ပြည်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံကျင်းပခြင်း။

ပြည်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံကို ပြည်သာသနာပိုင် ဆရာတော်ကြီး ပီတာတင်ဝေ၏စီစဥ်‌ေပးမှုဖြင့် မေ ၁၉ မှ ၂၁ ရက်နေ့ထိ ပြည်မြို့၊ စိန့်ဖရန်စစ်ဇေးဗီးယား ခန်းမဆောင်၌ ကျင်းပခဲ့ပါသည်။ ဓမ္မညီလာခံကို အဓိကဦးဆောင်ပေးသူများမှာ ကျိုင်းတုံသာသနာမှ သာသနာပိုင်ဆရာတော်ကြီး ဂျွန်စော ယောဟန်နှင့် ရန်ကုန်သာသနာမှ Fr. Hyginus Myint Soe တို့မှဦးဆောင်ပြီး ပြည်သာသနာ တိုက်နယ်တိုင်းမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ မိခင်များ၊ ဖခင်များ၊လူငယ်များ၊ သာသနာ့အကျိုးဆောင် ကိုယ်စားလှယ်များ စသည်ဖြင့် စုစုပေါင်းလူဦးရေ တစ်ရာကျော်ဖြင့် သုံးရက်သာ ကျင်းပခဲ့ပါသည်။

ဓမ္မညီလာခံကျင်းပရခြင်းနှင့်ပတ်သက်ပြီး ပြည်သာသနာပိုင် ဆရာတော်ကြီးပီတာ တင်ဝေမှလည်း ခုလိုပြောကြားသည်။

“ဓမ္မညီလာခံကျင်းပရခြင်းရဲ့ အကြောင်းတရားကတော့ ကျွန်ုပ်တို့ပုပ်ဖရန်စစ်ကနေပြီတော့ အသင်းတော်မှာ အပြောင်းအလဲတွေလုပ်ခဲ့တယ်။ Synodalityဆိုတဲ့ အတူတကွခရီးပြုခြင်းဆိုတဲ့အရာကို တစ်ကမ္ဘာလုံးကိုချပြခဲ့တယ်။ ပြည်သာသနာအနေနဲ့လည်း ဒီအတူတကွခရီးပြုခြင်း Synodality နှင့် ထိတွေ့မှုနည်းပါးနေသေးတယ် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာဝင်များအတွက် ဒါတွေက အနာဂတ်သာသနာအတွက်လိုအပ်တယ်။သာသနာပြုပြင်ပြောင်းလဲစရာတွေရှိတယ်ဆို တာကိုမြင်တဲ့အတွက် ဓမ္မညီလာခံကို ခေါ်ယူကျင်းပရခြင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ပြည်သာသနာသည် နှစ်ပေါင်းမြောက်များစွာ တမရိုးကျရှေးဟောင်းနည်းလမ်းနှင့်ပဲ ကျွန်ုပ်တို့သွားလာနေကြတယ်။ ကျွန်ုပ်တို့ရဲ့ တွေးခေါ်မှု၊ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုအားလုံးမှာ ရှေးရိုးနည်းလမ်းပဲသွားနေကြတယ်။ အခုလိုအသင်းတော်ရဲ့ အသစ်သော Synodality, Synodal Spirit ဒါတွေအားဖြင့် ကျွန်ုပ်တို့သာသနာကို ပြန်လည်မွန်းမံပြီးမှ သာသနာတော်ထဲမှာ အမှူဆောင်နေကြတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ ဓမ္မဆရာတွေ၊ ဘာသာဝင်တွေအားလုံးသည် အသစ်သော အတွေးအမြင်သစ်အားဖြင့် စိတ်ဓာတ်ခွန်အားအသစ်ဖြင့် သာသနာကို ပိုမိုပြီးမှ အသက်သွင်းနိုင်ဖို့ ၊တက်တက်ကြွကြွပါဝင်လှုပ်ရှား နိုင်ဖို့ရည်ရွယ်ပြီးမှ ဒီပြည်သာသနာရဲ့ အရွေးတစ်ခုကို ဖန်တီးဖို့ရန်အတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်။

ဒီသာသနာရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဒီသာသနာရဲ့အနာဂါတ် သာသနာ့ခရီးလမ်းအတွက် ရည်ရွယ်ပြီး ကျိုင်းတုံ ဆရာတော်ကြီး ဂျွန်စောယောဟန်နှင့် ရန်ကုန်သာသနာက Rev. Fr. Hyginus Myint Soe တို့ကို resource person အဖြစ်ခေါ်ပြီးပြည်သာသနာမှ တိုက်နယ်တိုင်းက ဘုန်းကြီးများအားလုံး Community တစ်ခုက သီလရှင်နှစ်ပါးစီ၊ တိုက်နယ်တစ်ခုကဖခင်နှစ်ဦး၊ မိခင်နှစ်ဦး၊ လူငယ်နှစ်ဦး စသည်ဖြင့် အချိုးကျခေါ်ယူပြီး လူဦးရေ တစ်ရာကျော်ဖြင့် ကျင်းပခဲ့ပါတယ်။ တစ်ခြားသောခရစ်ယာန် ညီအစ်ကိုတွေကိုဖိတ်ကြားခြင်းတော့မရှိသေးပါဘူး။ ကက်သလစ်ဘာသာဝင် တိုက်နယ်အသီးသီးက ကိုယ်စားပြု ကိုယ်စားလှယ်တွေပဲ တက်ရောခြင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့အသင်းတော်သည် ဗဟိုဦးစီးမှုစနစ်နဲ့သွားနေတဲ့အခါမှာ တစ်ခါတလေ ရဟန်းတွေရဲ့ အခန်းဏ္ဍတွေကို အမှီပြုလွန်းတဲ့အခါမှာ သာမန်ဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ စီမံခန့်ခွဲမှု လှုပ်ရှားသွားလာမှုအပိုင်းမှာ အားနည်းသွားတဲ့သဘောတွေလည်း ဝေဖန်ထောက်ပြမှုတွေရှိလာတယ်။ အခု Synodal Journey ဆိုတဲ့နေရာမှာတော့ လူတိုင်းလူတိုင်းသည် အသင်းတော်ရဲ့ သာသနာပြုလုပ်ငန်းမှာကဏ္ဍအလိုက် သူ့နေရာနဲ့သူ ပူးပေါင်းပါဝင်ကြမယ်ဆိုတဲ့ အရာလေးကို ပြန်ပြီးတော့ ပုံဖော်ခြင်း၊ အသက်သွင်းခြင်းဖြစ်ပါတယ်။

အသင်းတော်ဆိုတာ လူ့အဖွဲ့အစည်းနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်ုပ်တို့လူသားတွေအတွက် ခေတ်တစ်ခေတ် ပြောင်းလဲတိုင်း ကျွန်ုပ်တို့ရဲ့ တွေးခေါ်မှုပုံစံ၊ ယဉ်ကျေးမှုပုံစံတွေလည်း ပြောင်းလဲသွားတဲ့အခါမှာ ဒီလိုပြောင်းလဲတဲ့ ခေတ်ကာလအခြေအနေအရ လူ့အဖွဲအစည်းအတွက် ပြောင်းလဲတဲ့ စည်းမဉ်းစည်းကမ်းတွေ အသစ်သော ပေါ်လစီတွေ ဒါတွေကပြောင်းလဲ သတ်မှတ်ပေးရတဲ့ သဘောရှိတယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိရမယ် အသင်းတော်မှာ ပွင့်လင်းမြင်သာမှုရှိရမယ်ဆိုတဲ့အရာတွေကို ဒီခေတ်နဲ့လျောညီစွာ သာသနာမှာလည်း ရဟန်းသီလရှင်၊ လူဝတ်ကြောင်ဘာသာသူတွေ အားလုံးဒါတွေကိုသိရှိနားလည်ပြီးမှ အသင်းတော်ကို အသစ်တစ်ဖန်ပြန်လည်ပြီးတော့ အသစ်သော တွေးခေါ်မှုမျှော်မြင်မှု နည်းစနစ်များနဲ့ အားသစ်လောင်းဖို့တွက်ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးလို့ပြောတဲ့အခါမှာ တစ်ခါတလေ တစ်ရာမှာ တစ်ရာရာခိုင်နှုန်းပြုပြင်ပြောင်းလဲဖို့တော့ ခက်တယ်ပေါ့နော တစ်ချို့အရာတွေက ပြောင်းလဲဖို့ နည်းနည်းခက်တာတွေရှိတယ်။ သို့သော်လည်း ပြောင်းလဲခြင်းတရားမှာ အများစုပြောင်းလဲနိုင်ပြီဆိုလို့ရှိရင် သာသနာတော်သည် အရွေ့တစ်ခုကိုတော့ ကျွန်ုပ်တို့ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဓမ္မညီလာခံကျင်းပခြင်းအားဖြင့် ကျွန်ုပ်တို့စိတ်အားထက်သန်တဲ့သူတွေ ပြုပြင်ပြောင်းလဲတဲ့ပုဂ္ဂိုလ်တွေဖြစ်လာမယ်။ အဓိကတော့ ဝိညာဉ်တော်ဘုရားရဲ့အသံကို နားထောင်တတ်တဲ့ အလေ့အကျင့်တွေကို ဘုန်းတော်ကြီး၊ သီလရှင်၊ ဘာသာသူများ အားလုံး ဒါတွေကို လေ့ကျင့်သင်ကြားသိရှိခြင်းအားဖြင့် အရာခပ်သိမ်းကို လူ့အတွေးစိတ်နဲ့ပဲ မဆုံးဖြတ်ပဲ ဝိညာဉ်တော်ရဲ့ နှိုးဆော်မှုအသံ၊ ဝိညာဉ်တော်ရဲ့ လမ်းပြမှုအသံအားဖြင့် စိတ်ရှည်ရှည်နဲ့ ကျွန်ုပ်တို့ အရာတစ်ခုကို လေးလေးနက်နက် စဉ်းစားသုံးသပ် စဉ်ခြင်ပြီးမှ ဆုံးဖြတ်ချက်တွေကို အကောင်းဆုံးချမှတ်နိုင်မယ်လို့ မြင်မိပါတယ်။” ဆိုပြီးပြည်သာသနာပိုင်ဆရာတော်ကြီး ပီတာတင်ဝေမှ ရှင်းပြခဲ့ပါသည်။

News-Paul(RVA Myanmar)

Photo -OSC-Pyay Diocese

#rvamyanmar#LocalNews#synodaljourney2025#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 2690

Leave a Reply

Your email address will not be published. Required fields are marked *