ယခုအချိန်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပေါင်းကူးတံတားများတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ပုပ်ရဟန်းမင်းကြီးလီယိုမိန့်ကြား။

ယခုအချိန်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပေါင်းကူးတံတားများတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ပုပ်ရဟန်းမင်းကြီးလီယိုမိန့်ကြား။

အာဗီအေမြန်မာ၊၂၁၊၅၊၂၀၂၅။

ပြီးခဲ့သောတနင်္လာနေ့ မေလ ၁၉ ရက်နေ့က ခရစ်ယာန်များစည်းလုံးညီညွတ်ရေးနှင့် ဘာသာရေး နှီးနှောဖလှယ်မှုတို့၏ ကိုယ်စား လှယ်များကို ရဟန်းမင်းကြီးလီယို ၁၄ က အထူးဧည့်သည်အဖြစ် လက်ခံတွေ့ ဆုံခဲ့ပါသည်။

ယုံကြည်ခြင်း၌စည်းလုံးခြင်းသည်သာ၊ စစ်မှန်သောစည်းလုံးခြင်း။

ရဟန်းမင်းကြီးလီယိုသည် ပထမဦးစွာ ခရစ်ယာန်အသင်းတော်များ၊ ခရစ်ယာန်အဖွဲ့အစည်းများ နှင့် တွေ့ဆုံခဲ့ပြီး၊ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင့်ခုနစ်ရာလောက်က ပြုလုပ်ခဲ့သော နီစီယာမြို့ကောင်စီ (Council of Nicea) ကို အခြေခံပြီး ခရစ်ယာန်များကြားစည်းလုံးညီညွတ်မှုသည် ယုံကြည်ခြင်း၌သာ စည်းလုံးခြင်းရှိနိုင်သည်ဟုအလေးပေးပြောကြားခဲ့ပါသည်။

လူသားအချင်းချင်းစည်းလုံးညီညွတ်မှု၏ဘုံလမ်းစဉ်

ခရစ်ယာန်မဟုတ်သောအခြားဘာသာရေး အဖွဲ့အစည်းများ၏ကိုယ်စားလှယ်တော်များနှင့် တွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီး လီယို ၁၄ က ကျွန်ုပ်တို့၏ဘုံလမ်းစဉ်သည် လူသားအချင်းချင်း စည်းလုံးညီညွတ်သော စိတ်ဓာတ်ဖြင့် အားလုံးပါဝင်နိုင်ကြောင်းကိုလည်းနားလည်ထားရမည်။ယခုအချိန်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပေါင်းကူးတံတားများတည်ဆောက်ရမည့်အချိန်ဖြစ်တယ်။ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ လုပ်ဆောင်ခြင်းနှင့်စကားလုံးများသည် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ယဉ်ကျေးသောလမ်းကြောင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းလမ်းကြောင်း၊ နည်းလမ်းစံနှုန်းများဖြင့် အပြန်လှန်နားလည်မှုလမ်းကြောင်း စသည့်တွေ့ဆုံမှုလမ်းကြောင်းသစ်တွေကိုဖွင့်လှစ်ပေးခဲ့တယ် ဟုရဟန်းမင်းကြီးလီယို ၁၄ ကထည့် သွင်း ပြောကြားခဲ့ပါသည်။။

ဂျူးဘာသာ၊ အစ္စလာမ်နှင့် အခြားဘာသာရေးထုံးတမ်းများနှင့်ဆက်ဆံရေး။

ရဟန်းမင်းကြီးလီယို ၁၄ က ဂျူးများနှင့်ခရစ်ယာန်များရရှိခဲ့သည့် ဘာသာရေးအမွေအနှစ်များကို အလေးထားဖော်ပြခဲ့ကာ၊ အထူးသဖြင့် ပဋိပက္ခများနှင့် နားလည်မှုလွဲမှားမှုများကြုံနေရချိန်တွင်ပင်လျှင် အဖွဲ့အစည်းများကြား ဓမ္မရေးရာဆွေးနွေးမှုများသည်အရေးပါလျက်ရှိကြောင်း၊ ညီရင်းအစ်ကိုပမာ စိတ်ဓာတ်ဖြင့် ဘာသာရေးဆွေးနွေးမှုများကို လုပ်ဆောင်လိုသူများ များပြားလာခြင်းသည် ခရစ်ယာန်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ကောင်းမွန်သောပေါင်းသင်းဆက်ဆံရေးကို ဖော်ဆောင်နေကြောင်း၊ အပြန်လှန်လေးစားမှုနှင့်လွတ်လပ်စွာ ယုံကြည်ခွင့်ကိုအခြေခံသည့်ချဉ်းကပ်မှုများသည် ကျွန်ုပ်တို့ အသိုင်းအဝိုင်းများကြား ပေါင်းကူးတံတားများတည်ဆောက်ခြင်းအတွက် အခြေခံအုတ်မြစ်များ ဖြစ် သည်။

ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ နှင့် အခြားသောဘာသာရေးထုံးတမ်းအစဉ်အလာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က “အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် ဒဏ်ရာရနေသောကမ္ဘာကြီးတွင်” သင်တို့၏ပံ့ပိုးကူညီလုပ်ဆောင်မှုများအတွက် ကျေးဇူးတင်ကြောင်းကိုလည်း ရဟန်းမင်းကြီးမှဖော်ပြခဲ့ပါသည်။

ပိုမိုငြိမ်းချမ်းသောကမ္ဘာကြီးကိုတည်ဆောက်ကြပါစို့။ စိတ်စေတနာကောင်းရှိသော လူတိုင်းမျော်လင့်တောင်းတနေသော ပိုမိုငြိမ်းချမ်းသောကမ္ဘာကြီးတည်ဆောက်ခြင်းမှာ တစ်ဦးပေါ်တစ်ဦးထားသော ကျနော်တို့၏ညီရင်းအစ်ကိုပမာစိတ်ဓာတ်သည်။ ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးကိုတည် ဆောက်ဖို့ရန်သေချာပေါက်အထောက်အကူဖြစ်ပါလိမ့်မည် ဟုရဟန်းမင်းကြီးကမြွက်ကြားခဲ့ပါသည်။

ဘာသာပြန်- Fr.Peter Kyi Maung(RVA-Myanmar)

Potho&News- Vatican News

#rvamyanmar#PopeMessage#Peace#Archdioceseofmandalay

rvamyanmar
rvamyanmar
Articles: 2648

Leave a Reply

Your email address will not be published. Required fields are marked *