
ဝိညာဉ်တော်ဘုရားစံပ္ပါယ်တည်ရှိမှုရဲ့ အမှတ်လက္ခဏာများ
ဒီကနေ့မှာတော့ ဝိညာဉ်တော်ဘုရားစံပ္ပါယ်တည်ရှိမှုရဲ့အမှတ်လက္ခဏာတွေအကြောင်းကိုတင်ဆက်ပေးထားပါတယ်။
ဝိညဉ်တော်ဘုရားတည်ရှိမှုကိုဖော်ပြတဲ့အမှတ်လက္ခဏာတွေကတော့
ပရောဖက်ပြုနိုင်ခြင်း၊ခန္ဓာစိတ်ဝိညာဉ်ကို ကုသမှုပေးနိုင်ခြင်း ၊ရူပါရုံမြင်ရခြင်း၊အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်ခြင်း၊စစ်မှန်သောဝတ်ပြုကိုးကွယ်မှုကိုပြုနိုင်ခြင်း၊ထိုးထွင်းသိမြင်နားလည်နိုင်စွမ်းရှိခြင်း စတာတွေဖြစ်ပါတယ်။ဒီလက္ခဏာရပ်တွေကို ဓမ္မသစ်ကျမ်းမှာ ဝိညာဉ်တော်ဘုရားရဲ့ဆုကျေးဇူးတော်တွေအဖြစ်လက်ခံပြီး ဝိညာဉ်တော်ဘုရားတည်ရှိခြင်းရဲ့အမှတ်အင်္ဂါရပ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ဝိညာဉ်တော်ဘုရားနဲ့ပတ်သက်တဲ့အမှတ်လက္ခဏာတွေကိုတိုင်းတာနိုင်ဖို့ရန်အတွက် စံချိန်စံညွှန်းတစ်ခုလိုအပ်ကြောင်းသံပေါလုက နားလည်သဘောပေါက်ခဲ့ပါတယ်။
ခရစ်ယာန်အသင်းတော်ထဲမှာလက်ခံထားတဲ့ ဝိညာဉ်တော်ဘုရားရဲ့ ထူးခြားတဲ့အမှတ်လက္ခဏာတွေနဲ့ ဆင်တူယိုးမှားဖြစ်တဲ့လက္ခဏာတွေကို အသင်းတော်ပြင်ပမှာလဲတွေ့ရတာကြောင့်ဒီလိုအပ်ချက်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ပရောဖက်ပြုကာအနာဂတ်ကိုအဓိပ္ပါယ်ဖွင့်ဆိုနိုင်တဲ့သူတွေကို အသင်းတော်ပြင်ပမှာလဲတွေ့ရတတ်ပါတယ်။ဒါ့အပြင်ဝိညာဉ်တော်ဘုရားဆင်းသက်လှို့ဆော်မှုရှိတယ်လို့ထင်ရလောက်အောင်ဇဏ်ဝင်စားနေပေမယ့်လို့လဲ ခရစ်တော်ကိုကျိန်ဆဲတဲ့ပုဂ္ဂိုလ်တွေကိုလဲတွေ့ရတတ်ပါတယ်။ခရစ်တော်ရဲ့နာမတော်နဲ့နာမတော်နဲ့နတ်ဆိုးနတ်မိဆ္စာတွေကိုနှင်ထုတ်နိုင်ပြီးအံ့ဖွယ်တန်ခိုးလက္ခဏာတွေပြနိုင်ပေမယ့်လို့လဲ ခရစ်တော်သခင်ရဲ့ငြင်းပယ်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေကိုလဲတွေ့ရပြန်ပါတယ်။ဒီအကြောင်းအရာကိုတော့ရှင်မာတေးဦးဧဝံဂေလိကျမ်းအခန်းကြီး ၇း ၂၂ မှာ တွေ့နိုင်ပါတယ်။ဘာသာစကားမျိုးစုံကိုပြောပြီးဘုရားသခင်ကိုချီးမွမ်းနို်ငတဲ့ကျေးဇူးတော်နဲ့ဆင်တူတဲ့အဖြစ်အပျက်အချက်တွေတောင်မှအသင်းတော်ရဲ့ပြင်ပမှာတည်ရှိတတ်ပါတယ်။သာသနာတော်ကိုပြန့်ပွားတိုးတက်စေတဲ့အရာဟူသမျှဟာ ဝိညာဉ်တော်ဘုရားကြွရောက်စံပါယ်တည်ရှိမှုရဲ့စစ်မှန်တဲ့အမှတ်လက္ခဏာဖြစ်ပါတယ်။ဒီလိုပါပဲ သာသနာတော်ကို ပြိုကွဲပျက်ဆီးစေတဲ့အရာဟူသမျှကို ဝိညာဉ်တော်ဘုရားနဲ့သက်ဆိုင်မှုမရှိတဲ့အရာ ဒါမှမဟုတ် ဝိညာဉ်တော်ဘုရားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အမှတ်လက္ခဏာတွေတာဖြစ်ပါတယ်။ခရစ်တော်ကိုကျိန်ဆဲခြင်းဟာ ဝိညာဉ်တော်ဘုရားတည်ရှိမှုကိုဖော်ဆောင်တဲ့အမှတ်လက္ခဏာမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကျိန်ဆဲမှုဟာ ဝိညာဉ်တော်ဘုရားကိုယ်တိုင်ပုံဖော်တည်ဆောက်ခဲ့တဲ့ ခရစ်တော်နဲ့ကျွန်မတို့ကြားမှာရှိတဲ့ စည်းလုံးညီညွှတ်မှုကိုပြိုကွဲစေတာကြောင့်ဖြစ်ပါတယ်။ဘယ်သူကမှမိမိကိုကျိန်ဆဲတဲ့သူနဲ့တလုံးတဝတည်းမရှိနိုင်ပါဘူး။ခရစ်ယာန်အသင်းတော်ဟာရှင်ပြန်ထမြောက်တော်မူတဲ့သခင်ခရစ်တော်မှာတည်ထောင်ထားခြင်းဖြစ်တာကြောင့် သခင်ခရစ်တော်ကိုယုံကြည်ဝန်ခံပြီးသူ့ရဲ့နောက်တော်ကိုလိုက်ပါခြင်းဟာ ဝိညာဉ်တော်ဘုရားကြွမြန်းတည်ရှိမှုရဲ့အမှတ်လက္ခဏာဖြစ်ပါတယ်။
ဝိညာဉ်တော်ဘုရားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အမှတ်လက္ခဏာတွေကတော့ ကိုယ်ကျင့်တရားဖောက်ပြားခြင်း၊ကိလေသာဆန်ပြီးမသင့်တော်တဲ့အပြုအမှုတွေကိုပြုကျင့်ခြင်း၊ရုပ်ထုတွေနဲ့မှော်အတတ်ပညာကိုယုံကြည်ကိုးကွယ်ခြင်း၊ရန်ငြိုးဖွဲ့ခြင်း၊ခိုက်ရန်ဖြစ်ပွားခြင်း ၊မနာလိုခြင်း ၊အလိုရမ္မက်ကြီးခြင်း၊အသင်းအဖွဲ့ကွဲခြင်း ၊သေရေသေရက်သောက်စားမူးရစ်တတ်ခြင်း၊ကိလေသာအာရုံမှာမွေ့ပျော်ခြင်း နဲ့ အခြားအလားတူတဲ့အရာတွေဖြစ်ပါတယ်။ဒီအရာတွေဟာသာသနာတော်ကိုပျက်ဆီးစေပါတယ်။ဒီအသက်တာတွေဟာ ဝိညာဉ်တော်ဘုရားကင်းဝေးမှုရဲ့လက္ခဏာတွေဖြစ်ပါတယ်။အခြားတစ်ဖက်မှာလဲ မေတ္တာတရားပွါးများခြင်း ၊ပျော်ရွှင်ဝမ်းမြောက်တတ်ခြင်း၊စိတ်ရှည်သည်းခံခြင်း၊ကြင်နာသနားတတ်ခြင်း၊ကောင်းမြတ်ခြင်း၊သစ္စာရှိခြင်း၊မိမိကိုယ်ကိုနှိမ့်ချခြင်း၊မိမိကိုယ်ကိုထိန်းချူပ်ခြင်းစတာတွေဟာဝိညာဉ်တော်ဘုရားအုပ်စိုးတည်ရှိမှုရဲ့ အမှတ်လက္ခဏာတွေဖြစ်ပါတယ်။ပင်တီကော့ပွဲနေ့ကိုဝိညာဉ်တော်ကြွမြန်းရခြင်းရဲ့အမှတ်လက္ခဏာအဖြစ်သတ်မှတ်ရခြင်းဟာလေပြင်းတိုက်ခြင်း၊မီးလျှာသဏ္ဏန်တွေတွေ့ရှိရခြင်းနှင့် အမျိုးမျိုးသောဘာသာစကားတွေကိုပြောဆိုနိုင်ခြင်းတွေသက်သက်ကြောင့်မဟုတ်ပဲ အဲ့ဒီနေ့အားဖြင့်ခရစ်ယာန်အသင်းတော်ကြီးကိုမွေးဖွားပေးပြီးအတားအဆီးတံတိုင်းနံရံတွေကိုပြိုလဲပျက်ဆီးစေတာကြောင့်ဖြစ်ပါတယ်။ပင်တီကော့စ်အဖြစ်အပျက်ဟာလူသားတွေတစ်လုံးတစ်ဝတည်းဖြစ်စေဖို့ရန်အတားအဆီးတွေဖြိုချပျက်စီးတဲ့အချက်ကိုအသားပေးဖော်ပြနေပါတယ်။ဒါကြောင့်စည်းလုံးညီညွှတ်မှုဟာဝိညာဉ်တော်ဘုရားရဲ့အမှတ်လက္ခဏာအဖြစ်အစကဏဦးကပင်တည်ရှိနေပါတယ်။အသင်းတော်ကြီးဟာ ဝိညာဉ်တော်ဘုရားအုပ်စိုးတည်ရှိခြင်းရဲ့အမှတ်လက္ခဏာဖြစ်ပါတယ်။ဒီအသင်းတော်ဟာ ဝိညာဉ်တော်ဘုရားရဲ့ချစ်ခြင်းမှာစည်းလုံးညီညွတ်ပြီး ဝိညာဉ်တော်ရဲ့အံ့ဖွယ်တန်ခိုးလက္ခဏာတွေကိုပြုလုပ်နိုင်စွမ်းရှိပါတယ်။သို့ပေမယ့်လို့လဲ ကျွန်မတို့သတိပြုရမှာကအံ့ဖွယ်တန်ခိုးလက္ခဏာတွေကဝိညာဉ်တော်ဘုရားရဲ့အမှတ်သေင်္ကဟုတ်မဟုတ် ဒါထက်အရေးကြီးတဲ့အရာကတော့ သာသနာတော်အတွင်းမှာရှိတဲ့ဘာသာတူတွေကြားအပြန်အလှန်ထားရှိတဲ့ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။ဒီချစ်ခြင်းမေတ္တာဟာဝိညာဉ်တော်ဘုရားရဲ့အမှတ်လက္ခဏာဖြစ်တယ်လို့အချူပ်အားဖြင့်ဆိုချင်ပါတယ်။ဒီကြောင်းအရာကိုတော့ကော်ရိန်သုဩဝါဒစာပထမစောင် အခန်းကြီး၁၃း၁-၁၃ မှာဖတ်ရူ့နိုင်ပါတယ်။ပရောဖက်ပြုနိုင်ခြင်း၊ဘာသာစကားအမျိုးမျိုးပြောနိုင်ခြင်း၊တန်ခိုးလက္ခဏာတွေပြနိုင်ခြင်း၊ယုံကြည်ခြင်းစတဲ့အရာတွေဟာချစ်ခြင်းမေတ္တာမရှိရင်အချည်းနှီးသက်သက်ဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာရှိတဲ့အရပ်မှာချစ်ခြင်းရဲ့ဝိညာဉ်တော်အမြဲရှိပါတယ်။ဒီအကြောင်းအရာကိုတော့ ရှင်ယောဟန်ဩဝါစောင်ပထမစောင် အခန်းကြီး၄း၁၆ မှာဖတ်ရူ့နိုင်ပါတယ်။
ခပ်သိမ်းသောအရာတို့သည်ချစ်ခြင်းမေတ္တာ၌စတင်၏။ထိုချစ်ခြင်းမေတ္တာသည်ဘုရားသခင်ကျွန်ုပ်တို့အပေါ်ထားရှိသောမေတ္တာတော်ဖြစ်သည်ဆိုပြီးဖော်ပြထားပါတယ်။ချစ်ခြင်းမေတ္တာသည်ကျွန်ုပ်တို့နှင့်အတူတည်ရှိတော်မူပြီးအရာခပ်သိမ်းကိုစိုးပိုင်အောင်မြင်တော်မူလိမ့်မည်။ဒါကြောင့်သန့်ရှင်းတော်ဝိညာဉ်တော်နဲ့ပတ်သက်ပြီးယုံကြည်ရမယ့်အချက်ကတော့ချစ်ခြင်းမေတ္တာပဲဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။