မိသားစုများကိုဖမ်းသောတံငါသည်များဖြစ်ကြရန်ရဟန်းမင်းကြီးဖိတ်ခေါ်။

ယနေ့နှင့်မနက်ဖြန်၏မိသားစုများနှင့် သာသနာပြုခြင်း ခေါင်းစဉ်ကိုအခြေခံပြီးပို့ချသော ဆွေးနွေးပွဲတွင် ရဟန်းမင်းကြီး လီယို ၁၄ က မိသားစုတိုင်း ဘုရားသခင်နှင့်ထိတွေ့ခံစားရဖို့ မိသားစုကိုဖမ်းသော တံငါသည်အစီအစဉ်မှာပါဝင်ကြဖို့ အားလုံးကိုဖိတ်ခေါခဲ့ပါသည်။
“စိတ်ဝိညာဉ် ဘုရားနှင့်ထိတွေ့ခံစားရဖို့ ရှာဖွေသူတွေများလာခြင်းအပေါ်အခြေခံပြီး “ရဟန်းမင်းကြီး လီယိုက “သာသနာတော်သည် ယနေ့ခေတ်စိန်ခေါ်မှုတွေကိုခွဲခြားသိမြင်ပြီး ယောက်ျား မိန်းမတိုင်း၏ နှလုံးသားတွင်ရှိသော ယုံကြည်ခြင်းဆန္ဒကိုပြုစုပျိုးထောင်ပေးရာမှာ အမျှော်မြင်ကြီးတဲ့သူတွေဖြစ်ဖို့ လိုကြောင်း သာသနာတော်အတွင်းမှာပါဝင်လှုပ်ရှားချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခွင့်မရသူတွေ ဖယ်ကျဉ်ခံထားရသည်ဟုခံစားနေရသူတွေ အထူးသဖြင့် ဝိညာဉ်ရေးရာ၊ ဘုရားတရား နှင့်ကင်းကွာနေသော မိသားစုများစီသို့ ကျွန်ုပ်တို့ရောက်ရှိဖို့လိုအပ်ကြောင်း၊ ဘုရားနဲ့ထိတွေ့ဖို့ရန် ဖိတ်ခေါ်မခံရသူတွေဘယ်လောက်တောင်များနေမလဲ၊ ငါ့ယုံကြည်ခြင်းကငါနဲ့ပဲဆိုင်တယ်၊ ငါဘယ်လို ပဲယုံယုံ၊ ငါဘယ်မှာပဲဘုရားကိုရှိခိုးရှိခိုး၊ ငါနဲ့ပဲဆိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်းကိုကိုယ်ပိုင်ပြုလုပ်ချင်တဲ့ လူတွေတိုးပွားလာခြင်းဟာ “ကျနော်တို့ရဲ့ညီအစ်ကိုမောင်နှမတွေ သာသနာတော်အတွင်းမှာ ရှိတဲ့ဘုရား ကျေးဇူးတော်ကိုမမြင်နိုင်အောင် တားဆီးဟန့်တားနေတာကို ကျန်ုပ်စိုးရိမ်မိတယ်။၊
စစ်မှန်တဲ့ဘဝရဲ့ပျော်ရွှင်မှုနဲ့အဓိပ္ပါယ်ကိုရှာဖွေနေကြသူတွေ အများစုသည် ယနေ့ခေတ်မီဒီယာ တွေက ဖော်ပြတဲ့ အတုအယောင်ဘဝနေထိုင်မှုပုံစံတွေပေါ်မှာသာ မှီခိုလမ်းဆုံးသွားကြတယ်။လမ်းလွဲလိုက်မိ သူတွေဟာ၊ ဒုက္ခရောက်ခြင်းနှင့်အဆုံးသတ်ကြရတယ်။ မကောင်းမှုနဲ့သေခြင်းရဲ့ ရေပြင်မှာ နစ်မြုပ် နေတဲ့သူတွေကို သခင်ခရစ်တော်နှင့်ထိတွေ့ခြင်းအားဖြင့် ကယ်တင်ပေးကြဖို့ သင်တို့သည် လောက၏ တံငါသည်များဖြစ်ဖို့ သာသနာတော်ကသေချာဖိတ်ခေါ်နေတယ်။
ဘုရားရဲ့ချစ်ခြင်းမေတ္တာကိုတုံ့ပြန်ပြီး၊ ၎င်းချစ်ခြင်းမေတ္တာဖြင့်လူတွေနဲ့ပေါင်းသင်းဆက်ဆံခြင်းသည် ကျန်ုပ်တို့ရဲ့ ယုံကြည်ခြင်းပါပဲ။ အမှန်တရားကိုမမြင်နိုင်တဲ့ ခရစ်ယာန်အများစုသည် မကြာခဏဆိုသလို သာသနာတော်ကို ဥပဒေတွေနဲ့ဖွဲ့စည်းချည်နှောင်ထားတဲ့နေရာ၊ ကျင့်ဝတ်ဆိုင်ရာတွေနဲ့ တုတ်နှောင်ထား တဲ့နေရာ၊ ဝန်ထုတ်ဝင်ပိုတွေနဲ့ ဖိနှိပ်ထားသောနေရာ၊ နှစ်လိုဖွယ်ရာမကောင်းသော ထုံးတမ်းအစဉ်အလာ တွေကို ထိန်းသိမ်းထားသောနေရာအဖြစ် မြင်နေကြခြင်းသည် သိပ်ကိုဝမ်းနည်းစရာကောင်းပါတယ်။
ဆရာတော်တွေက လောကပင်လယ်ထဲကိုပိုက်ကွန်ချပြီး မိသားစုတွေကိုဖမ်းသော တံငါသည် တွေဖြစ် ရမယ်၊ ယုံကြည်သူအားလုံးသည် ဆရာတော်တွေနှင့် ဒီသာသနာပြုလုပ်ငန်းမှာ အတူပါဝင်ကြရမယ် သို့မှသာ တို့တတွေ မိသားစုများ၊ ဇနီးမောင်နှံများ၊ လူငယ်များ၊ ယောက်ျားမိန်းမများ၊ ဘယ်လိုအသက် အရွယ်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘုရားနဲ့ထိတွေ့စေဖို့ စုရုံးပေးသော မိသားစုကိုဖမ်းသော တံငါသည်များဖြစ်လာကြမယ်။
သာသနာတော်ကိုစွန့်ခွာသွားကြသူတွေ ပြန်မလာတော့တဲ့သူတွေကို ရှာဖွေရမည့်တာဝန်သည် ကျွန်ုပ်တို့ အားလုံး၏တာဝန်ဖြစ်သည် သူတို့ဘာကြောင့်ပြန်မလာတော့တာကို နားလည်အောင်လေ့လာဖို့၊ သူတို့ ဘဝ၊ သူတို့ဒုက္ခ၊ သူတို့ခံစား ချက်တွေကိုသိအောင်လုပ်ဖို့၊ ပြီးမှသာယုံကြည်ခြင်းကို ပြန်လည်လက်ခံ လာအာင် ကူညီပေးဖို့ နှင့် သာသ နာတော်၏မိသားစုအတွင်းသို့ ပြန်လည်ခေါ်ဆောင်ရမှာ ဖြစ်တယ်။
ဒီသာသနာပြုခြင်းမှာ ခေတ်စနစ်ရဲ့စိန်ခေါ်မှုတွေကို၊ မျိုးဆက်သစ်တို့ရဲ့အခြေနေတွေကြောင့် စိတ်ဓာတ် မကျဘဲ ရရာနည်းလမ်းမျိုးစုံကိုအသုံးပြုကြပြီး သာသနာတော်အတွင်းပြန်လည်ခေါ်ဆောင်ကြဖို့ တိုက် တွန်းခဲ့ပါသည်။ အဆုံးမှာရဟန်းမင်းကြီးလီယို ၁၄ က မိသားစုများနှင့်သာသနာပြုခြင်းလုပ်ငန်းအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ဦးဆောင်လမ်းညွှန်မှုခံစားရရန် ဆုတောင်းပေးခြင်းဖြင့်အဆုံး သတ် ခဲ့ပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung(RVA-Myanmar)
Phot&News- Vatican News