ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏The Letter” ခေါင်းစဉ်ဖြင့် Laudato Si ကိုအခြေခံထားသည့် မှတ်တမ်းရုပ်ရှင်တစ်ခု ရန်ကုန်တွင်ပြသ။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏The Letter” ခေါင်းစဉ်ဖြင့် Laudato Si ကိုအခြေခံထားသည့် မှတ်တမ်းရုပ်ရှင်တစ်ခု ရန်ကုန်တွင်ပြသ။

The Letter” ခေါင်းစဉ်ဖြင့် Laudato Si ကို အခြေခံထားသည့် မှတ်တမ်း ရုပ်ရှင်တစ်ခုကို ရန်ကုန်ကန်သာ ယာစင်တာတွင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များကို မေလ ၂၆ နေ မနက် ၉:၃၀ မှ နေ့လည်ထိ ပြသခဲ့ပါသည်။

ပျံလွန်တော်မူခဲ့ပြီးသော ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေလ ၂၄ ရက် ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့ ‌သော ဒုတိယမြောက်” ကျွန်ုပ်တို့အတူတကွနထိုင်‌သောကမ္ဘာမြေကို ကာကွယ်စောင့်ရှာက်ခြင်း” Laudato Si စာချွန်တော် ဆယ်နှစ်ပြည့် နှစ်ပတ်လည်နှစ်လည်းဖြစ်သလို မေလ ၂၄ မှ ၃၁ ရက်နေ ထိကို Laudato Si ရက်သတ္တပတ်အဖြစ်လည်း သတ်မှတ်ထားပါသည်။ ဒီအစီအစဉ် အားလုံးကိုရန်ကုန် ကရုဏာ KMSS အဖွဲ့အစည်းနှင့် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် CBCM တို့မှ ကြီးမှူးကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့၊ ကက်သလစ်အသင်းတော် ရန်ကုန် လက်ထောက်ဆရာတော်ကြီးများ၊ ခရစ်ယာန်များ ‌ကောင်စီအဖွဲ့မှ ဆရာ‌တော်ကြီးများ ၊ သီချင်း နှင့် သီဆိုဆုရရှိသူများ ၊ သီးချင်းတီးဖြတ်ဒိုင်များ၊ ကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် CBCM အတွင်းရှိ RVA, OSC,Youth commission, CRCM, KMSS အဖွဲ့များနှင့် ရိုသေလးစားရပါသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

ရဟန်းမင်းအမတ် Cardinal Charles Bo မတက်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်စား လက်ထောက်ဆရာတော် Noel Saw Naw Aye မှ အမှာစကားပြောကြားရာတွင် Laudato Si ကိုအခြေခံထားသည့် “ဒီမှတ်တမ်း ရုပ်ရှင်သည် တိုက်ကြီး ၅ ခုကိုအခြေခံပြီးပြသထားတာဖြစ်တယ်၊ လူသားထုတရပ်လုံး နိုင်ငံဆိုသော စည်းဘောင်‌တွေမထားပဲ တစ်ကမ္ဘာလုံးကောင်းစားရး အတူတကွနေထိုင် လုပ်ဆောင်သင့်ကြောင်း၊ ဆုတောင်းခြင်းနဲ့ လက်တွေ့လုပ်ဆာင်မှု့သည် ဆက်နွယ်‌နေကြောင်း နှင့် ပွဲဖြစ်‌မြောက် ရေး ကြီးမှူးကျင်းပ ပေးခဲ့ကြသူများကို လည်းကျေးဇူတင်စကားပြောခဲ့ပါသည်။

KMSS program manager ဒေါ်မေရီခင်မှလည်း မြန်မာပြည်ကရုဏာရေး လုပ်ငန်းများသည် ရဟန်းမင်း ကြီးလီယို ၁၄ ၏ လမ်းညွှန်ချက်ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် အမှန်တရားပေါ်မှာ အခြေခံပြီး ရာသီ ဥတုမျှတ‌ရေး၊ ဆင်းရဲသားများရေရှည် အဆင်ပြေောစေရေး သစ်ပင်များပြန်လည်စိုက်ပျိုးရေး၊ ကရုဏာ နှင့် မေတ္တာတရားတို့ကို အခြေခံလုပ်ဆောင်ကြောင်း၊ ဒီဂျူဘီလီနှစ်မှာ အကြွေးနွံနစ်နေသူများ လွတ် မြောက်ရေး လုပ်ဆောင်သွားဖို့ရှိကြာင်းလည်း ပြောကြားခဲ့ပါသည်။

သီချင်း သီကုန်း သီဆို ပြိုင်ပွဲ ဝင်သူများမှ သီဆိုဖျော်ဖြေခဲ့ကြပြီး ၊ ဆုရရှိသူများ၊ အထူးဧည့်သည်တာ်များ ကို လက်ဆောင်များ‌ပေးအပ်ခဲ့ပါသည်။

အခန်းအနားကို Rev. Fr. Dominic Zabinus နှင် ရန်ကုန် KMSS Director တို့မှ ကျေးဇူးတင်စကား များဖြင့် အဆုံးသတ်ခဲ့ပါသည်။

#rvamyanmar#laudatosi10#TheLetter

rvamyanmar
rvamyanmar
Articles: 2713

Leave a Reply

Your email address will not be published. Required fields are marked *