
ဗာတီကန်၀န်ထမ်းများ၏သန့်ရှင်းခြင်းသည်ဗာတီကန်အဓွန့်ရှည်ရန်ဖြစ်စေရမည်။

ရဟန်းမင်းကြီးလီယို(၁၄) ၏ တိုက်တွန်းချက်ကိုဖတ်လိုက်ရသောအခါ စာရေးသူတို့၏ သင်တန်း ကျောင်းမှ ဆရာဘုန်းကြီးတို့၏ဩ၀ါဒကိုပြန်လည်သတိရမိပါသည်။ ‘သင်တို့၏တမန်တော်လုပ်ငန်းများ အောင်မြင်ထိရောက်မှုသည် သင်တို့၏သန့်ရှင်းခြင်းနှင့်ဆိုင်သည်’ ဟုဖြစ်ပါသည်။ ဤဆိုဆုံးမချက်သည် ရဟန္တာသူတော်သူမြတ်တို့ဖြတ် သန်းခဲ့သောအတွေ့အကြုံမှထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရဟန်းမင်းကြီးလီယို (၁၄) သည်လည်း ဗာတီကန်၌အမှုထမ်းနေကြသော ကာဒီနယ်များ၊ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ဆရာတော်များ၊ ရဟန်းတော်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်ဘာသာတူ ၀န်ထမ်းတို့၏ သန့်ရှင်းခြင်းသည် ဗာတီကန်ဆက်လက်အဓွန့်ရှည်ရန်အတွက်ဖြစ်ရမည်ဟု တိုက်တွန်းနှိုးဆော်လိုက် ခြင်းဖြစ်သည်။
ဗာတီကန်သည် ရဟန်းမင်းကြီးတစ်ပါးတည်းဦးစီး၍မရပေ။ အမှုကိစ္စပေါ်မူတည်၍ ဌာနဆိုင်ရာ အသီး သီးရှိကြသည်။ယမန်နေ့ ဇွန်လ (၉) ရက်နေ့၊ သာသနာကိုမှိုင်းမသောသခင်မပွဲနေ့သည် ဗာတီကန်ရုံး တော်၌အမှုထမ်နေကြသော၀န်ထမ်းများအားလုံး၏ဂျူဗလီဖြစ်သည်။
ဂျူဘီလီဆုတောင်း၀တ်ပြုခြင်းကိုဦးစွာကိုယ်တော်မြတ်စက္ကရာမင်တူးနှင့်အမိမယ်တော်၏သီလရှင်အသင်း၀င်း စ္စစတာရ် Sr. Maria Gloria Riva ၏ထောက်ရူချက်ဖြင့်အစပြုခဲ့သည်။ရဟန်းမင်းကြီးကရှေ့မှ လက်၀ါးကားတိုင်ကိုထမ်း၍ ဗာတီကန်၀န်ထမ်းများလိုက်ပါလျှက် စီတန်းလမ်း လျှောက်ခြင်းကိုဦး ဆောင်ကာ စိန့်ပီတာဘာစီးလီကာ၏ဂျူဘီလီတံခါးထဲသို့ဖြတ်သန်း၀င်ရောက်သွားခဲ့သည်။ ထို့နောက် ဘာစီးလီကာအတွင်း၌ပင် မစ္ဆားတရားကိုရဟန်းမင်းကြီးမှဦးဆောင်ပူဇော်ခဲ့သည်။ မစ္ဆားတရား၏ဩ ၀ါဒအတွင်း၌ ၀န်ထမ်းများ ၏၀ိညာဉ်ရေးအုတ်မြစ်သည် ဗာတီကန်၏အုတ်မြစ်ဖြစ်ကြောင်း၊ ဗာတီကန်သည် အခြေခံကျသောအပိုင်း (၂) ပိုင်းကိုအတူယှဉ်တွဲရှင်သန်နေကြောင်း၊ ၄င်းတို့မှာ (၁) မယ်တော်နှင့်စပ်လျင်းသောအသက်တာနှင့် (၂) တမန်တော်ပေတရုနှင့်စပ်လျဉ်းသောအသက်တာတို့ဖြစ်ကြောင်း၊ အမိမယ်တော်နှင့်စပ်လျဉ်းသောအသက်တာသည် ပေတရုနှင့်ဆိုင်သော အသက် တာကိုသန့်ရှင်းစေကြောင်းနှင့်အသီးအပွင့်များကိုပွင့်သီးစေကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမိမယ် တော်၏မိခင်အသက်တာ၊ခရစ္စတူးသခင်ကိုလက်ဆောင်အဖြစ်ရရှိခြင်းနှင့်၀ိညာဉ်တော်ကိုရရှိခြင်း၏အာမခံချက်ဖြစ်သည်။
ဗာတီကန်၀န်ထမ်းများ၏ဂျူဘီလီသည်သာသနာအားမှိုင်းမသောမယ်တော်ပွဲနေ့နှင့်တိုက်ဆိုက်နေကြောင်း၊ ယနေ့ဖတ်ရူသော ဧ၀ံဂေလိကျမ်းစာ၌လည်း ယေဇူးသခင်သည် လက်၀ါးကားတိုင် ပေါ်၌တွဲလွဲရှိ နေစဉ် သူ၏ သက်ကြီးရွယ်အိုမုဆိုးမမိခင်အား သူချစ်ရသောတပည့်တော်ထံအပ်ခဲ့ကြောင်း၊ သာသနာ၏ ကြီးထွားတိုးတက်ခြင်းသည် အမိမယ်တော်၏ကြီးထွားတိုးတက်ခြင်းဖြစ်ကြောင်း၊ ထိုတိုးတက်ကြီး ထွားခြင်းသည် သာသနာအတွင်းရှိဘာသာတူတစ်ဦးစီ ၏အသက်တာပေါ်၌တည်မှီနေကြောင်း၊ ခရစ်ယာန်တစ်ဦးစီသည်ယေဇူးသခင်လက်၀ါးကားတိုင်ပေါ်၌တွေ့ကြုံခံစားခဲ့ရသောချစ်ခြင်းမျိုးကိုရှင်သန်အားထုတ်ရန်၊ မယ်တော်နှင့်သာသနာတော်၏တိုးတက်ကြီးထွားခြင်းသည် ခွဲခြားမရအောင်သူ၏ သန့်ရှင်းခြင်း၌ပေါင်းစပ်နေကြောင်း၊ ထိုအဖြစ်တော်ကား ခရစ္စတူးသခင်၌ပေါင်းစပ်ထား ခြင်းဖြစ် ကြောင်း၊ ဗာတီကန်သည် သာသနာတော်ကြီးသန့်ရှင်းစင်ကြယ်မှသာလျှင် သူ၏မူလဗီဇဖြစ်သည့် စင်ကြယ်ခြင်းနှင့်သူ့အားယှက်လုပ်ထားသောအကြောအမျှင်များရှင်သန်ကြီးထွားလာမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။
ဆက်လက်၍ ဗာတီကန်အနေဖြင့်မိမိ၏ဗီဇကိုလည်းထိန်းသိမ်းပျိုးထောင်ရန်လိုအပ်ကြောင်း၊ သို့မှသာ ထိုသန့်ရှင်းခြင်းသည် သူ့အားထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကြောင်း၊ သာသနာတော်ကြီး သည် သူ၏ ဘာသာ၀င်သားသမီးများ၏ သန့်ရှင်းစင်ကြယ်ခြင်း၌ရှင်သန်နေရသည်ကိုမယုံမရှိရန်၊ ဗာတီကန်အား အကောင်းဆုံးအလုပ်အကျွေးပြုရန်မှာ သန့်ရှင်းစင်ကြယ်စွာနေထိုင်နိုင်ရန်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့တစ်ဦးစီ၏ဘ၀အခြေအနေ၊ အဆင့်အတန်း၊ အလုပ်အကိုင်၊ ရာထူးရာခံအလိုက် သန့်ရှင်းစင် ကြယ်စွာနေထိုင်ရမည်ဖြစ်ကြောင်း၊ ဗာတီကန်ရုံးတော်၌အမှုထမ်းရသော ရဟန်းတစ်ပါး၏အသက်တာ ကိုပုံဆောင်၍ ဤအမှုကိုထမ်းခြင်းသည် ကြီးမားလေးလံကြောင်း၊ သို့သော် ချစ်ခြင်း၊ ယုံကြည်ခြင်း နှင့်ဆက်လက်၍လုပ်ဆောင်လျှက်ရှိကြောင်းမိန့်ကြားခဲ့သည်။
သာမန်ဘာသာတူ၀န်ထမ်းများနှင့်လည်းစပ်လျင်း၍လည်းအိမ်တစ်ဆောင်၏အသက်တာကိုရှင်သန်ရသည်မှာခက်ခဲကြောင်း၊ ခက်ခဲသော်လည်း ဆက်ကပ်အပ်နှံပြီး ပေးအပ်သောတာ၀န်ကို ကြိုးစားရှင်သန် ခြင်းမည်ဆိုပါက အမိမယ်တော်နှင့်သာသနာတော်၏ကြီးထွားခြင်းဖြစ်ကြောင်း၊ အမိမယ်တော်သည် သန့်ရှင်သော၀ိညာဉ်တော်ဆင်းသက်ချိန် ၌ နောက်ဆုံးညစာစားခဲ့သောခန်းမထဲ၌ တမန်တော်ကြီးတို့နှင့် အတူရှိနေခဲ့ကြောင်း၊ ဤရှိနေခြင်းကား မွေးကင်းစသာသနာတော်ကြီးနှင့်အတူ မယ်တော်ရှိနေခြင်း ကိုပြသကြောင်း၊ သာသနာကိုထုဆစ်သောဗိသုကာမိခင်ဟုတင်စားကြောင်း၊ သူသည် လွန်ခဲ့သော နှစ် (၂) ထောင်ခန့်ကသာတပည့်တော်တို့နှင့်အတူရှိနေခဲ့သည်မဟုတ်။
ယခုကျွန်ုပ်တို့နှင့်လည်း အချိန်၊ နေရာ၊ လူမရွေးဘဲရှိနေကြောင်း၊ သာသနာတော်ကြီး၏ အသီးအပွင့် သည် လှံဖြင့်ဖောက်ခံရသော ယေဇူးသခင်၏နံဘေးတော်မှစီးကျလာသော သွေးနှင့်ရေ၏ ကျေးဇူး တော်နှင့်ဆက်စပ်လျှက်ရှိကြောင်း၊ ထိုသွေးနှင့်ရေသည် စက္ကရာမင်းတူး၏ရှေ့ပြေးလုပ်ဆောင်ချက်ဖြစ် ကြောင်းမိန့်ကြားခဲ့သည်။ အမိသာသနာတော်ကြီးသည် ယေဇူးသခင်၏အာဏာကုန် လွဲအပ်ခံခဲ့ရ သည့် ပေတရုမှတစ်ဆင့် ဆင့်ကဲဆင်းသက်လာသောအမှုတော်ကို မယ်တော်၏ ကျင့်စဉ်နှင့်အညီဆက် လက်ဖော်ဆောင်အသုံးတော်ခံလျှက်ရှိပါသည်။ဩ၀ါဒအဆုံးသတ်ပိုင်း၌ရဟန်းမင်းကြီးကဘုရားသခင၏နှုတ်တော်ထွက်စကားသည်ဗာတီကန်၀န်ထမ်းအလွှာအသီးသီးတို့၏လျှောက်လမ်း၌အလင်းပေးသောမီးအိမ်ဖြစ်စေကြရန်တိုက်တွန်းခဲ့သည်။

