ယူကရိန်းအတွက်ငြိမ်းချမ်းရေးနှင့် ဂါဇာဒေသအတွက် အပစ်ခတ်ရပ်စဲရေး ပုပ်ရဟန်းမင်းကြီးလီယို ၁၄ တောင်းဆို။

ယူကရိန်းအတွက်ငြိမ်းချမ်းရေးနှင့် ဂါဇာဒေသအတွက် အပစ်ခတ်ရပ်စဲရေး ပုပ်ရဟန်းမင်းကြီးလီယို ၁၄ တောင်းဆို။

မေလ၂၈ရက် ၂၀၂၅ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်းမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က ယူက ရိန်းအတွက်ငြိမ်းချမ်းရေး၊ ဂါဇာ ဒေသအတွက် အပစ်ခတ်ရပ်စဲရေး၊ ဓားစာခံများလွတ်မြောက်ရေးနှင့်၊ ကလေးငယ်များလုံခြုံရေးပိုမိုအားစိုက်ကြဖို့ တောင်းဆိုခဲ့ပါသည်။

ဂါဇာအရး နှင့်ပတ်သက်ပြီး ရဟန်းမင်းကြီးက ၂၀၂၃ ခု နှစ် အောက်တိုဘာလကတည်းက ပါလက်စတိုင်း စစ်သွေးကြွများနှင့် တိုက်ခိုက်ခဲ့သောနေရာသို့ အစ္စရေးစစ်တပ်များက ကြီးမားသောထိုးစစ်တစ်ခုကို စတင်ခဲ့ခြင်းကြောင့် အသက်မဲ့တဲ့ကလေးသူငယ်တွေကို ပွေ့ချီလျက် အော်ဟစ်ငိုကြွေးနေသော ဂါဇာ ကမ်းမြောင်ဒေသက ထွက်ပေါ်လာတဲ့ မိခင်ဖခင်တို့ရဲ့ငိုကြွေးသံများ၊ အစားအစာနှင့်ရေအနည်းငယ်ရဖို့ ရုန်းကန်နေကြရသူများ၊  ဗုံးကြဲတိုက်ခိုက်မှုကနေ ပိုမိုလုံခြုံတဲ့နေရာရွှေဖို့ ဒုက္ခရောက်နေတဲ့သူများ၏ ညည်းညူသံများသည် ကောင်းကင်ယံသို့ပင် ပြန့်နေပြီဆိုတာကျွန်ုပ်တို့ကြားသိရအတွက် အပြစ်ခတ်ရပ် စဲကြဖို့၊ ကလေးသူငယ်များလုံခြုံရေးပိုမိုကြိုးစားကြဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါသည်။

ဆက်လက်ပြီးယူကရိန်းအရေးနဲ့ပတ်သက်ပြီးတော့ ယူကရိန်းမှာရှိတဲ့ အရပ်သားတွေနဲ့၊ အရပ်သားနေ အိမ်တွေကို ပစ်မှတ်ထားပြီးတော့ မကြာသေးမီက ရုရှားမောင်းသူမဲ့ လေယာဉ်များ၊ ဒုံးကျည်များဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ခြင်းသည်၊  ၂၀၂၂ ကတည်းကစတဲ့ ရုရှားကျူးကျော်စစ်မှာ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်းနှင့် ဒုက္ခရောက်နေကြသောကလေးသူငယ်များ မိသားစုများနှင့် အတူ ဆုတောင်းမေတ္တာ၌ကျွန်ုပ်နီးကပ်စွာရှိနေကြောင်း၊ စစ်ပွဲများကိုရပ်ပြီး ညှိနှိုင်းဆွေးနွေးမှုနှင့်ငြိမ်း ချမ်းရေးကိုစတင်ကြဖို့ အထူးတောင်းဆိုလိုကြောင်း။ ကမ္ဘာ့အနှံ့အပြားမှာစစ်ပွဲများကြောင့် ဒုက္ခရောက် နေသူများနှင့် ယူကရိန်းမှာငြိမ်းချမ်းရေးရရှိရေးအတွက် ဆုတောင်းကြဖို့ဖိတ်ခေါ်ကြောင်း ရဟန်းမင်း ကြီးလီယို မှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်းတွင်တောင်းဆိုခဲ့ပါသည်။။

rvamyanmar
rvamyanmar
Articles: 2743

Leave a Reply

Your email address will not be published. Required fields are marked *