ဘုရားသခင်ထံပြန်လှည့်ခြင်းနှင့် ဘဝအဓိပ္ပာယ်ကိုရှာဖွေခြင်း။
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်းမှာ ရဟန်းမင်းကြီးလီယို ၁၄က ဘဝအဓိပ္ပာယ်ကို ရှာနေ သောလူငယ်များကို ပြည့်ဝသောအဓိပ္ပါယ်ကိုဘုရားပေးလိမ့်မယ်။ ဘယ်တော့မှာစိတ်ဓာတ်မကျဖိုရန်နှင့် ဘုရားရှင်ရဲ့ခေါ်သံကို ဘယ်လောက်ပဲနောက်ကျမှတုံ့ပြန်နေပါစေ ဘုရားရှင်ကသင့်ကိုလက်ကမ်းကြိုဆို နေတယ်ဆိုတာ သတိရဖို့ရဟန်းမင်းကြီးက အပတ်စဥ် လူထုတွေ့ဆုံခြင်းမှာ သတိပေးခဲ့ပါသည်။
ကျနော်တို့ရဲ့ဘဝဘယ်လိုပဲမျှော်လင့်ချက်မဲ့သော အခြေအနေနဲ့ကြုံတွေ့နေရပါစေ။ ဘုရားကတော့ ကျွန်ုပ်တို့ရဲ့ဘဝကို ပြည့်ဝတဲ့အဓိပ္ပာယ်တွေနဲ့မျှော်လင့်ခြင်းတွေပေးဖို့ ဘယ်တော့မှ ရပ်တန့် လက်လျှော့ လိုက်မှာမဟုတ်ပါဘူး အမြဲတမ်းပေးဖို့ အဆင်သင့်စောင့်နေသူဖြစ် ကြောင်း၊ ဒီတပတ်တွေ့ဆုံခြင်းမှာ တော့ ရဟန်းမင်းကြီးလီယိုက ဂျူဘီလီနှစ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ “သခင်ခရစ်တော်သည် ကျွန်ုပ်တို၏ မျှော် လင့်ခြင်း” ခေါင်းစဉ်ကိုအခြေခံပြီး လူထုပရိသတ်အားနှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါသည်။
သူ၏အားပေးစကားတွင် ရှင်မာတဦးကျမ်းစာကို အခြေခံပြီး တစ်နေကုန်အလုပ်လုပ်သူနှင့် တစ်နာရီသာ အလုပ်လုပ်သူ အလုပ်သမားအားလုံးကို ညီမျှသောလုပ်အားခပေးသော ကျမ်းပိုဒ်ကိုကိုးကားပြီး ဘုရား ရှင်၏ကြီးမားသောဂရုဏာမေတ္တာအကြောင့်ကို အပတ်စဉ်ဘာသာတရားသင်ကြားခြင်းအမှု၌ ဆက် လက်သွန်သင်ခဲ့ပါသည်။
အလုပ်ချိန်ပိုမိုလုပ်ခဲ့ရသူတွေက၊ အလုပ်ချိန်အနည်းငယ်လုပ်ရသူတွေနှင့် လုပ်အားခတန်းတူညီမျှရခြင်း သည် စိတ်ပျက်ဖွယ်ရာဖြစ်သော်လည်း အလုပ်ရှင်၏ရက်ရောသော စေတနာအလှကိုသူတို့မမြင်ခဲ့ကြ ဘူး။ ဒါကအလုပ်ရှင်ရဲ့မတရားလုပ်ခြင်းမဟုတ်၊ အလုပ်ရှင်ရဲ့ရိုးသားသောရက်ရောခြင်းသာဖြစ်တယ်၊ ဒါကြောင့်ဘုရားသခင်က သင်ကောင်းမှုပါရမီတွေကို ဘယ်လောက်စည်းဖူးခဲ့တယ်ဆိုတာ တစ်ခုတည်း ကိုမကြည့်ဘူး၊ လိုအပ်နေသူတွေရဲ့လိုအပ်ချက်ကိုလည်းကြည့်တယ်။
ဘုရားကလူတိုင်းကိုပြည့်ဝသော ရှင်သန်မှုကိုပေးချင်တယ် ဒီပုံဥပမာကိုအခြေခံပြီး ဘယ်အရာကစစ်မှန် သောတရားမျှတမှုဖြစ်သလဲဆိုတာထောက်ရှုကြည့်ပါ။ တရားမျှတခြင်းဆိုတာလူတိုင်းအသက်ရှင်ဖို့လို အပ်တဲ့အရာကိုရရှိခြင်းပဲဖြစ်တယ်။ ဒီနေရာမှာနားလည်ရမှာက အလုပ်သမားတိုင်းရဲ့ဂုဏ်သိက္ခာကို လေးစားပြီး ဂုဏ်သိက္ခာနှင့်အညီရသင့်ရထိုက်တာကို ပေးရမယ်။ အသက်ရဲ့ပြီးပြည့်စုံခြင်းဖြစ်တဲ့ ပျော် ရွှင်ခြင်းနဲ့ထာဝရအသက်ဖြစ်တဲ့ ကောင်းကင်နိုင်ငံကို ဘုရားရှင်ကလူတိုင်းကိုပေးဖို့ဆန္ဒရှိတယ်။
ဒါသည်သခင်ခရစ်တော်လုပ်ခဲ့တဲ့အရာနဲ့တစ်ထပ်တည်းကျတယ်။ သခင်ခရစ်တော်က သူ့ကိုနှလုံးသား ဖွင့်ကြိုဆိုသူတိုင်းကို သူဘဝတစ်ခုလုံးပေးခဲ့တယ်။ ဒီအလုပ်သမားပုံဥပမာကိုအခြေခံပြီး ယနေ့ခေတ် ခရစ်ယာန်တွေဟာ လုပ်အားခကရမှာအတူတူပဲဆိုရင်၊ ဘာဖြစ်လို့အလုပ်စောစောလုပ်နေရမှာလည်း၊ ဘာဖြစ်လို့ပိုလုပ်ရမှာလဲလို့ တွေးကောင်းတွေးကြလိမ့်မယ်။
ရဟန္တာကြီးစိန်ဩဂတ်စတင်းစကားကို သုံးပြီးပြောရရင် ၊ “အချိန်တို့နေ့ရက်တို့ဆိုတာက မသေချာဘူး ဒါပေမဲ့ ရမဲ့ ဆုလဒ်က သေချာတယ်ဆိုရင် မင်းကိုခေါ်တဲ့သူနောက်ကိုလိုက်ဖို့ဘာလို့ နှောင့်နှေးနေရမှာ လည်း”။ ဘုရားသခင်ကတိပေးထားတဲ့အရာကို သင့်ရဲ့နှောင်နှေးခြင်း ကြံ့ကြာခြင်းတွေကြောင့် လက် လွတ်ဆုံးရှုံးမှုမဖြစ်ပါစေနဲ့။ ဆက်လက်ပြီးရဟန်းမင်းကြီးက လူငယ်များကိုရည်ရွယ်ပြီး၊ အချိန်ဆွဲမနေနဲ့ ဘုရားရှင်သူ့ရဲ့လယ်ကွင်းပြင်မှာသင့်ကိုအလုပ်လုပ်ဖို့ခေါ်တဲ့အခါမှာ စိတ်အားထက်သန်စွာ တုံ့ပြန်လိုက် ပါ။ အချိန်မဆွဲဘဲလျင်မြန်စွာတုံ့ပြန်လိုက်ပါ ဘုရားရှင်ဟာယက်ေရာသူဖြစ်တဲ့အတွက် သင်ဘယ်တော့ မှ စိတ်ပျက်ခြင်းနဲ့ကြုံရမှာမဟုတ်ပါဘူး။
ငါဘဝရဲ့အဓိပ္ပာယ်ကဘာလဲဆိုတဲ့ သင့်ရင်ထဲမှာသယ်ဆောင်ထားတဲ့မေးခွန်းကို ဘုရားသခင်ကအပြည့် ဝအဖြေပေးပါလိမ့်မယ်။အချိန်တွေသာကုန်သွားတယ်အဖြေကမရ၊ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေ ကြုံတွေ့နေရရင်တောင် စိတ်ဓာတ်မကျပါနဲ့။ကိုယ်တော်တဖန်ပြန်ထွက်လာပြီးတော့တပည့်တော်တို့ စောင့်နေတဲ့နေရာမှာတပည့်တော်တို့ကိုလာရှာပါလို့ ဆုတောင်းကြည့်ပါ။ သူရောက်လာပါလိမ့်မယ်။ သူရဲ့ရောစွာရောက်လာပါလိမ့်မယ်။။