

စစ်ကြောင့်အတိဒုက္ခရောက် နေသော ဂါဇာ၊ မြန်မာ နှင့် ယူကရိန်းတို့အတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး။

စစ်ကြောင့်အတိဒုက္ခရောက် နေသော ဂါဇာ၊ မြန်မာ နှင့် ယူကရိန်းတို့အတွက် ပုပ်ရဟန်းမင်းကြီး ဆု တောင်း ပေး။
အာဗီအေမြန်မာ၊၁၉၊၅၊၂၀၂၅။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က စစ်ဘေးသင့်ဒေသများအတွက် ငြိမ်းချမ်းရေးတောင်းဆိုခဲ့ပြီး၊ အထူး သဖြင့် ဂါဇာ၊ မြန်မာ နှင့်ယူကရိန်းတို့တွင် စစ်ပွဲကြောင့် ဒုက္ခရောက်နေသူများအတွက် ဆုတောင်း ပေးလျက်ရှိကြောင်း ရဟန်းမင်းကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း တနင်္ဂနွေနေ့ မစ္ဆားတရားအပြီး Regina Caeli အန်ဂျေလူး မေတ္တာဆိုအပြီးတွင် စစ်ကြောင့်ဒုက္ခရောက်နေသူများအတွက် မေတ္တာရပ်ခံ တောင်းဆိုပေးခဲ့ပါသည်။ ထိုမစ္ဆားတရားတွင် ပါဝင်တက်ရောက်သူလူနှစ်သိန်းနှင့် ဘာသာပေါင်းစုံ၊ အသင်းတော်ပေါင်းစုံ နှင့် နိုင်ငံကိုယ်စားလှယ်အသီးသီးတို့အား ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ “ယုံကြည်ခြင်းနှင့် စည်းလုံးခြင်းရဲ့ပျော်ရွှင်မှုမှာ စစ်ကြောင့်ဒုက္ခရောက်နေသော ညီအစ်ကိုမောင်နှမတွေ ကို မေ့ထားလို့မရဘူးဟု” ရဟန်းမင်းကြီးလီယိုက မိန့်ကြားခဲ့ပါသည်။
ဂါဇာရှိ ကျန်ရစ်သူကလေးသူငယ်များ၊ မိသားစု များနှင့်သက်ကြီးရွယ်အိုများ ခံစားနေရသောငတ်မွတ် ခေါင်းပါးမှုကို လျော့ချနိုင်ခဲ့ကြောင်း၊မြန်မာ နိုင်ငံတွင် ရန်လိုမှုအသစ်များသည် အပြစ်မဲ့လူငယ်များ၏ အသက်ကိုတိုတောင်းစေကြောင်း၊ ထို့ပြင် ယူကရိန်းစစ်ပွဲတွင် သေဆုံးသွားသူများအတွက် ဝမ်းနည်း ကြောင်း နှင့်၊ ရေရှည်တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိ့နှိုင်းမှုများကို စောင့်မျှော် နေ ကြောင်း၊မိန့်ကြားခဲ့ပြီး။ မစ္ဆားတရား တွင်ပါဝင်တက်ရောက်ခဲ့သာ ယူကရိန်းသမ္မတ နှင့် သူ၏ဇနီးတို့ကို မစ္ဆား အပြီးတွင် သီးသန့် တွေ့ဆုံခဲ့ပါသည်။
Regina Caeli အန်ဂျေလူး မေတ္တာဆိုအပြီးတွင် ပုပ်ရဟန်းမင်းကြီးလီယို က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဝိညာဉ်ရေးရာကူညီနေမှုကို ခံစားရကြောင်း၊ အမိမယ်တော်ထံမှ ဆုတောင်းခြင်းနှင့် သူ၏လုပ်ဆောင် မှုအားလုံးကိုအပ်နှံထားကြောင်း ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ကို သက်သေခံကြ သူများကျေးဇူးတော်ရရှိရေး၊ ဒုက္ခမျိုးစုံခံနေရသူများနှစ်သိမ့်မှု နှင့် အထောက်အပံ့များရရှိရေး၊ ငြိမ်းချမ်း ခြင်းအတွက်ကျေးဇူးတော်တို့ကို အမိမယ်တော်၏ ကြားဝင်ဆုတောင်းပေးမှုကို တောင်းဆိုခဲ့ပါသည်။

