အစေခံခြင်းအသက်တာရှင်သန်နိုင်ဖို့ ခေါ်တော်မူခြင်းအတွက်ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ တိုက်တွန်း။

အစေခံခြင်းအသက်တာမှာ ရှင်သန်နိုင်ဖို့ခေါ်တော်မူခြင်းအတွက် ဆုတောင်းကြပါစို့ ဟု ကောင်းသော သိုးထိမ်း တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုချိန်တွင် ရဟန်းမင်းကြီး လီယို ၁၄ မှ မြွက်ကြားခဲ့ပါသည်။
အန်ဂျေလူး မေတ္တာ မဆိုမီ တစ်ဦးကိုတစ်ဦးအစေခံခြင်းဘဝမှာနေထိုင်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနှင့် အမှန်တရားအသက်တာမှာ အတူတကွလျှောက်လှမ်းနိုင်ဖို့၊ ရဟန်းဘဝအသက်တာ၊ သူတော်စင်ဘဝ အသက်တာတို့ ၌ ခေါ်တော်မူခြင်းတိုးပွားစေဖို့ ဆုတောင်းကြရန်ပုပ်ရဟန်းမင်းကြီးမှဖိတ်ခေါ်ခဲ့ပါသည်။
အန်ဂျေလူးမေတ္တာမဆိုမီ ဗာတီကန်ရင်ပြင်၌ စုရုံးရောက်ရှိနေကြသော ဘုရားဖူးသူတော်စင်များ၊ အလည်အပတ်ရောက်လာသူ လူပေါင်းတစ်သိန်းခန့်ကို ပုပ်ရဟန်းမင်းကြီးမှ နွေးထွေးပျူငှာ စွာနှုတ်ခွန်း ဆက်သခဲ့ပါသည်။။
ရဟန်းမင်းကြီးဘဝသက်တာ၊ ရောမမြို့၏ဆရာတော်ကြီးအဖြစ် သူ၏ ပထမဦးဆုံး တနင်္ဂနွေနေ့ ဝတ်ပြု ခြင်း၊ ကောင်းသောသိုးထိန်း တနင်္ဂနွေနေ့ မှာ ရဟန်းမင်းကြီးက ဧဝံဂေလိကျမ်းစာကို အခြေခံပြီး
” သခင်ခရစ်တော်သည် သူ့ကိုယ်သူကောင်းသော သိုးထိန်းအဖြစ်ဖော်ပြခဲ့တယ်။ သူသည် သူ့ရဲ့သိုးတွေ ကိုသိတယ်၊ သူတို့ကိုချစ်မြတ်နိုးပြီးတော့ သူတို့အတွက်မိမိအသက်ကို ပေးသောပုဂ္ဂိုလ်ဖြစ်တယ်။ ဤအရာသည်ကျွန်ုပ်တို့အတွက် ဘုရားရှင်ပေးသောကျေးဇူးတော်လက်ဆောင်ဖြစ်တယ်။
ယနေ့သည် ကမ္ဘာ့ခေါ်တော်မူခြင်းအတွက် ဆုတောင်းရာနေ့ဖြစ်သလို၊ နာမည်ကြီး သီချင်း၊ သံစုံမြူးဇစ် အဖွဲ့၏ဂျူဘီလီ နှစ်၏ ဘုရားဖူးခြင်းနောက်ဆုံးနေ့လည်းဖြစ်သည့် အတွက် ထိုအဖွဲ့အစည်းများအား
ရဟန်းမင်းကြီးမှ နွေးထွေးပျူငှာ စွာနှုတ်ဆက်ခဲ့ပါသည်။
အထူးသဖြင့် ရဟန်းဘဝ၊ သူတော်စင်ဘဝအသက်တာ ခေါ်တော်မူခြင်းအတွက် ဘုရားရှင်၏ သားသမီး များနှင့်အတူဆုတောင်းရခြင်းအပေါ် ဝမ်းမြောက်မိကြောင်းရဟန်းမင်းကြီးမှဖော်ပြခဲ့ပြီး၊ အသင်းတော် သည် ဒီဘဝအသက်တာမှာ အစေခံမည့်သူများကိုလွန်စွာမှလိုအပ်ကြောင်း ၊ ဘုရားသခင်နှင့်အတူ
မိမိနှင့်နီးစပ်သောညီအစ်ကိုမောင်နှမများကို ရက်ရောစွာပေးဆပ်အစေခံမည့် စံပြပုဂ္ဂိုလ်များသည် သူတို့ ရဲ့အသင်းအဖွဲ့များမှ ခွန်အားပေးခြင်း၊ နားထောင်ခြင်း၊ လက်ခံခြင်းများရရှိနိုင်ဖို့ ကျွန်ုပ်တို့အားလုံးက လည်းသူတို့၏ ခေါ်တော်မူခြင်းအသက်တာကို ကူညီထောက်ပံ့ကြဖို့ ရဟန်းမင်းကြီးမှတိုက်တွန်းခဲ့ပါ သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ကမ္ဘာ့ခေါ်တော်မူခြင်းအတွက် ဆုတောင်းရာနေ့ သတင်း စကားကိုအခြေခံပြီး ဘုရားသခင်ထံမှ ကျွန်ုပ်တို့အကူညီတောင်းခံကြသလို တစ်ဦးကိုတစ်ဦး အစေးခံ ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနှင့်သမ္မာတရားတွင် အတူတကွ ကူညီလျှောက်လှမ်းနိုင်ကြောင်းနှင့်လူ တိုင်းလူတိုင်းက လူငယ်များကိုကြိုဆိုလက်ခံကြဖို့ ရဟန်းမင်းကြီးလီယို ၁၄ မှ အားပေးပြောကြား ခဲ့ပါ သည်။
အချုပ်အနေနှင့် ရဟန်းမင်းကြီမှ သခင်ခရစ်တော်၏ခေါ်တော်မူခြင်းနှင့် သာသနာတော် ၏ ဖိတ်ခေါ် ခြင်း များကို မကြောက်ကြဖို့ အထူးသဖြင့်လူငယ်များကိုအားပေးဖိတ်ခေါ်ခဲ့ပါသည်။။