သာသနာတာ်သည် မုန့်ကိုကြီးထွားစေသော တဆေးကဲ့သို့ စည်းလုံးခြင်းနှင့် ချစ်ခြင်းမေတ္တာကို တိုးပွား စေသော တဆေးလေးများဖြစ်ကြရမည်။

သာသနာတာ်သည် မုန့်ကိုကြီးထွားစေသော တဆေးကဲ့သို့ စည်းလုံးခြင်းနှင့် ချစ်ခြင်းမေတ္တာကို တိုးပွား စေသော တဆေးလေးများဖြစ်ကြရမည်။
မေလ ၁၈ ရက်နေ့ ရဟန်းမင်းကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း တနင်္ဂနွေနေ့ မစ္ဆားတရားအပြီးတွင် “ကျွန်ုပ်၏ကောင်းမှုကုသိုလ်တို့အတွက် ရွေးချယ်ခံခဲ့ရခြင်းမဟုတ်၊ဘုရားရှင်သည် ကျွန်ုပ်တို့အားလုံးကို မိသားစုတစ်စုကဲ့သို့စည်းလုံးစေချင်တဲ့အတွက်ကြောင့် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာလမ်းမှာ သင်တို့နဲ့ အတူလျှောက်လှမ်းရန်၊ သင်တို့၏ယုံကြည်ခြင်းကိုအစေခံရန်ဆန္ဒရှိသော ညီအစ်ကိုတစ်ယောက်အဖြစ် သင်တို့ထံသို့ ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ကျွန်ုပ်လာမည်။”
သူ၏သြဝါဒတွင် ရိုးရှင်းလေးနက်သော စကားလုံးများဖြင့် သာသနာတော်ကြီးကိုလမ်းညွှန်နေပြီး၊
စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊မုန်းတီးမှုများနှင့် ကွဲပြားမှုများသည် ၊ (သူတစ်ပါးဒုက္ခ၊ကိုယ်နှင့် မဆိုင်သူများ) ကဲ့သို့ဖြစ်နေကြောင်းထောက်ပြခဲ့ပြီး၊ ဘုရားရှင်ကကျွန်ုပ်တို့ကို မိသားစုကဲ့သို့ဖြစ်စေလိုကြောင်း၊ ညီအစ်ကိုရင်းစိတ်နေစိတ်ထားရှိဖို့၊ ဂရုဏာတရားထားကြဖို့၊ စည်းလုံးကြဖို့နှင့် ချစ်ခြင်းမေတ္တာတို့ အကြောင်းကို ရဟန်းမင်းကြီးလီယိုက ဟောကြားခဲ့ပါသည်။
လူတို့၏နှလုံးသားထဲမှဖြစ်ပေါ်လာသော မုန်းတီးမှုများနှင့်စစ်ပွဲများကိုကျော်လွှားရန်၊ တစ်ဦးကိုတစ်ဦး နားလည်ကြရ၊ ညှိနှိုင်းဆွေးနွေးမှုများကိုပြုလုပ်ကြရန်နှင့် တဦးနှင့်တစ်ဦးချစ်ခြင်းမေတ္တာနှင့် နေထိုင် ကြရန်၊ ညီအစ်ကိုအချင်းချင်း လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်ခြင်းများကို၊ ခက်ထန်ကြမ်းတမ်းသော စကားလုံးများဖြင့်၊ ဘဝနာသွားအောင်မပြုလုပ်ကြဖို့၊ဟောကြားခဲ့သော ရဟန်းမင်းကြီး၏ စကားလုံး များသည် ချစ်ခြင်းမေတ္တာကိုသက်သေခံနေကြောင်း ၊ ရဟန်းမင်းကြီးရုံးတော် သတင်းတီးဖြတ်ရေး ဒါရိုက်တာမှ မှတ်ချက်ပြုထားပါသည်။
ဘုရားရှင်၏အစေခံတို့ကို အစေခံသောသူဖြစ်ရမည်။ ရောမမြို့၏ကရုဏာရေးလုပ်ငန်းသည် သခင်ခရစ်တော်၏ဂရုဏာပေါ်၌တည်ရှိရမယ်။ သိုးထိန်းသည်သိုးစုကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သူသာဖြစ်ရမည်၊ အာဏာရှင်မဖြစ်ရ။ ချစ်ခြင်းမေတ္တာနဲ့အစေခံကြဖို့ တစ်ဦးနှင့်တစ်ဦး လက်တွဲလုပ်ဆောင်ကြဖို့ကိုသာ အဓိကထားတိုက်တွန်းသူ ရဟန်းမင်းကြီးတပါးဖြစ်ကြောင်း အယ်ဒီတာ ချုပ်မှ ပြော ကြားခဲ့ပါသည်။
ဘာသာပြန်_ Fr.Peter Kyi Maung(rvamyanmar)
Photo&News- Vatican News