ပုပ်ရဟန်းမင်းကြီ လီယို ၁၄ နှင့် ယူကရိန်းသမ္မတ ဇလန်စကီး တို့ ဖုန်ဖြင့်ဆက်သွယ်စကားပြော။

ယူကရိန်းတွင်ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့်ကလေးသူငယ်များကို မိသားစုထံ ပြန် နိုင်ရေး နည်းလမ်းပေါင်းစုံနှင့်ကြိုးစားကြဖို့ရဟန်းမင်းကြီးတောင်းဆို
ပုပ်ရဟန်းမင်းကြီ လီယို ၁၄ နှင့် ယူကရိန်းသမ္မတ ဇလန်စကီး တို့ မေလ၁၂ရက်နေ့က ဖုန်းဖြင့် ဆက်သွယ် စကားပြော ခဲ့ကြောင်းရဟန်းမင်းကြီးရုံးတော်သတင်းပြန်ကြားရေးဌာနအကြီးအကဲ မာတေအိုဘရူးနီ ပြောကြားချက်အရသိရှိရပါသည်။။
ယူကရိန်းတွင်ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး နည်းလမ်းပေါင်းစုံ နှင့်ကြိုးစားကြဖို့၊ တိုက်တွန်းခဲ့သလို ချစ်ခင်ရပါသော ယူကရိန်း ပြည်သူတို့၏ ဒုက္ခအခက်အခဲများကို ကျွန်ုပ်၏ ရင်ထဲ၌ သိမ်းဆည်းသယ်ဆောင်ထားကြောင်း အီစတာကာလ နေ့ခင်းဆုတောင်း မေတ္တာရွတ် ဆိုခြင်းမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။
ကလေးသူငယ်များ မိသားစုထံပြန်နိုင်ရေး နှင့် အဖမ်းဆီးခံအကျင်းသားများလွတ်မြောက်ရေးကိုလည်း တောင်းဆိုခဲ့ပါသည်။
မေလ၈ ရက်နေ့သည် သန်း၆၀သော လူ့အသက်များသေဆုံးခဲ့သည့် ဆိုးရွားသော ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ်၈၀ပြည့် လည်းဖြစ်ပါသည်။
စစ်ဆိုသောအနိဌာရုံကြီး နောက်တစ်ကြိမ်မဖြစ်ပေါ်ကြဖို့ အထူးသဖြင့် အိန္ဒိယ ပါကစ္စတန်နယ်နိမိတ်၊ ဂါဇာဒေသနှင့်ယူကရိန်းတို့အတွက်တောင်းဆိုခဲ့ပါသည်။
– ကျနော်တို့သူ့ရဲ့စကားကိုလေးလေးနက်နက်တန်ဖိုးထားတယ် (ယူကရိန်းသမ္မတ ဇလန်စကီး)
ပုပ်ရဟန်းမင်းကြီ လီယို ၁၄ နှင့် ပထမဦးဆုံးအကြိမ် စကားပြောခွင့်ရခြင်း အကြောင်းနှင့် ရဟန်းမင်းကြီး၏ ယူကရိန်းအပေါ်ကူညီထောက်ပံ့ခြင်းတို့ကို ကျေးဇူးတင်ကြောင်း သူ၏ X ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြထားပါသည်။
ဆက်လက်ပြီးသူက ကျွန်တော်တို့နိုင်ငံရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး နှင့် အဖမ်းဆီးခံအကျင်းသားများလွတ်မြောက်ရေး တို့နှင့်ပတ်သတ်ပက်ပြီး
ကျွန်တော်တို့သူ့ရဲ့ စကားကိုလေးလေးနက်နက် တန်ဖိုးထားတယ်၊ ရုရှားကပြည်နှင်ဒဏ်ပေးခံရသော ကလေးသူငယ်ထောင်ပေါင်းများစွာအတွက်လည်း ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ သူတို့တွေ မိသားစုထံပြန်နိုင်ရေး ဗာတီကန်၏အကူအညီကိုအာားကိုးကြောင်းလည်း ထည့်သွင်းဖော် ပြထားပြီး၊ ရက်သုံးဆယ်အပြည့်အဝအပစ်ခတ်ရပ်စဲရေးကို ယူကရိန်းနှင့် သူ၏မိတ်ဖက်နိုင်ငံများမှ
သဘောတူညီမှု ရှိထားကြောင်း ထည့်သွင်းဖော်ပြထားပါသည်။
– စစ်ပွဲကိုအဆုံးသတ်စေချင်ပြီတိုက်ရိုက်ပြောဆိုခြင်းဖြစ်စေ၊ မည်သည့်နည်းလမ်းနှင့်မဆို ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် ယူကရိန်းဘက်မှအဆင်သင့်ရှိကြောင်း၊ ဒီစစ်ပွဲကြီးပြီးဆုံးဖို့ အလိုရှိကြောင်းနှင့် မည်သည့်နည်းလမ်းနှင့်မဆို ကြိုးစားမည်ဖြစ်ကြောင်း၊ရုရှားဘက်မှလည်းထိုကဲ့သို့ကြိုးစားမှု များကို မျှော်လင့်ကြောင်းလည်း၊ပုပ်ရဟန်းမင်းကြီ လီယို ၁၄ ကို ရဟန်းမင်းကြီး၏ခရီးစဉ်အဖြစ် လာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ကြောင်း ရဟန်းမင်းကြီးလာရောက်လည်ပတ်ခြင်းသည် ကျွန်ုပ်တို့၏ကြီးမား သောမျှော်လင့်ချက်ဖြစ်ကြောင်း၊ နှင့် ဆက်လက်ပြီးအဆက်အသွယ်ရှိနေမည်ဖြစ်ကြောင်းနှင့် မကြာခင် မှာလူချင်းတွေ့ဆုံဖို့ရှိကြောင်း ယူကရိန်းသမ္မတမှ ဖော်ပြထားပါသည်။။
ဘာသာပြန်- Fr. Peter Kyi Maung( RVA- Myanmar)
Photo&News- Vatican News