စာနာရိုင်းပင်းတပ်ခြင်းသည် လူသာဆန်မှုဖြစ်တယ် ၊ဘာသာတရားက သင်ပေးမှသိရတဲ့အရာမဟုတ်ဟု ရဟန်းမင်းကြီးမိန့်ကြား။

စာနာရိုင်းပင်းတပ်ခြင်းသည် လူသာဆန်မှုဖြစ်တယ် ၊ဘာသာတရားက သင်ပေးမှသိရတဲ့အရာမဟုတ်ဟု ရဟန်းမင်းကြီးမိန့်ကြား။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းတွင် ကောင်းသော ဆာမာရီတန် ပုံဥပမာကို အခြေခံပြီး ကျွန်ုပ်တို့ရဲ့အလုပ်ရှုပ်ခြင်းတွေက တစ်ပါးသူအပေါ်မှာ ကူညီစာနာ ရိုင်းပင်းတတ်ခြင်းစိတ်ကိုအဟန့်အတားမဖြစ်စေဖို့ မြွက်ကြားခဲ့ပါသည်။
ရှင်လူကားခရစ်ဝင်ကျမ်းထဲက တရားရှေ့နေတဦးကသခင်ခရစ်တော်ကိုမေးတယ် ကောင်းကင်နိုင်ငံ တော်ရဖို့ကျွန်တော်ဘာလုပ်ရမလဲ၊ ဒီမေးခွန်းရဲ့နောက်ကွယ်က ငါနှင့်နီးစပ်သောသူသည်မည်သူနည်း ဒီ အဓိပ္ပာယ်ကိုလေးနက်စွာရှင်းပြဖို့ ထိုသူကရှာဖွေနေခြင်းဖြစ်တယ်။
ဒီအဖြေကိုဖြေဖို့ဆိုရင် ဒီမေးခွန်းနှစ်ခုကိုနားလည်ဖို့လိုတယ်။ ပထမမေးခွန်းက ဘယ်သူငါ့ကိုချစ်သလဲ။၊ ဒုတိယမေးခွန်းကဘယ်သူ့ကိုငါချစ်သလဲ။ ပထမမေးခွန်းက မရင့်ကျက်မှုကိုဖော်ပြတယ်။ လက်တွေ့လုပ် ဆောင်မှုမပါတဲ့အရာ။ ဒုတိယမေးခွန်းကတော့ ဘဝအသက်ရှင်မှုကိုနားလည်တဲ့ လက်တွေ့လုပ်ဆောင်မှု ပါရတဲ့အရာဖြစ်တယ်။။
ရှင်လူကားခရစ်ဝင်ကျမ်းထဲက ပုံဥပမာက ဂျေရုစလင်မြို့ကနေ ဂျေရီခိုမြို့ကိုတောင်ထူထပ်ပြီးခက်ခဲ ကြမ်းတမ်းပြီး အန္တရာယ်များသောလမ်းတစ်ခု ခရီးသည်တဦးကသွားနေခဲ့တယ်။ လမ်းခရီးမှာ ဓားပြတွေ နဲ့တွေ့ပြီး သေလုမျှောပါး ရိုက်နှက်ပြီးပစ်ထားခဲ့တာကို ခံခဲ့ရတယ်။
လောကမှာ ထိုသူကဲ့သို့ အကူညီမဲ့ဒုက္ခရောက်နေသူတွေကို ကျွန်တော်တို့တွေ့ကြုံရတဲ့အခါ၊ ကျွန်ုပ်တို့ မှာရွေးချယ်စရာရှိတယ် ဒုက္ခရောက်နေသူကိုကူညီစောင့်ရှောက်ပေးမလား၊ သို့မဟုတ်ရှောင်ဖယ်သွား မလား။
ပုံဥပမာထဲမှာ ရဟန်းနဲ့ လေဝိ တို့နှစ်ဦးက ဒုက္ခရောက်ပြီးအကူအညီလိုနေသူကို ကူညီလို့ရခဲ့ပေမယ့် မသိ သလိုရှောင်လွှဲခြင်းကိုသာရွေးချယ်ခဲ့ကြတယ်။ ရဟန်းမင်းကြီး လီယို ၁၄ က ဒီအဖြစ်အပျက်က ဘာကို ပြနေသလဲဆိုရင် ဘာသာတရားကျင့်စဉ် လုပ်ဆောင်မှုတစ်ခုတည်းက တစ်ပါးသူကို ကူညီရိုင်းပင်း လိုစိတ်စီကို အလိုအလျောက်ခေါ်ဆောင်မသွားဘူး ဆိုတာကိုဖော်ပြနေခြင်းဖြစ်တယ်။ တစ်ပါးသူကို ကူ ညီရိုင်းပင်းလိုစိတ်ဆိုတာသည် လူသာဆန်မှုဖြစ်တယ် ၊ဘာသာတရားက သင်ပေးမှသိရတဲ့အရာမဟုတ် ။ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် လူဖြစ်နေခြင်းကိုက လူသားအချင်းချင်းပေါ်မှာ သနားညှာတာစိတ် ကရုဏာစိတ်ထားရှိရမှာဖြစ်တယ်။
ရဟန်းနဲ့လေဝိလူကဲ့သို့ ကိုယ့်အိမ်ကိုအမြန်ရောက်ဖို့ ကိုယ့်ခရီးကိုသာ အာရုံထားပြီး မိမိလမ်းခရီးတစ် လျှောက်မှာ ဒုက္ခရောက်သူကိုမကူညီခဲ့ဘူး။။ ဒီလိုပါပဲ လောကခရီးလမ်းမှာ ကိုခရီးလမ်းကိုသာဦးစား ပေးလျှောက်လှမ်းနေသူတွေသည် တစ်ပါးသူအတွက်ရပ်တန့်ကူညီပေးလိုစိတ်မရှိကြဘူး။
သို့သော်လည်းပဲ ရှေးရိုးအစဉ်လာအရငြင်းပယ်ထားခြင်းခံရသူ ဆာမာရီတန် တစ်ဦးသာ ဒုက္ခရောက်နေ သူကိုရတန့်ကူညီပေးခဲ့တယ်။ ဒီဆာမာရီတန်က သူ့ကိုဘာသာတရားက၊ သင်ကြားထားလို့၊ ဘာသာ တရားကြောင့်လိုအပ်လို့ ဒုက္ခရောက်နေသူကိုကူညီပေးခဲ့တာမဟုတ် သူ့လိုလူသားတစ်ယောက် သူ့ရှေ့ မှာဒုက္ခရောက်နေတာကိုမြင်လို့ ကူညီပေးခဲ့ခြင်းသာဖြစ်တယ်။ တစ်ပါးသူကိုကူညီရိုင်းပင်း ပေးခြင်းဆိုတာ၊ လက်တွေ့လုပ်ဆောင်ရခြင်းဖြစ်တယ်၊ တစ်ပါးသူကိုကူညီဖို့ မိမိကိုယ်ကိုယ်ပြင်ဆင် ရခြင်း၊ အခတ်မသင့်လျှင် ညစ်ပတ်ပေရေခြင်းနှင့်စွန့်စားမှုတွေကိုပါလက်ခံလုပ်ဆောင်ရတယ်။။
ဒုက္ခရောက်သူကို ကိုယ်တိုင်ကိုယ်ကျကူညီခဲ့သော ဆာမာရီတန် က တစ်ပါးသူကိုစားနာကူညီခြင်းရဲ့ ပုံဥပမာကို လက်တွေ့ပြသခြင်းဖြစ်တယ်။ တစ်ပါးသူရဲ့ဒုက္ခဝေဒနာကို စာနာကူညီချင်တယ်ဆိုလျှင် တစ်ပါးသူ့ရဲ့ဒုက္ခဝန်ထုပ်နဲ့ နာကျင်ခြင်းဝေဒနာတို့ကို ဝေမျှခံစားတတ်ရမယ်။ ငါတို့ကိုယ်၌က ဒုက္ခရောက် နေတဲ့လူရဲ့နေရာကိုရောက်မှသာ စစ်မှန်တဲ့ကူညီရိုင်းပင်းခြင်းရဲ့ ခံစားချက်ကိုနားလည်လာလိမ့်မယ်။