ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ဩဝါဒ ၂၁၊ ၅၊ ၂၀၂၅
ဓမ္မမိတ်ဆွေတို့ကိုဒီကနေ့ကြားနာခဲ့ရတဲ့ဟာ ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၅:၁-၈ မှာ
ငါဟာစစ်မှန်သောစပျစ်နွယ်ပင်ဖြစ်တယ်။ ငါ၌အသီးမသိသောအကိုင်းအခက်တို့ကိုဖယ်ရှားဖြတ်တောက်ပစ်မယ်။ ဒီနေ့ခေတ်ကြီးထဲမှာ၊ ရုပ်ဝတ္ထုဝါဒလွှမ်းမိုးမှုကြောင့်၊ လူတွေဟာအချိန်နှင့်အမျှ ငွေနောက်ကိုလိုက်နေကြရတယ်။ တစ်ချို့သောတိုးတက် ချမ်းသာတဲ့နိုင်ငံတွေမှာ၊ လစာပေးခြင်း၊ စနေ တနင်္ဂနွေအားလပ်ရက်ပေးခြင်း၊ ဆိုတာတွေထက် အလုပ်ကိုအချိန်နာရီနဲ့လုပ်စေတယ်။ တစ်နာရီအလုပ်လုပ်လျှင် အခါကျေးငွေတွေ ဘယ်လောက် ဆိုတာပေးပြီးခိုင်းကြတယ်။ ရက်သတ္တပတ်ကို အချိန်နာရီ၄၀ သို့ နာရီ၅၀၊ အလုပ်လုပ်ကြရတယ်။ အချိန်နာရီ၄၀/ ၅၀ပြည့်ဖို့ရန် ဘယ်နေ့ဘယ်ရက်မှာပဲအလုပ်လုပ်ရေး၊ တစ်ပတ်ကိုအချိန်မှာနာရီ၅၀ပြည့်ဖို့သာ အရေးကြီးတယ်။ စီးပွားရေးသမားတွေက အချိန်ကိုငွေဖြစ်စေတယ်၊ ဒါကြောင့်အချိန်က ငွေ၊ ငွေက ဘုရားနေရာကို ဝင်ရောက်လာတယ်။ ဒါကြောင့်ခရစ်ယာန်တော်တော်များများဟာ အမည်ခံ ခရစ်ယာန်ဘဝကို ရောက်မှန်းမသိရောက်သွားကြတယ်။ ဘုရားသခင်အတွက်အသီးအပွင့်ရှာဖို့ဆိုတာထက်၊ လောကအသီးအပွင့်တွေကိုသာ၊ အချိန်ပေးပြီးရှာနေရတယ်။ ဘုရားတရားလေ့လာဖို့အချိန်မရှိ။ ကျမ်းစာဖတ်ဖို့အချိန်မရှိ၊ ကလေးတွေကိုဘုရားတရားအအကြောင်း သင်ကြားပေးဖို့မိဘတွေမှာအချိန်မရှိဖြစ်လာကြတယ်။ ခရစ်ယာန်လို့ပြောတယ်။ ခရစ်တော်နောက်လိုက်လို့ပြောတယ်။ သူ့မှာ ချစ်ခြင်းမေတ္တာဆိုသောအသီးမရှိ၊ သည်းခံခြင်းဆိုသောသီးမရှိ၊ ယောင့်ရဲတတ်ခြင်းဆိုသောအသီးမရှိ၊ ခွင့်လွှတ်ခြင်းဆိုသောအသီးမရှိ၊ နှိမ့်ချခြင်းဆိုသောအသီးမရှိ၊ ကိုယ်ချင်းစာတရားဆိုသောအသီးမရှိ၊ ပေးကမ်းဝေမျှခြင်းဆိုသောအသီးလည်းမရှိ။၊ သခင်ခရစ်တော်သီးပွင့်စေချင်သော အသီးအပွင့်များမရှိဘဲ။ လောကရဲ့အသီးအပွင့်တွေဖြစ်တဲ့၊ လောဘ ဒေါသ မောဟ၊ အတ္တ၊ မန်မာန၊ တဏှာရာဂ၊ စသည့်မလိုအပ်သည့်။ အသီးအပွင်းများကိုသာ၊ ဝေစားစွာ သီးပွင့်နေကြတယ်။ သင့်မှာရော မည်ကဲ့သို့သောအသီးမျိုးတွေ သီးနေသလဲ။ ဓမ္မမိတ်ဆွေ ကိုယ့်ဘဝကိုဆန်းစစ်ကြကြည့်ပါ။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။