
ဖာသာရ် Cyril Nay Myo Htet (SJ) သာမန်ကာလ(၁၁)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ဩဝါဒ ၁၈၊ ၆၊ ၂၀၂၅
ချစ်လှစွာသောဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမအပေါင်းတို့ဒီကနေ့ကြားနာဖတ်ရှုရမယ့်ပထမကျန်းမှာကောရိန်သုဩဝါဒစာဒုတိယဆောင်ခန်းကြီး ၉:၆-၁၁ အထိဖြစ်ပါတယ်။ ရှင်ပေါလ်လူကကောရိန်သုမြို့မှာရှိတဲ့အသင်းတော်ကိုစာရေးသားပြောဆိုထားတာကတော့ အနည်းငယ်စိုက်ပျိုးတဲ့သူဟာ အနည်းငယ်ရိတ်သိမ်းရမယ်။ များစွာစိုက်ပျိုးတဲ့သူဟာများစွာရိပ်သိမ်းရမယ်။ အလှူပေးတဲ့အခါမှာမိမိရဲ့အတွင်းစိတ်ကလည်းရက်ရောတဲ့စိတ်နဲ့ပေးလှူရမယ်။ နှမျောတဲ့စိတ်နဲ့မပေးလှူပါနဲ့တာဝန်အရပေးလှူခြင်းဖြစ်ပါစေနဲ့ ဘာဖြစ်လို့လည်းဆိုတော့စေတနာစိတ်နဲ့ပေးလှူတဲ့သူကို ဘုရားသခင်နှစ်သက်တော်မူ၏လိုဆိုပါတယ်။ ဆင်းရဲသောသူများကိုလွတ်လပ်စွာပေးလှူသောသူများ၏ဖြောင့်မတ်ခြင်းသည်အမြဲတည်၏ စပါးစိုက်တဲ့သူကတော့ စားစရာဆန်စပါးကိုရရှိမယ်။ ဖြောင့်မတ်ခြင်းတရားကိုကျင့်ကြံသောသူများကလည်းပေါ်ကြွယ်ဝမှုတွေဖြစ်စေတယ်။ ကျနော်တို့တစ်ဦးစီရက်ရောစွာပေးကန်ခြင်းဖြင့် လူအများဟာဘုရားသခင်ကိုချီးမွမ်းကြလိမ့်မယ်လို့ဆိုထားပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်းဒုက္ခမျိုးဆုံ၊ လိုအပ်ချက်မျိုးစုံနဲ့တွေ့ကြုံနေတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ဘယ်လောက်ပေးလှူသလဲဆိုတာကတော့အရေးမကြီးပါဘူး။ ဘယ်လိုပေးလှူသလဲဆိုတာကတော့ပိုပြီးတော့အရေးကြီးပါတယ်။ ရက်ရောတဲ့စိတ်နဲ့အလှူပေးတဲ့သူများ၏ ဘာအချုပ်အနောင်မျှော်လင့်ချက်များမရှိဘဲနဲ့ လူအများကိုဘုရားသခင်ကကောင်ကြီးများစွာပေးတော်မူလိမ့်မယ်။ ရှင်မာသဲရေးသားထားတဲ့ ဧဝံဂေလိကျမ်းအခန်ကြီး၆:၁-၆ မှာသခင်ခရစ်တော်ကကျနုပ်တို့အလှူပေးတဲ့အခါမှာ သူတစ်ပါးမသိစေရန် လျို့ဝှက်စွာပေးလှူရမယ်။ သူတပါးကဂုဏ်ပြုမှတ်တမ်းတွေ ဓါတ်ပုံရိုက်တာတွေတစ်ပိုးခရာမှုတ်အလှူရှင်မှန်းသိအောင်မဏ္ဍပ်တိုင်တက်ပြတာတွေမလုပ်ဖို့သွန်သင်နေတယ်။ ကျနုပ်တို့လျှို့ဝှက်စွာလှူဒါန်းမယ်ဆိုရင်တော့ ကိုယ့်ရဲ့ညှာဘက်လက်ကပေးတာကိုဘယ်ဘက်လက်ကမသိစေနဲ့။ မထင်ရှားသောအရာကိုမြင်တဲ့ဘုရားသခင်ဆီမှာကောင်ကြီးများဆုကျေးဇူးများရရှိမှာဖြစ်ပါတယ်။ ကျနော်တို့အားလုံး စဥ်းစားစဥ်ခြင်ရမယ့် အချက်ကာမိမိပေးလှူတဲ့အခါကျတော့ ဒီလောကရဲ့ချီးမွမ်းကုန်ပြုခြင်း အသိအမှတ်ပြုခြင်းကိုယူမလား။ ဒါမှမဟုတ်ရင်ဘုရားသခင်ကပေးတဲ့ကောင်ကြီးမင်္ဂလာ ဖြောင့်မတ်ခြင်းဆုကျေးဇူးကိုယူမလာဆိုတာကတော့မိမိဘာသာရေးဆုံးဖြတ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ချစ်လှစွာသောဓမ္မမိတ်ဆွေညီအကိုတွေမောင်နှမအပေါင်းတို့ ကျနော်တို့ဒီလောကမှာတိုတောင်းလှတဲ့ ခဏတာအချိန်လေးမှာမိမိပိုင်ဆိုင်တဲ့အရာများစွာစည်းစိမ်များကို တပါးသူများ ဆင်းရဲသောသူများ လိုအပ်နေသောသူများကို ရက်ရောစွာပေးကန်လှူဒါန်းခြင်းဖြင့်ဘုရားသခင်ရဲ့ဘုန်းတော်ဂုဏ်တော်ကိုထင်ရှားကြီးမြတ်စေကြပါစို့ အာမင်။

