ဖာသာရ် Peter Kyi Maung (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလဆဌမသီတင်းပတ် သောကြာဩဝါဒ ၃၀၊ ၅၊ ၂၀၂၅

ဓမ္မမိတ်ဆွတို့ ဒီကနကြားနာရတဲ့ ရှင်ယောဟန် ခရစ်ဝင် ၁၆:၂၀-၂၃ က ကြားနာရသူအတွက် မသက်မသာဖြစ်စေတယ်။
သခင်ခရစ်တော်က ငါအမှန်ဆိုသည်ကားသင်တို့သည်ငိုကြွေးကျလိမ့်မည်။ ကမ္ဘာလောကသည်ဝမ်းမြောက်လိမ့်မည်၊ သားဖွားလုဆဲဆဲမိခင်ဟာ နာကြင်မှုဝေဒနာကိုခံစားရသာလဲး သားဖွားပြီး ကလေးမျက်နှာကိုမြင်ရချိန်တွင် ထိုနာကြင်သော ဝေဒနာဒုက္ခတို့ကို မေ့ပျောက်သွားသကဲ့သို့၊ သင်တို့သည်လည်းထိုနည်းတူခံစားကြရလိမ့်မည်။ ဒီကျမ်းပိုဒ်ကိုကျွန်တော်နားလည်သဘောပေါက်တာက သခင်ခရစ်တော်ကတပည့်တော်ကြီးတွေဆီကနေထွက်ခွာသွားမယ်။ ဒီအချိန်မှာတပည့်တော်ကြီးတွေဝမ်းနည်းကြမယ်။ သို့သော်သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွလာတဲ့အခါ၊ တပည့်တော်ကြီးတွေဝမ်းမြောက်ရွှင်လန်းကြတယ်။ ကမ္ဘာလောကလူသားတွေကို သင်တို့ဟာသခင်ခရစ်တော်၏အသေခံခြင်းအားဖြင့်၊ သင်တို့၏အပြစ်များကို သူ၏သွေးအားဖြင့်ဆေးကြောကယ်တင်ပေးခဲ့ပြီး၊ သင်တို့တွေကောင်းကင်နိုင်ငံကိုပြန်ဝင်ခွင့်ရပြီး၊ ဒီကယ်တင်ခြင်းသတင်းကောင်းကို လောကကိုဝေမျှပေးခြင်းကြောင့်၊ လောကသည်ဝမ်းမြောက်ကြလေပြီ။ လောကမှာလူတွေပြောဆိုလေ့ရှိကြတယ်။ အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရဘူး။ မှန်ပါတယ်တကယ်ပေးဆပ်အနစ်နာခံမှသာ လိုချင်တဲ့အောင်မြင်မှုတစ်ခုကိုရရှိကြမယ်။ ထိုနည်းတူစွာပဲ ကျနော်တို့ယုံကြည်သူတွေ လိုချင်တောင်းတကြတဲ့ ထာဝရအသက်၊ ကောင်းကင်နိုင်ငံ၊ ဘုရားသခင်နှင့်အတူပေါင်းစပ်ရခြင်း၊ ပြီးပြည့်စုံသောထာဝရအသက်၊ ဒီရာကလွယ်လွယ်နဲ့ရမယ်ထင်သလား၊ ပိုက်ဆံရှိလို့ရောဝယ်လို့ရမယ်ထင်သလား။ ရာထူးအာဏာရှိလို့တောင်းယူလို့ရောရမလား။၊ ရဟန္တာတွေဘယ်ရဟန္တာမှလွယ်လွယ်ကူကူရဟန္တာဖြစ်ခဲ့တာမဟုတ်၊ ဒုက္ခမျိုးစုံခံစားရခြင်း၊ ပေးဆပ်အနစ်နာခံရခြင်း၊ ယုံကြည်ချင်အတွက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ မိမိအသက်ကိုပေးဆပ်ခြင်း၊ မိမိဘဝကိုတစ်ပါးသူအတွက်အနစ်နာခံပေးဆပ်ခြင်း။ မိမိဘဝတစ်ခုလုံးကိုဘုရားရှင်၏တရားတော်အတွက်၊ ပေအနးဆပ်အနစ်နာခံခြင်း။ ဘုရားရှင်၏အလိုတော်အတိုင်းမိမိဘဝတစ်သက်လုံးကို နေထိုင်ကျင့်ဆောက်တည်ခြင်း၊ ဒီကျင့်စဉ်တွေကျင့်ကြံနေရချိန်မှာ ငိုကြွေးဝမ်းခဲရပေမယ့်၊ ကောင်းကင်ထာဝရအသက်ကိုရရှိချိန်မှာ မည်သည့်ပျော်ရွှင်မှုမျိုးနဲ့မှ မရှင်နိုင်တဲ့ ပျော်ရွှင်မှုကိုခံစားရမယ်။ ရှင်ယောဟန် ၁၄:၂-၃ ” ငါ၏ခမည်းတော်အိမ်၌ အခန်းများစွာရှိ၏၊ သို့မဟုတ်လျှင် သင်တို့အဖို့နေရာပြင်ဆင်ရန်ငါသွားမည်ဟု ပြောလိမ့်မည်မဟုတ်၊ သွား၍သင်တို့ဖို့ငါနေရာပြင်ဆင်မည်။ တစ်ဖန်သင်ထံ ပြန်လာပြီးသင်တို့ကိုခေါ်ယူမည်။ သင်တို့သည်လည်း ငါရှိတဲ့နေရာမှာငါနှစ်အတူရှိလိမ့်မည်။ သခင်ခရစ်တော်ကိုယ်တိုင်ကတိပေးထားတဲ့ဒီကျမ်းကျက်ကလေးကို အမြဲသတိပြုပြီး ကောင်းကင်နိုင်ငံရောက်အောင်ကြိုးစားကြပါစို့။ ဓမ္မမိတ်ဆွေပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။။။

rvamyanmar
rvamyanmar
Articles: 2743

Leave a Reply

Your email address will not be published. Required fields are marked *