
ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ်
Teenager Rebelling
ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ် ဆိုတဲ့ အကြောင်းမျှဝေပေးသွားချင်ပါတယ်။
ဒီဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ ဆရာသမားတွေကို ဘာကြောင့် ပုန်ကန်ထကြွ တာလဲ? အကြောင်းရင်းတော့ ရှိမှာပါပဲ။
ငယ်စဉ်မှာတုန်းက မိဘတွေက ယဉ်ကျေးလိမ္မာအောင် ကြိုးစားပျိုးထောင်ခဲ့ပေမယ့်လည်း ဆယ်ကျော်သက်ရွယ်ရောက်လာတဲ့ခါမှာ အနည်းနဲ့ အများတော့ ပုန်ကန်ထကြွကြတာပါပဲ။
ဟိုးလွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ် လောက်ကို ပြန်လည်ကြည့်လိုက်ရင် သူ့ခေတ်သူ့ခါ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ဆယ်ကျော်သက်တွေ ပုန်ကန်ခဲ့ကြတာကို စာအုပ်စာပေတွေဖတ်ရင်း ကြားသိခဲ့ရတာ ပါပဲ။
အင်္ဂလိပ်ဝေါဟာရမှာ – ဆယ်ကျော်သက်ရွယ် teenager ဆိုတဲ့ စကားလုံးကို အခုလို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ သက်ငယ်ပြစ်မှု (သို့မဟုတ်) ငယ်ရွယ်တဲ့သူများ ပွင့်လင်းစွာ မဖွင့်ပြော ပဲ လုပ်တတ်တဲ့သူ၊ ယောက်ျားလေးတွေက ပုန်ကန်ထကြွတယ်၊ အကျင့်စာရိတ္တကောင်းမွန်မှု နည်းတဲ့ မိန်းကလေးတွေက ပုံစံမျိုးစုံနဲ့ ပုန်ကန်ထကြွကြတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ သူတို့က ဆယ်ကျော်သက်ရွယ်ပဲ ရှိသေးတော့ အရွယ်ရောက်သွားတဲ့ ကြီးကောင်ဝင်အရွယ် အကိုကြီးတွေ၊ အမကြီးတွေကို သဘောကျ အားကျပြီး အဲ့ဒီလို ပြုမူလုပ်ချင်ကြတယ်။ မလုပ်ရတဲ့အတွက် ပုန်ကန် ကြတာလို့ ဆိုပါတယ်။
ဆယ်ကျော်သက်ရွက်တွေက ဟိုးယခင်ကတည်းက သူတို့ဆန္ဒရှိသလို ဝတ်စားဆင်ယင်မယ်၊ ပြုမူမယ်။ ဗန်းစကားတွေပြောမယ် လက်တည့်စမ်းတဲ့ အနေနဲ့ အသစ်အဆန်းတွေကို တည်ထွင်တဲ့ သဘောနဲ့ ပြုမူကြမယ်။ စိတ်တူကိုယ်တူ သူငယ်ချင်း ၃-၄ယောက်လောက်ဆိုရင် ညီညီညာညာနဲ့ မှားမှန်းသိပေမယ့်လည်း ပုန်ကန်မယ်၊ ထကြွမယ်၊ ကြီးကောင်ဝင်တဲ့အရွယ်ကို တာဆူနေတဲ့အရွယ် တွေမို့ အခုလို စတင်ပြီး ပြုမူလာကြတာတွေရှိပါတယ်။
သူတို့က လူကြီးမိဘ ဆရာသမားတွေကို ဘာဖြစ်လို့ ပုန်ကန်ထကြွမှုတွေလုပ်ကြရတာလဲ ကြည့်ရင် မြင်နိုင်ပါတယ်။
သူတို့ကိုယ်တိုင် စည်းကမ်းဘောင်ရှိတယ်ဆိုတာ သိပေမယ့် ဘောင်ကျော်ပြီး စမ်းသပ်ချင်ကြ တယ်။ သူတို့မှာ လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲ စမ်းသပ်တဲ့သဘော သာမန်ကလေးဘဝကနေ လူ့အလွှာအသစ် တိုးတက်ဖြစ်ပေါ်တာကို သေချာပေါက် ကြိုးစားပြီး စွန့်စားကြတာပဲ ဖြစ်တယ်။
ဒီဆယ်ကျော်သက်ရွယ်တွေက အဲ့ဒီလို ပြုမူလုပ်ရတာကို မိုက်မဲရာမကျဘူး အများကြီး စွန့်စားရတာလဲ မဟုတ်ဘူးလို့ ထင်ကြတယ်။ အဲ့ဒီလို ဖြစ်လာရင်တော့ မိဘက သိသိသာသာကြီး တားဖို့ လိုအပ်လာပါပြီ၊ ဆယ်ကျော်သက်တွေဆိုတာက သတ်မှတ်ထားတဲ့ ဘောင်ထက်ကျော်ပြီး အစွန်းထိသွားချင်ကြတယ်။
အဲ့ဒီတော့ မိဘတွေ သတ်မှတ်ထားတဲ့ ဘောင်ကနေ ကျော်သွားရင် သေချာတာကတော့ မိဘ အနေနဲ့ သည်းခံပေးရမှာပဲ ဖြစ်ပါတယ်။ သူတို့က မိဘကို လိမ်ညာမယ်၊ ပြန်ခံပြောမယ်။ ပြန်ရန်ဖြစ် မယ်။ ဒီလောက်နဲ့တော့ မိဘနဲ့သားသမီး relationship ကို မပျက်စီးစေပါဘူး၊ ဒီအရွယ်တွေက အခုလိုပဲ စမ်းသပ်ပြီး ပုန်ကန်ထကြွနေအုံးမှာပဲ ကျောင်းက ဆရာမ/မိဘက ဘာပဲပြောပြော နည်းနည်းဖြစ်ဖြစ် ပုန်ကန်မှာပဲ။
သူတို့က သတ်မှတ်ဘောင်ထက်တော့ အများကြီးကျော်မသွားပါဘူး ဆိုလိုတာက မိဘနဲ့ သားသမီးကြား စကားများတာလောက်ပဲ ရှိပေမယ့် relationship ကိုတော့ မပျက်စီးစေပါဘူး။
မိဘကို ပုန်ကန်ထကြွတယ်ဆိုတာ မိဘကသိနေပြီ။ မိဘက ဘာပြောပြော နည်းနည်းတော့ ပုန်ကန်ရမှ ကျေနပ်ကြတဲ့အရွယ်ပါ။ သူတို့ဘာသာ ရပ်တည်ရတဲ့အချိန်အတွက် ကြိုပြီးစမ်းသပ်တဲ့ သဘောပါ။ အဲ့ဒီလို စမ်းသပ်တာကလည်း မိဘတွေအတွက် အရေးကြီးလှပါတယ်။ ဒီလိုစမ်းသပ်ရင်း သူတို့ကိုယ်တိုင် Lesson ရလာပါလိမ့်မယ်။ မိဘက သိနေပေမဲ့ တက်နိုင်သမျှ လျှို့ဝှက်ထားတာ အကောင်းဆုံးပါပဲ။
ငယ်စဉ်မှာကတည်းက မိဘရဲ့ သွန်သင်ဆုံးမမှု အခြေခံကောင်းကောင်း သင်ပေးထားခဲ့မယ် ဆိုရင် နည်းနည်းလောက်ပဲ ပြန်တော်လှန်ပုန်ကန်မယ်။ ဥပမာ – နည်းနည်းညာတာ၊ နည်းနည်း လိမ်ပြောတာ မရိုမသေပြုလုပ်တာလောက်က မိဘက သိချင်မှ သိမှာ အဲ့ဒီလို လိမ်ညာတာမရိုမသေ ပြုတာ၊ သူတစ်ပါးကို သရော်တာ သူ့ဖာသာလည်း မွေးခွန်းတွေပြန်မေးမိနေမှာပါပဲ။
ငါအဲ့ဒီလိုလုပ်လိုက်လို့ ငါဘယ်လိုခံစားရမလဲ
ငါအဲ့ဒီလို ပြောလိုက်တာ မှန်ရဲ့လား
ငါအဲ့ဒီလို လုပ်သင့်လား
အဲ့ဒီလိုလုပ်ရင် အင်မတန် အန္တရာယ်များတယ် ဆိုတာ တွေးမိမှာပဲ သူ့အလိုလိုသိလာမှာပါပဲ။
အဲ့ဒီလိုပြုမူတာတွေက ရွယ်တူအုပ်စုလိုက် ဖြစ်သွားရင် ပိုပြီး ပုန်ကန်ကြပြီး ပိုပြီးဆိုးဝါး သွားစေပါတယ်။
မိမိသားသမိးက အဲ့ဒီလို ပြုမူလာရင် မိဘအနေနဲ့ သားသမီးကို ပြောရတော့မယ်။
ဒီလိုဆုံးဖြတ်ချက် ဘာဖြစ်လို့ ချတာလဲ။
မိသားစု ထမင်းစားတဲ့အချိန် ထမင်းစားပွဲမှာ ဖုန်းအသုံးမပြုရဘူး။
ဒီလို ဝတ်စားပုံက ဘာဖြစ်လို့ ဝတ်တာလဲ၊
ဒီလို စကားအသုံးအနှုန်းဘာဖြစ်လို့ ပြောတာလဲ၊
TV ကနေ မိသားစုကြည့်နေတဲ့ ရုပ်ရှင်ကို ဘာဖြစ်လို့ မကြည့်ချင်ရတာလဲ
စသည်ဖြင့် မေးရတော့မယ် သူတို့ ပုန်ကန်ထကြွတယ်ဆိုတာ သူတို့ကိုယ်တိုင်သိတယ်။ အဲ့ဒီလိုမိဘ က မေးလိုက်တာက သွယ်ဝိုက်သောနည်းနဲ့ အသေအချာသင်ပေးလိုက်သလို သူတို့ကို အထောက် အကူအများကြီး ရသွားစေပါတယ်။
မိသားစုထိန်းသိမ်းလာတဲ့ ယဉ်ကျေးမှုကို မိဘက ဖန်တီးပေးနိုင်မှသာ ဆယ်ကျော်သက် ပုန်ကန်ထကြွမှုကို မဖြစ်စေအောင် အထောက်အကူရစေပါတယ်။ မိသားစု ဝတ်စားဆင်ယဉ်မှုမှာ ဘယ်လို စံသတ်မှတ်မှုတွေရှိတယ်၊ ကျန်းမာရေးဂရုစိုက်မှုနည်းစနစ်တွေ မိသားစုကို ဘယ်လို ဦးစီး ဦးဆောင်မှုတွေ၊ ဥပမာ တက်တူးထိုးတာ၊ မိဘနဲပ အတူရှိနေစဉ်မှာ မထိုးဖို့ အရွယ်ရောက်လာလို့ မိဘအိမ်ကနေ ထွက်ခွာသွားချိန်မှာ မိမိဘာသာ စိတ်ကြိုက်လုပ်ဖို့ မိဘကနေ အကောင်းဆုံးထောက် ပြပေးနိုင်ရပါမယ်။
သူတို့ကတော့ Yes/No ဖြေမှာတော့ မဟုတ်ပါဘူး ဒါပေမဲ့ စိတ်ထဲမှာတော့ ဒီစကားတွေက ကျန်နေရစ်မှာပါ။
မိဘရဲ့ အခုလို စည်းကမ်းတွေ အမိန့်တွေကို သူတို့ ရင်ထဲမှာ လက်ခံထားမယ်။ Follow လုပ်ထားမယ်ဆိုရင် နောင်တချိန်သူတို့ကြီးကောင်ဝင်တဲ့ adult အရွယ်ဖြစ်သွားရင် သူတို့ဘဝ သူတို့ ရုန်းကန်ရတဲ့အချိန်ကျရင် အခုလို သင်ပေးထားခဲ့တဲ့အတွက် ကိုယ့်တာဝန်ကိုယ်သိလာပြီး ယိမ်းယိုင် မှုတွေဖြစ်တော့မှာမဟုတ်တော့ပါဘူးဆိုတာ တင်ပြရင်း ဒီနေ့အတွက် အဆုံးသတ်လိုက်ပါတယ်။

