ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၀)ကြိမ်မြောက် ကြာသပတေးနေ့ဩဝါဒ ၁၂၊ ၆၊ ၂၀၂၅

Matthew 5:20-26
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာ‌တေးဦး ၅:၂၀-၂၆ မှာ သင်တို့၏ဖြောင့်မတ်ခြင်းသည်။ ဖာရီရှဲးများ ကျမ်းတတ်ဆရားထက် မသာလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ဒီကျမ်းပိုဒ်ကကျွန်တော်တို့ကိုဘာသတိပေးနေသလဲဆိုရင် ရင်ထဲကလာတဲ့စစ်မှန်တဲ့ရိုးသားဖြောင့်မတ်မှုဟာ အပြင်ပန်းဘာသာတရားလုပ်ဆောင်ခြင်းတွေထက် ပိုမိုအရေးပါတယ်ဆိုတာကိုသတိပေးနေတယ်။ သင်စိတ်နှလုံးသားကမပြောင်းလဲလျှင်၊ သင်းစိတ်နှလုံးသားကမရိုးသားလျှင်၊ သင်းစိတ်နှလုံးသားက မကောင်းတဲ့အရာတွေနဲ့ပြည့်နှစ်နေလျှင် သင့်ရဲ့အပြင်ပန်းဘာသာတရားလုပ်ဆောင်မှုတွေဟာလည်း အခြေအနေသက်သက်ပါပဲဆိုတာကိုသတိပေးနေတယ်။ ဒါကြောင့်လည်းရှင်မာ‌တေးဦး အခန်းငယ်၂၃ မှာ သင်တို့အချင်းချင်းအရင်သင့်မြတ်အောင်လုပ်ကြပါ။ ပြီးမှဘုရားကိုပူဇော်သက်ကာဆက်ကပ်ပါ။ ဒီကျမ်းပိုက်ကကျွန်တော်တို့ကိုဘာတွေသတိပေးနေသလဲ။ နှလုံးသားကိုအရင်ပြင်ဆင် ပြီးတော့မှဘုရားဆီကိုသွား၊ ပထမတစ်ချက်အနေနဲ့မသွားခင်မှာ ငါ့မှာခွင့်မလွှတ်နိုင်တဲ့လူတွေရှိသလား။ မနာလိုမုန်းထားစိတ်တွေနဲ့မကျေမနပ်ဖြစ်နေတဲ့သူတွေရှိသလား။ ငါ့အပေါ်မှာအနိုင်ကျင့်ငါ့ကိုအရှက်ခွဲခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့သူတွေရှိသလား။ စကားများပြီးမခေါ်မပြောနိုင်ပုဂ္ဂိုလ်တွေရှိသလား။ ဒီပုဂ္ဂိုလ်တွေကိုအရင်ခွင့်လုပ်နိုင်အောင်ကြိုးစားရမယ်။ အဓိကဆိုလိုရင်းက မင်းနှလုံးသားမပြင်ဆင်ဘဲနဲ့ဘုရားဆီသွားလည်းအလကားပဲ။ ဘုရားသခင်ဆီကိုလာတဲ့အခါမှာ၊ အပေါ်ယံဟန်ဆောင်မှုတွေနဲ့၊ အပေါ်ယံပြင်ဆင်မှုတွေနဲ့၊ အပေါ်ယံစိတ်နေစိတ်ထားတွေနဲ့ မလာခဲ့ပါနဲ့။ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ ဘုရားတရားလုပ်ခြင်းထက်၊ အတွင်းစိတ်နှလုံးသားကိုတကယ်ပြင်ဆင်ပြီး ဘုရားကိုပူဇော်ဆက်ကပ်ခြင်းက ဘုရားရှိခိုးခြင်းမှာပိုပြီးအဓိပ္ပာယ်ပြည့်စုံစေတယ်။ ဓမ္မမိတ်ဆွေပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 2833

Leave a Reply

Your email address will not be published. Required fields are marked *