ဘုရားမကြားတဲ့ အော်ဟစ်တောင်းလျှာက်သံဆိုတာမရှိဘူး ဟု ရဟန်းမင်းကြီးမိန့်ကြား။
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းမှာ သခင်ယေဇူးအသက် တာ၏ အရေးကြီးသောအချက်တစ်ခုဖြစ်သည့် ကိုယ်တော်၏ကုသတော်မူခြင်းကို အလေးအနက်ထား သွန်သင်ခဲ့ပါသည်။
၎င်း ကုသခြင်းနှင့်ပတ်သက်ပြီး ရဟန်းမင်းကြီးက ဂျေရီခိုမြို့ကနေ ဂျေရုဇလင်မြို့ကို သခင်ခရစ်တော် ခရီးသွားနစဉ် ဘာတီးမီးယူစ်လို့ခေါ်သည့် သူ့အားကုသပေးရန် အော်ဟစ်တောင်းလျှောက်ခဲ့သည့် ဧဝံဂေ လိကျမ်းကိုအခြေခံပြီး ထောက်ရှုသွန်သင်ခဲ့ပါသည်။
သခင်ယေဇူး နှင့် မျက်မမြင်တို့တွေ့ဆုံခဲ့တဲ့နေရာသည် ပင်လယ်ရေမျက်နှာပြင်နှင့်သိပ်မကွာသော အနိမ့် ပိုင်းနေရာမှာ တွေ့ဆုံခဲ့ကြတယ်။၊ နိမ့်ကျသူတွေရဲ့ဘဝထဲကိုသခင်ခရစ်တော်ဆင်ကြွလာပြီး သူတို့ဘဝ ကိုမြှင့်တင်ပေးဖို့၊ အာဒံရဲ့အပြစ်ကြောင့် ငရဲတွင်းနစ်ခဲ့ရသူတွေကို သူအားဖြင့်ကယ်တင်ဖို့၊ အဓိပ္ပါယ်ဖော် ဆောင်နေကြောင်း၊ ဆက်လက်ပြီးရဟန်းမင်းကြီးက မျက်မမြင်၏အမည်ဖြစ်သည့် ဘာတီးမီးယူစ် အဓိပ္ပါယ်ကိုရှင်းပြခဲ့ပါသည်။၊ ဘာတီးမီးယူစ်ဆိုတာ ဂုဏ်သရေရှိသောသားလိုအဓိပ္ပါယ်ရတယ်၊ ဒီမျက် မမြင်ပုဂ္ဂိုလ်သည်ဘယ်လိုကူညီတောင်းရမယ်ဆိုတာကိုသူသိတယ်။၊
လူအုပ်ကြီးသူနားကိုရောက်လာတဲ့အချိန်မှာ သခင်ခရစ်တော်ပါလာပြီး ခရစ်တော်သည် ဘယ်လိုပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာကိုသူသိနေလို့ အကူအညီတောင်းဆိုခဲ့တာဖြစ်တယ်။ သခင်ခရစ်တော်က သူ့ရဲ့အော် ဟစ်တောင်းလျှောက်သံကိုလက်ခံဖြေကြားခဲ့တယ်။ဒီအချက်က ဒီကနေ့ကျွန်တော်တို့ကို သတိပေးနေ တာက ငါတို့ကိုယ်တိုင်သတိမမူဘဲဘုရားကိုဆုတောင်းခဲ့ကြတယ်။ တို့သိထားရမှာက “ဘုရားမကြားတဲ့ အော်ဟစ်တာင်လျှာက်သံဆိုတာမရှိဘူး ” ဆိုတဲ့အချက်ပါပဲ။
သခင်ခရစ်တော်က မျက်မမြင် ဘာတီးမီးယူစ် ဆီကိုမသွားခဲ့ဖူး သူ့ဆီကိုသာလာစေခဲ့တယ်၊ လူ့လောက ယုံကြည်အားကိုးရာအရာတွေကို ဘေးမှာချထားခဲ့ ပြည့်ဝသောကုသခြင်းခံရဖို့ ငါ့ဆီကိုယုံကြည်ခြင်းနှင့် လာပါဆိုသော အဓိပ္ပါယ်ကိုဆိုလိုခြင်းဖြစ်တယ်။
ဒီမျက်မမြင်လိုဘဲ တို့ရဲ့ဘဝမှာ တို့ဘဝကိုလုံခြုံမှုပေးနိုင်သောအရာတွေသည် ခရစ်တော်ဆီကိုရောက်ဖို့ အတွက်ရှေ့ကနေတားဆီးနေကြတယ်။ တို့လုပ်ရမှာက ဒီမျက်မမြင်လို ကျွန်ုပ်တို့ရဲ့အားနည်းချက် အားလုံးကို ခရစ်တော်ရှေ့မှာ အရောက်ထုတ်ဖော်ပြသရမယ် ၊ ဒီအချက်သည်ကုသခြင်းခံရဖို့အတွက် အရေးကြီးဆုံးသောပထမခြေလှမ်းဖြစ်တယ်။
ဆက်လက်ပြီးရဟန်းမင်းကြီးက သခင်ခရစ်တော်မျက်မမြင်ကိုမေးတဲ့မေးခွန်း ဖြစ်တဲ့”သင့်အတွက် ကျွန်ုပ်သင့်ကိုဘာလုပ်ပေးစေချင်သလဲ” မြက်မမြင်ပြန်ဖြေတာ ကျွန်ုပ်ပြန်မြင်ချင်တယ်၊ မျက်မမြင်ရဲ့ တောင်းဆိုချက်ထဲမှာ အမြင်အာရုံတစ်ခုတည်းကိုသာမက သူ့ရဲ့ဂုဏ်သိက္ခာကိုပါပြန်လည်ရဖို့ တောင်းဆို နေခြင်းဖြစ်တယ်။
ကျွန်ုပ်တို့လူသားတွေသည်လည်း၊ အနှိမ့်ခံဘဝထဲက ကျွန်ုပ်တို့ရဲ့တန်ဖိုးကိုပြန်ရှာနေကြတာပါပဲ။ မျက် မမြင်ဘာတေးမီးယူးစ်လို ယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့တွေက ကယ်တင်ခြင်းခံရတယ်၊ သခင် ခရစ်တော်ရဲ့ကုသခြင်းကကျွန်ုပ်တို့ကိုလွတ်လပ်စေတယ်။၊ မျက်မမြင်ကိုသခင်ခရစ်တော် ကုသပေးခဲ့ သော်လည်း သူ့နောက်လိုက်ဖို့မခေါ်ခဲ့ဘူး ခရစ်တော်သည်လမ်းခရီးဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာ ရေးချယ်ခွင့်ပေးခဲ့တယ်။ သို့သော်လည်းမျက်မမြင်သည်သူနောက်ကိုလိုက်ခဲ့တယ်။
ရဟန်းမင်းကြီးလီယို ၁၄ က ကျွန်ုပ်တို့၏ရောဂါဝေဒနာများရှေ့မှာ၊ ဒုက္ခနွံနစ်ပြီးလမ်းပျောက်နေသော မိသားစုဝင်များရှ့မှာ သခင်ယေဇူးကိုတွေ့ရှိပြီး ကုသခံရဖို့ ယုံကြည်သူဘာသာဝင်များကိုဖိတ်ခေါ်ရင်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း ကို အဆုံးသတ်ခဲ့ပါသည်။