
မိဘတွေနဲ့ သားသမက် သမီးချွေးမတို့ ဆက်ဆံပေါင်းသင်းကြတဲ့အခါမှာ ပြဿနာ လေးတွေရှိတတ်ကြတယ်။
Love and Respect
ဒီနေ့မှာ မိဘတွေနဲ့ သားသမက် သမီးချွေးမတို့ ဆက်ဆံပေါင်းသင်းကြတဲ့အခါမှာ ပြဿနာ လေးတွေရှိတတ်ကြလို့ ဒီပြဿနာတွေကို ဖြေရှင်းပေးလို့ ရနိုင်မဲ့ စည်းမျဉ်းဥပေဒသလေးတွေရှိပါ တယ်ဆိုတဲ့အကြောင်း sharing ပေးသွားချင်ပါတယ်။
လက်တွေ့ဘဝမှာ အိမ်ထောင်ပြုတဲ့သူတိုင်း ကြုံတွေ့ကြရတာမို့ မိဘတွေအနေနဲ့ အရင်ဦးဆုံး လင်မထပ်မီနဲ့ လက်ထပ်ပြီး သွားတဲ့ သားသမီးဆိုတဲ့ အခြေအနေကို ခွဲခြားပြီး သိဖို့လိုပါတယ်။ ဒါက အရေးကြီးဆုံးပါ။
အဓိကကတော့ မိဘနဲ့ in law တွေက တစ်ဦးကိုတစ်ဦး လေးစားမယ်ဆိုရင် အဆင်ပြေသွား မှာပါ။
ကျွန်မတို့ ခရိယာန် ကျမ်းစာ ပညတ်တော် ၁၀ ပါးမှာ၊ ၄ပါးမြောက်မှာ ‘‘မိဘတို့အား ရိုသေ ခြင်းကို ပြုလော့’’ဆိုပြီး ပါရှိပါတယ်။ ဒီတော့ မိဘတို့ရဲ့ ဂုဏ်သိက္ခာကို ဂုဏ်ပြုရမှာပါ။ ဝေဖန်တာတို့ မကောင်းပြောတာတွေကို ရှောင်ကြရမှာပါ။ ရိုသေလေးစားကြမယ်ဆိုတဲ့ သဘောသက်ရောက်ပါ တယ်။
မိဘတွေအနေနဲ့ မိမိချစ်တဲ့ သားသမီးက လယ်ထပ်လိုက်ပြီး အိမ်ထောင်ပြုသွားပြီးရင် အနည်းငယ် ကွဲပြားခြားနားတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံဖို့ လိုလာသလို သားသမီးကလည်း မိဘကို အရင်ကလိုပဲ ရိုသေ ဂုဏ်ပြုပေးကြရအုံးမှာပါ။
သားသမီးက လက်ထပ်လိုက်ပြီဆိုပေမယ့် မိဘနဲ့ သားသမီးနှောင်ကြိုးက ရှိနေတုန်းပါပဲ။ ဒါပေမယ့် လက်ထပ်ပြီးသွားပေမယ့် မိဘရဲ့ အချုပ်အခြာအာဏာက သားသမီးအပေါ်မှာ အပြည့်အဝ မရှိနိုင်တော့ဘူးဆိုတာ မိဘအနေနဲ့ ရှင်းရှင်းလင်းလင်း သိထားရမဲ့အချက်ပါ။
တချို့မိဘတွေက လက်ထပ်ပြီးသွားတဲ့ သားသမီးရဲ့ အိမ်ထောင်ရေးမှာ အရင်တုန်းကလိုပဲ ချစ်တာကလည်း တစိတ်တစ်ဒေသပေါ့၊ အချုပ်အချာ အာဏာကို ဆက်ပြီးတည်ရှိနေတဲ့အခါမှာ သားသမီးရဲ့ အိမ်ထောင်ရေးကို Control ကန့်သတ်ထိန်းချုပ်နေသလို ဖြစ်သွားတတ်ပါတယ်။ မိဘက အငှားလက်ထပ်သလို ဖြစ်သွားပြီဆိုတာကို မေ့လျော့သွားတတ်ကြပါတယ်။
သားသမီးရဲ့ အိမ်ထောင်ရေးမှာ ဒီလိုနေထိုင်ရမယ်။ ဒီလိုအလုပ်လုပ်ရမယ် ဝင်ငွေထွက်ငွေက အစ ဒီလိုလုပ်သင့်တယ် စသဖြင့် မေတ္တာ၊ ကရုဏာတွေနဲ့ ပြောလာတတ်ကြတဲ့အခါမှာ သားသမီး တွေရဲ့ သဘောထားတွေနဲ့ အဲ့ဒီ advice အကြံပေးချက်တွေက ကွဲလွဲလာပါတော့တယ်။ သားသမီးက မတောင်းဆိုပဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် အကြံတွေ ပေးလာပါတော့တယ်။ မိဘက တစ်ခါတလေ အတင်းအကြပ် လုပ်တာတွေလဲ ရှိတတ်ပါတယ်။
ဒီလိုဖြစ်လာရင် သားသမီးအနေနဲ့ ဒီအကြံဉာဏ်တွေကို ရင်ထဲမှ သိမ်းထားမယ်။ လိုအပ်တဲ့ အချိန်မှာ သုံးမယ်။ ဒီလိုအကြံတွေပေးတာ အင်မတန်တန်ဖိုးကြီးလှပါတယ်။ အဲ့ဒီလိုပြောရင် အဆင် ပြေနိုင်ပါတယ်။
ဒါကြောင့် အိမ်ထောင်ပြုပြီးသွားတဲ့ သားသမီးနဲ့ မိဘတို့အနည်းငယ် ခွဲပြီးနေရတော့မယ်။ မိဘပြောတဲ့အတိုင်း မလိုက်နာရင် ဒီသားသမီး၊ ဒီ in laws တို့ မိဘနဲ့ ပြဿနာဖြစ်လာပါတော့မယ်။
အဲ့ဒီလိုဖြစ်တဲ့ မိဘတို့က သူတို့ဖြတ်သန်းလာခဲ့တဲ့ အိမ်ထောင်ရေးဘဝမှာ အဓိပ္ပါယ်ရှိတဲ့ အတွေးတွေ လစ်ဟာလို့ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားခဲ့ဖူးပါတယ်။ မကောင်းတဲ့ ကိုယ်ပိုင် လက္ခဏာတွေ ယူဆောင်လာခဲ့လို့ဖြစ်ရတာပါ။ မိမိကိုယ်မိမိ အထင်ကြီးပြီး သားသမီးအပေါ်မှာ အကြံ ပေးတာက မှန်ကန်တယ်လို့ ယူဆပြီး တဖြည်းဖြည်းနဲ့ ပိုပိုပြီး ပြင်းထန်လာပါတော့တယ်။ အဲ့ဒီတော့ မြေးတွေပေါ်မှာ ပဋိပက္ခဆန်တဲ့ ရည်ရွယ်ချက်တွေ intention တွေရှိလာပြီး သားသမီးတွေ in laws တွေနဲ့ အတိုက်အခံတွေဖြစ်လာ ပါတော့တယ်။ ပြဿနာတွေ စလာပါတယ်။
ဒီတော့ မိဘတွေအနေနဲ့ မေတ္တာတွေပေးပြီး ချစ်ခြင်းမေတ္တာနဲ့ ဦးတည်ရပ်တည်တာ အကောင်းဆုံးပါပဲ။ အဲ့ဒီလို Overly bond လွန်ကဲစွာ မေတ္တာချည်နှောင်မှုတွေက အထူးသဖြင့် မိခင် တွေဖြစ်တာ ပိုများပါတယ်။ တဖြည်းဖြည်း သားသမီးတွေ in laws တွေ ရဲ့ ဖယ်ကျဉ်စိမ်းကားတာကို ခံစားလာရပါတယ်။ ပြီးတော့ သားသမီးနဲ့ in laws သပ်သပ်စီခွဲပြီး ခွဲခြားဆက်ဆံတတ်လာပါတယ်။
အခုလို အခြေအနေမှာ သားသမီးပဲဖြစ်ဖြစ် in laws ကပဲဖြစ်ဖြစ် ပေးလာတဲ့ အကြံတွေက အစဉ်မပြေတဲ့အတွက် လက်မခံနိုင်ဘူးဆိုတာကို ပြောရတော့မှာပါ။ ဒီလို control ထိန်းချုပ်တာကို လက်မခံနိုင်ဘူး။ ဒါပေမယ့် အခုလို စိတ်ဝင်စားပြီး တိုးတက်ဖို့ အကြံဉာဏ်တွေ ခွန်အားတွေ ပေးလို့ ဝမ်းသာပါတယ်။ အခုလို ခွဲခြားဆက်ဆံတာက မိမိသားသမီးနဲ့ in laws ကို fix ပေါင်းစည်းစေတာ မဟုတ်တော့ပဲ၊ ကွဲသွားအောင်လုပ်သလိုဖြစ်သွားစေပါတယ်။
နောင်တစ်မျိုးက မိဘက သားသမီးရဲ့ အိမ်ထောင်ရေးမှာ ဝင်ရောက်ကျူးကျော်စွက်ဖက်တဲ့ အခါမှာ in laws တွေအနေနဲ့ မိမိရဲ့ ဇနီး/ခင်ပွန်း ကို ကာကွယ်ဖို့ အင်မတန် ခက်ခဲသွားပါတယ်။ အထူးသဖြင့် မိဘဆီက မိမိခင်ပွန်း/ဇနီးကို ကာကွယ်ဖို့ ပိုခက်သွားပါတယ်။ မိမိရဲ့ မိဘတွေက မိမိရဲ့ မိသားစုတွေဖြစ်တယ်။ ဒါပေမယ့် မိမိက ဘာဖြစ်လို့ ဝင်စွတ်ဖတ်ဖို့ ခွင့်ပြုရတာလဲ၊ မိဘဘက် ကလည်း နားလည်ပေးရမှာပါ။ ဥပမာ မိဘတွေဆီက ငွေကြေးထောက်ပံ့မှုတွေ ယူနေရလို့လား အစစအရာရာ ထောက်ပံ့မှုတွေရယူနေရလို့လား၊ ယူနေရတယ် ဆိုရင်တော့ မရေတွက်နိုင်လောက် အောင် အထက်စီးကနေ ဖြစ်သွားပါပြီ။
သားသမီးလေးတွေကို ကျောင်းကြိုကျောင်းပို့လုပ်ပေးနေလို့လား၊ လိုလေသေးမရှိအောင် ထောက်ပံ့ပေးနေလို့အား၊ အစစအရာရာ ထောက်ပံ့ပေးတာမရှိရင်ကတော့ Control လုပ်လို့ မရပါဘူး။ သားသမီးအနေနဲ့ မိမိကို ဘဝထဲကို မဝင်လာအောင် ပြီးတော့ မိမိတို့က အခြေခံကျကျ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာတွေကို ဒီသားသမီး / in laws တို့က နည်းနည်းခွဲခြားပြီး နေဖို့တော့ လိုပါတယ်။
ဘယ်လိုအခြေအနေမှာရှိတဲ့ အိမ်ထောင်ရေးမှာ ဖြစ်ဖြစ် ဒါတွေကို ဆင်ခြင်နိုင်မယ် စဉ်းစား ဆင်ခြင်ဉာဏ်သုံးပြီး ဉာဏ်ကွန့်မြူးပို့တော့ လိုပါတယ်။ ဒါဆိုရင် Happy Love နဲ့ အဆုံးသပ်သွားနိုင် ပါတယ်။

