သတင်း မီဒီရာ များအနေဖြင့် လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးကို အားပေးသင့်ဟု ရဟန်းမင်း ကြီး မိန့်ကြား။

သတင်း မီဒီရာ များအနေဖြင့် လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးကို အားပေးသင့်ဟု ရဟန်းမင်း ကြီး မိန့်ကြား။

မေလ၁၂ရက်နေ့ ရောမမြို့တွင် မီဒီယာသမားများနှင့်တွေ့ဆုံခြင်း၌ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က လူထု ဆက်သွယ်ဆက်ဆံရေးက အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုကိုတည်ဆောက်ရာမှာကူညီပေးကြောင်း နှင့် အမှန် တရားကိုအစေခံခြင်းနှင့်ငြိမ်းချမ်းရေးကိုမြှင့်တင်ကြဖို့ တွန်းအားပေးခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရပြီးလေးရက်မြောက်နေ့တွင် ပုပ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပျံလွန်တာ်မှုခြင်း၊ ရဟန်းမင်းကြီးအသစ်ရွေးချယ်ခြင်း နှင့် ပုပ် ရဟန်းမင်းကြီး လီယို ၁၄ တာဝန် စတင်ထမ်း‌ဆောင်သည့် နေ့ရက်များတွင် တာဝန်ယူ သတင်း ထုတ်လွှင့် ခဲ့ကြသည့် ရောမမြို့ရှိသတင်းမီဒီယာသမား အမျိုးသမီးအမျိုးသားများနှင့် တွေ့ဆုံခဲ့ပါသည်။

တနင်္လာနေ့က ဗာတီကန်ရှိ Paul VI ခန်းမတွင် သတင်းမီဒီယာသမားများနှင့်တွေ့ဆုံခြင်း၌ ပြီးခဲ့သောရက် သတ္တပတ်အနည်းငယ်အတွင်းက အီတလီသတင်းထောက်များနှင့် သတင်းသမားများကို ကျေးဇူးတင် ကြောင်း ရဟန်းမင်းကြီးလီယို ၁၄ က ပြောကြားခဲ့ပါသည်။

လော‌လောလတ်လတ် ရွေးချယ်ခံထားရသော ရဟန်းမင်းကြီးက ထိုတွေ့ဆုံခြင်းတွင် လူများအကြောင့် နှင့် သတင်းအဖြစ်အပျက် တင်ပြပုံအကြောင်းများကို အထူးသတိပြုခြင်းအားဖြင့် လူထုဆက်သွယ် ဆက်ဆံရေးသည် ငြိမ်းချမ်းရေးကိုတွန်းအားပေးရာရောက်ကြောင်း စကားများဖြင့် သူ၏မိန့်ခွန်းကို စတင်ခဲ့ပါသည်။။

လူထုဆက်သွယ်ဆက်ဆံရေးကိုနည်းလမ်းမျိုးစုံဖြင့်မြှင့်တင်ကြဖို့၊ သတင်းမီဒီယာများတွင် ရန်လိုသော စကားလုံးများမသုံးကြဖို့လည်း၊ တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်သည့်အလေ့ထားများကိုမပြုလုပ်ကြဖို့၊ ကျွန်ုပ် တို့နှိမ့်ချစွာရှာဖွေနေသည့်မေတ္တာတရားကို အမှန်တရားမှ ဘယ်တော့မှမခွဲခွာကြဖို့ သတင်းမီဒီယာ ကျွမ်း ကျင်သူများကိုမြွက်ကြားခဲ့ပါသည်။

ကျွန်ုပ်တို့ရဲ့ဆက်သွယ်ဆက်ဆံရေးသည် အခြေခံကျပြီးအရေးကြီးပါတယ်။ စစ်ရဲ့စံချိန်စံနှုန်းတွေ

ကိုငြင်းပယ်ရမယ်၊ စစ်ရဲ့ပုံရိပ်တွေလည်းစကားလုံးတွေကို No ဟုပြောဆိုရမယ်။သတင်းအမှန် တင် ပြခြင်း ကြောင့်ထောင်တွင်း အကျဉ်းချခံနေရသောသတင်းသမားများနှင့် သာသနာတော်သည် အတူ ရှိကြောင်း ထိုသူတို့ကိုလွှတ်ပေးဖို့တောင်းဆိုကြောင်းကို ရဟန်းမင်းကြီးမှပြန်လည် အတည်ပြုပြော ကြားခဲ့ပါသည်။ သတင်းသမားတွေညှဉ်းပန်းနှိပ်စက်ခံနေရမှုသည် ကမ္ဘာပေါ်မှာလွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့်ဘယ်လောက်အရေးပါကြောင်း သတိပေးနေခြင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်း ကိုမှန်ကန်စွာရရှိမှသာ လွတ်လပ်စွာရွေးချယ်မှုကိုပြုလုပ်နိုင်လိမ့်မယ်။

သခင်ခရစ်တော်၏လှပသည့်မေတ္တာတရားကိုဖော်ထုတ်ပြသနေကြသော သတင်းမီဒီယာသမားများကို အမှန်တရားကို အစေခံသူများအဖြစ်ကျေးဇူးတင်ကြောင်း၊ သင်တို့၏အလုပ်ကို အလုပ်သက်သက်ပုံ သေမထားဘဲ “ငါတို့သည်ဘယ်သူတွေဖြစ်တယ်ဆိုတဲ့အနှစ်သာရကိုထုတ်ဖော်ပြသွားကြဖို့၊

သာသနာတော်သည်ခေတ်ကာလအလိုက်စိန်ခေါ်မှုများကိုရင်ဆိုင်ရမှာဖြစ်သလို သတင်းမီဒီယာတို့ ဂျာ နယ်မဂ္ဂဇင်းတို့သည် သမိုင်းမှာမရှိခဲ့တဲ့ အရာတွေမဟုတ်ပါဘူး။၊ ကောင်းမွန်စွာနေထိုင်ခြင်းသည် ကောင်းမွန်သောအချိန်တွေကိုပေးတယ်။ ငါတို့အားလုံးဟာအချိန်တွေဖြစ်တယ်။

ယနေ့ခေတ်သစ်ကမ္ဘာကြီးမှာ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲနှင့် မေတ္တာကင်းမဲ့သောစကားလုံး တွေရဲ့ ရှုပ်ထွေးမူတွေ ‌ကြောင့် ကျွန်ုပ်တို့တွေပျောက်ဆုံးနေကြတယ်။

ဆက်သွယ်ဆက်ဆံရေးဆိုတာ သတင်းအချက်အလက်ပေးပို့ရန်တခုတည်းမဟုတ်၊ လူတွေအတွက် ယဉ် ကျေးမှုတစ်ရပ်ကိုဖော်ဆောင်ခြင်းရဲ့၊ လူတို့အတွက်ပြောဆိုဆက်ဆံစရာ ဆွေးနွေးစရာမှာ နေရာတစ်ခု အဖြစ်ဖန်တီးပေးသော ဒီဂျစ်တယ် ရပ်ဝန်းတစ်ခုတည်ဆောက်ခြင်းဖြစ်တယ်။

စိတ်ကွက်နာကြင်မှု၊ တယူသန်မှု၊ အမုန်းတရားများနှင့် ပြောဆိုဆက်သွယ်ခြင်းကိုဖျက်သိမ်းကြပါစို့။

အမုန်းတရားစကားလုံးတွေကိုဖျက်သိမ်းခြင်းအားဖြင့်၊ ကမ္ဘာပေါ်မှာ တိုက်ခိုက်နေသောလက်နက်များကို ဖျက်သိမ်းကြပါဆို ဟု အဆုံးသတ်ထားပါသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *