

ပြည့်ဝသောသဘောထား
တစ်ခါတုန်းက ပညာရှိ အဖိုးအို နေထိုင်တဲ့စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတစ်ယောက်ရောက်လာတယ် ။
“ အဖိုးကျွန်တော်အဖိုးကို တစ်ခုမေးပါရစေ ”
“ မေးပါ လူလေး ”
“ ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ရွာကလေးမှာ နေတဲ့ ရွာသားတစ်ယောက်ပါ ကျွန်တော့်ကို တစ်ရွာလုံးက ဝိုင်းနှိမ်ကြပါတယ် အဖိုးကျွန်တော့်ကိုဆင်းရဲလို့လည်းနှိမ်ကြတယ် ရုပ်ဆိုးလို့လည်းနှိမ်ကြတယ် အရပ်ပုလို့လည်းနှိမ်ကြတယ် ကျွန်တော့်ရဲ့မျိုးရိုးကိုလည်းနှိမ်ကြတယ်ကျွန်တော်က သဘောထားပြည့်၀ပါတယ် ဒါပေမယ့် ကျွန်တော်အရမ်းကို ဒေါသထွက်ရပါတယ် အဲဒီအတွက်ဘယ်လို တုန့်ပြန်ရမလဲဆိုတာ အဖိုးကိုလာမေးတာပါ ”
“ လူလေး တကယ်သဘောထားပြည့်၀ရဲ့လား ”
ပြောပြောဆိုဆို အဖိုးအိုက ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဖက်ခေါ်လာခဲ့တယ် ။
စမ်းချောင်းအစပ်ရောက်တဲ့အခါ အဖိုးအိုက ဇလုံထဲကိုရေဖြည့်ပြီးကျောက်တုံးတစ်တုံးထည့်လိုက်တယ် ။
အဲဒီအခါ ရေတွေဟာ ဇလုံရဲ့အပြင်ဖက်ကို လျှံကျလာတာတွေ့လိုက်ရတယ် ။
ပြီးတော့အဖိုးအိုကအရွယ်အစားကြီးတဲ့ကျောက်တုံးတစ်တုံးကိုယူပြီး စမ်းချောင်းထဲပစ်ချလိုက်တယ် ။
စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ်ဖြစ်ပြီးခဏကြာတော့ ငြိမ်သက်သွားတယ် ။အဖိုးက ရွာသားကိုပြောလိုက်တယ် ။
“ ငါ့မြေး ငါ့မြေးဟာ စမ်းချောင်းထဲကရေလား … ဇလုံထဲကရေလား .. .ကိုယ့်ကိုယ်ကို စမ်းချောင်းထဲကရေလို့သဘောထားခဲ့ရင်ဘာလို့ တစ်ဖက်သားက ကျောက်ခဲသေးသေးလေးပစ်ထည့်လိုက်တာနဲ့ ဇလုံထဲကရေလို လျှံကျချင်နေရတာလဲ ” တဲ့ ။
========================သင့်ရဲ့ ပင်ကိုယ်စိတ်ရင်းဟာ စမ်းချောင်းထဲကရေလို ကြည်လင်အေးမြ နေတယ်ဆိုရင်တစ်ပါးသူရဲ့ မနာလို ၀န်တို တိုက်ခိုက်မှု ကျောက်တုံးသေးသေးလေးတွေကြောင့် အနှောက်အယှက်မဖြစ်ပါစေနဲ့
ပင်ကိုယ်စိတ်ရင်းက ကြည်လင်နေတယ်ဆိုရင် သူတစ်ပါးကြောင့်လှိုင်းထတယ်ဆိုရင်လည်းခဏတာပါပဲဘယ်တော့မှ ဇလုံထဲကရေလို လျှံမကျမိပါစေနဲ့ ။
စိတ်သဘောထားပြည့်၀တဲ့လူဆိုတာ သူတပါးရဲ့ အပြုအမူ စော်ကားမှုကြောင့်ကိုယ့်စိတ်ကိုယ် လှိုင်းမထစေရပါ

