ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလပဥ္စမသီတင်းပတ် အင်္ဂါနေ့ဩဝါဒ ၂၀၊ ၅၊ ၂၀၂၅
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင် ယောဟန်ခရစ်ဝင်ကျမ်း ၁၄:၂၇-၃၁ မှာ အခန်းငယ် ၂၇ ငြိမ်းချမ်းခြင်းကိုသင်တို့၌ငါထားပေး၏၊ ငါ၏ငြိမ်းချမ်းခြင်းကိုသင်တို့အားငါပေး၏။ ကမ္ဘာလောကပေးသလိုငါမပေး။ ဒီကျမ်းပိုဒ်လေးကို ကိုထောက်ရှုကြည့်ရအောင်။ ကျနော်တို့နေထိုင်နေသောကမ္ဘာလောကကြီးမှာ ငြိမ်းချမ်းခြင်းဆိုတာတကယ်ရှိရဲ့လား။၊ လောကကြီးမှာ ရယူလိုမှု၊ ပိုင်ဆိုင်လိုမှု၊ ကြွားပါလိုမှု၊ လောဘဒေါသမောဟရဲ့ အတ္တမာန်မာနတွေနဲ့ ပြည့်နှက်နေတာကိုပဲတွေ့မြင်နေကြရတယ်၊ ငြိမ်းချမ်းမှုဆိုတာတကယ်ရောရှိရဲ့လား။ တိုင်းနိုင်ငံတွေအချင်းချင်းကြားမှာပဲကြည့်၊ ချမ်းသာတဲ့နိုင်ငံကဆင်းရဲတဲ့နိုင်ငံအပေါ်မှာအမြတ်ထုတ်တယ်။ အင်အားကြီးတဲ့နိုင်ငံကအင်အားနည်းတဲ့နိုင်ငံကိုအနိုင်ကျင့်တယ်၊ ပစ္စည်းဥစ္စာ လက်နက်အင်အား၊ ခွန်အားချင်းညီမျှတဲ့နိုင်ငံတွေက တစ်ဦးနဲ့တစ်ဦးရန်လိုနေကြတယ်။ အာဏာမက်မောခြင်း၊ ဥစ္စာမက်မောခြင်း၊ မတော်လောဘရမက်ကြီးခြင်း။ ဒီစိတ်နေစိတ်ထားတွေကြောင့်၊ ဒီလောကကြီးမှာ၊ မတရားမှုတွေ၊ အမြတ်ထုတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ကြီးနိုင်ငယ်ညှင်းမှုတွေ၊ ဒီအရာတွေကြောင့် လူတိုင်းနီးပါးဟာ၊ မလုံခြုံမှု၊ ကြောက်ရွံမှု၊ ဆိုရိမ်ပူပန်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ နာဖျားမကျန်းမာမှု၊ စသည့်ပူလောင်မှုတွေနဲ့သာရင်ဆိုင်နေကြရတယ်။ ဒီအရာတွေက ဒီကမ္ဘာလောကကြီးက ကျွန်တော်တို့ကိုပေးထားတဲ့၊ မငြိမ်းချမ်းတဲ့ပူလောင်မှုတွေပဲ။ သခင်ခရစ်တော်က ငြိမ်းချမ်းခြင်းကိုသင်တို့၌ငါထားပေး၏၊ ငါ၏ငြိမ်းချမ်းခြင်းကိုသင်တို့အားငါပေး၏ လို့ မိန့်ကြားခဲ့တယ်။ သခင်ခရစ်တော်က၊ လျော့ဒါငြိမ်းချမ်းခြင်း ယူလိုက်နင့်ဘဝအေးချမ်းသွားလိမ့်မယ်။ ဆိုပြီးပေးခဲ့တာမဟုတ်။ လောကမှာလူတွေပြောဆိုကြတယ်။ ဒီဘဝကြီးကိုစိတ်ကုန်နေပြီ။ အေးချမ်းခြင်ပြီ ငြိမ်းချမ်းခြင်ပြီ၊ ဘဝကိုအေးအေးဆေးဆေးသက်သက်သာသာလေးနေခြင်ပြီ။ စသဖြင့်မကြာခဏပြောဆိုကြတာကိုကျွန်တော်တို့ကြားရတယ်။၊ သင်တကယ်အေးချမ်းခြင်လား။ သခင်ခရစ်တော်ရဲ့တရားက မိမိနဲ့နီးစပ်သောသူကိုချစ်ပါ။ လို့ သင်ပေးခဲ့တာ၊ ချစ်ခြင်းမတ္တာက သင့်ကိုငြိမ်းချမ်းမှုပေးစေခြင်လို့ပဲ၊ တစ်ယောက်ကိုတစ်ယောက်ခွင့်လွှတ်ကြပါ။၊ ခွင့်လွှတ်ခြင်းတရားကသင့်ကိုငြိမ်းချမ်းမှုပေးခြင်လို့ပဲ၊ တစ်ယောက်ကိုတစ်ယောက်မာန်မာနမထားဘဲနှိမ့်ချစွာဆက်ဆံကြပါ။ နှိမ့်ချခြင်းကသင့်ကိုအေးချမ်းမှုပေးလို့ပါပဲ၊ တစ်ယောက်ကိုတစ်ယောက်ဝေမျှကြပါ။ လောဘယမက်နည်းခြင်းကသင့်ကိုအေးချမ်းမှုပေးဖို့ပဲ။၊ တယောက်ကိုတစ်ယောက်ကိုယ်ချင်းစာကြပါ။ ကိုယ်ချင်းစာခြင်းတရာက သင့် ဘဝကိုအေးချမ်းစေချင်လို့ပဲ၊ ။သင်တကယ်ငြိမ်းချမ်းခြင်ရင်၊ သခင်ခရစ်တော်ပေးတဲ့တရားကိုကျင့်ကြည့်ပါ။ ပူလောင်မှုကင်းတဲ့ငြိမ်းချမ်းမှုကိုရလိမ့်မယ်။၊ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။