးတော်ခံစားရခြင်းအတွက် ကျေးဇူးတင်ကြောင်းကိုလည်း သက် သေခံထားပါသည်။

ရဟန်းမင်းကြီးလီယို ၁၄ ကလည်း စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ မတရားမှုများကြောင့် ဒဏ်ရာရ နေသောကျွန်ုပ်တို့ကမ္ဘာကြီးဟာ ဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်းသတင်းစကားကို ကြားဖို့ လိုအပ်ပါတယ်၊ သတင်းစကားကြားရှိရန်တိပ်တဆိတ်လုပ်ဆောင်ပေးနေသူ ဇင်ဗာ‌ဘွေ နိုင်ငံ waterfalls ရှိ ဆင်းရဲနွမ်းပါးသောသံတာကလဲ၏ ညီအမများသူတော်စင် အသင်းဂိုဏ်းအကြောင်းကို သတိပေးပြော ကြားခဲ့ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung (rva myanmar)

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *