၂၀၂၅ ခုနှစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ (“ပလတ်စတစ်ညစ်ညမ်းမှုပြဿနာတိုက်ဖျက်ရေး”)။

၂၀၂၅ ခုနှစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ကမ္ဘာကြီးကိုစိန်ခေါ်နေသောပြဿနာတစ်ရပ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုပြဿနာတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါသည်။

ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့အဖြစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုလသမ္မဂအဖွဲ့အစည်းကြီးက ၁၉၇၃ ခုနှစ်ကသတ်မှတ်ခဲ့ပြီးနိုင်ငံပေါင်း ၁၅၀ ကျော်မှ ပါဝင်လှုပ်ရှားနေသော အဖွဲ့စည်းကြီးဖြစ်ပါသည်။

နှစ်စဉ်နှစ်တိုင်းခေါင်းစဉ်အမျိုးမျိုးဖြင့်ကျင်းပလာခဲ့ကြရာ ယခုနှစ် ၂၀၂၅ ခုနှစ်အတွက် ရေထဲမှာ၊ အစားအစာထဲမှာ၊ ခန္ဓာကိုယ်ထဲမှာ စိမ့်ဝင်နေသော “ပလတ်စတစ်ညစ်ညမ်းမှုပြဿနာတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါသည်။

ပလတ်စတစ်ညစ်ညမ်းမှုကို သိပ္ပံနည်းကျသက်သေအထောက်အထားများဖြင့်ထောက်ပြပြီး ပလတ်စတစ် အသုံးပြုမှုကိုငြင်းဆန်ခြင်း၊ လျော့ချခြင်း၊ recycle, ပြန်လည်အသုံးပြုခြင်းနည်းလမ်းနှင့် ပလတ်စတစ်အသုံးပြုခြင်းကို ပြန်လည်စဉ်းစားရန် လုပ်ဆောင်ချက်များသည်တစ်ကမ္ဘာလုံးနဲ့ဆိုင်သည့် ပြဿနာဖြစ်သည့်အတွက် အားလုံးမှဝိုင်းဝန်းပါဝင်ကူညီလုပ်ကိုင်ကြဖို့လိုကြောင်း၊ ပလတ်စတစ်အသုံးပြုခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုတို့၏ အကျိုးဆက်တွေက စွန့်ပစ်ပစ္စည်းတွေများခြင်း၊ လေထုညစ်ညမ်းခြင်း၊ မြေယာနှင့် ဇီဝမျိုးကွဲများဆုံးရှုံးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း စသည့်ပြင်းထန်တဲ့ အကျိုးဆက်တွေကို သက်ရောက်စေပါတယ်။ ကမ္ဘာတစ်ဝန်းနှစ်စဉ် ပလတ်စတစ်အမှိုက်တန်ချိန် ၁၁သန်းခန့်သည် ရေ ဂေဟာစနစ်အတွင်းသို့ စွန့်ပစ်ခြင်းခံနေရပါသည်။။

စိုက်ပျိုးရေးထွက်ကုန်ထုပ်ပိုးရာတွင် ပလတ်စတစ် များကိုအသုံးပြုခြင်း ပလတ်စတစ်များကို မြေမြုပ်ခြင်း ကြောင့် မြေဆီလွှားအတွင်း မိုက်ခရို ပလတ်စတစ်စများ တိုးပွားတက်ရောက်လာပါသည်။။

ပလတ်စတစ်ညစ်ညမ်းမှု၏ လူမှုပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်များသည် နှစ်စဉ်ဒေါ်လာ ၃၀၀ ဘီလီယံ နှင့် ၆၀၀ ဘီလီယံ ကြားကုန်ကျမှုရှိနေပါသည်။

ပလတ်စတစ်ညစ်ညမ်းမှုပြဿနာသည် ကမ္ဘာကျန်းမာရေး၊ စီးပွားရေး နှင့် လူမှုဖူလုံရေးတို့ကို စိုးရိမ်ရသည်အထိအန္တရာယ်ဖြစ်စေပါသည်။ သို့သော်လည်း ၎င်းပြသနာသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအနက်မှ ဖြေရှင်းနိုင်သောစိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါသည်။ ပလတ်စတစ် သံသရာတစ်ခုလုံးဖြစ်သည့် ထုတ်လုပ်ခြင်း၊အသုံးပြုခြင်မှသည် စွန့်ပစ်သည်ထိတိုင်အောင် စည်းစနစ်တကျပါဝင်လုပ်ဆောင်ကြဖို့ အစိုးရများနှင့်၊ ကုမ္ပဏီများ၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှ အားစိုက်ပါဝင်ကြဖို့ UNEP မှတိုက်တွန်းနှိုးဆော်ထားပါသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ကမ္ဘာကြီးကိုစိန်ခေါ်နေသောပြဿနာတစ်ရပ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုပြဿနာတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်း၏ရည်ရွယ်ချက်သည်”အန္တရာယ်ရှိသောမလိုအပ်သည့် ပလတ်စတစ်များ၊ သဘာဝပတ်ဝန်းကျင်ကိုဆိုးကျိုးမပေးနိုင်ရန် ရေရှည်တည်တံ့ခိုင်မြဲသောအရာဖြင့်အစားထိုးကြရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါသည်။

ဘာသာပြန်-Fr. Peter Kyi Maung (rva-Myanmar)

Photo&News- VaticanNews

Website: rvamyanmar.org

#rvamyanmar#BeatPlasticPollution#WorldEnvironmentDay2025#VaticanNews#Archdioceseofmandalay

rvamyanmar
rvamyanmar
Articles: 2821

Leave a Reply

Your email address will not be published. Required fields are marked *