ရဟန်းမင်းကြီးလီယို (၁၄) သည် နိုင်ဂျီးရီးယား၌ရက်စက်စွာသတ်ဖြတ်ခံရသူတို့အဖို့ဆုတောင်းပေး။

ယခုလဇွန် (၁၃/၁၄) ရက်နေ့ည၌ နိုင်ဂျီးရီးယားနိုင်ငံ၊ Yelwata မြို့နယ်၊ Guma အာဏာပိုင်၏အပိုင်၌ လူပေါင်း (၂၀၀) ခန့် လူမဆန်စွာသတ်ဖြတ်ခံခဲ့ရသည်။ အသတ်ခံရသောသူအများပိုင်းမှာ ရွေ့ပြောင်းဒုက္ခသည်များဖြစ်ပြီး၊ ကက်သလစ်သာသနာမှစောင့်ရှောက်ထားသောသူများဖြစ်ကြသည်ဟုသိရသည်။
ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့ မွန်းတည့်ဆုတောင်းခြင်းအစီအစဉ်အတွင်း၌ နိုင်ဂျီးရီးယားနိုင်ငံ၏ လုံ ခြုံရေး၊ တရားမျှတခြင်း၊ ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးရန်၊ အထူးသဖြင့် Benue ပြည်နယ်ရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသရှိခရစ်ယာန်များအတွက်စိုးရိမ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ခက်ခဲသောဒေသများရှိခရစ်ယာန်များသည်အကြမ်းဖက်ခံရမှု၏ သားကောင်းများဖြစ်နေကြရကြောင်း လည်းမိန့်ကြားခဲ့သည်။
ထိုလူမဆန်သည့်အကြမ်းဖတ်သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ နိုင်ဂျီးရီးယားနိုင်ငံ၌အခြေစိုက်သော ကုလလူ့ အခွင့်အရေးရုံးမှတာ၀န်ရှိသူက နိုင်ဂျီးရီးယားအာဏာပိုင်အားဖုန်းခေါ်ဆို၍ နေ့စဉ်သွေးစွန်းနေသော အခြေအနေအနေကိုချက်ချင်းရပ်တန့်ပေးရန်၊ အကြမ်း ဖက်သတ်ဖြတ်သော တရားခံများအားလည်း တရားမျှတ၊ ထိရောက်စွာအရေးယူဆောင် ရွက်ပေးရန်ကိုလည်းတောင်းဆိုခဲ့သည်။
ဘာသာပြန်- Fr. Clement Angelo Ate