ဖာသာရ် Rev.Fr. Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလစတုတ္ထသီတင်းပတ် တနင်္လာနေ့ဩဝါဒ ၁၂၊ ၅၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့၏ ဒီကနေ့ကြားနာရတဲ့ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၁-၁၀ မှာ
သခင်ခရစ်တော်က ငါသည် တံခါးဝ ဖြစ်သည်၊ ငါသည် ကောင်းသောသိုးထိန်းဖြစ်သည် ဟုဆိုသောကျမ်းချက်ကိုကျွန်တော်တို့ကြားနာခဲ့ရပါသည်။ သခင်ခရစ်တော်က သူနောက်လိုက်တွေ သူဟောပြောသွန်သင်သမျှကို လိုက်လံ နားထာင်နာယူသူ၊ သင်ယူသူတွကို သူဟာဘယ်လိုမျိုး ပုဂ္ဂိုလ်ဖြစ်တယ် ၊ သူဘာရည်ရွယ်ချက်နဲ့ ဘာလုပ်ဖို့ဒီလောကကို ကြွလာတယ်ဆိုတာကို နားလည်စခြင်လို့ ပတ်ဝန်ကျင်မှာရှိတဲ့အရာတွေနဲ့ ဥပမာ ပေ ဟောပြောခြင်းဖြစ်တယ်။ ငါဟာဂိတ်တံခါးဝဖြစ်တယ် ဒီအချက်ကဘာကိုဆိုလိုတာလည်း၊ နောင်ဘဝထာဝရအသက်ကိုရဖို့၊ ကောင်းကင်နိုင်ငံတော်မှာဘုရားရှင်နဲ့ အတူထာဝရနေနိုင်ဖို့ရန်၊ သခင်ခရစ်‌တော်ဟာဂိတ်တံခါးဝဖြစ်တယ်။ သူ့ဂိတ်ကဝင်မှသာလျှင်ထာဝရအသစ်ကိုရလိမ့်မယ်။ ဒီဂိတ်ကိုဝင်ဖို့ယုံကြည်သူတွေသာဝင်လို့ရတယ်။ သခင်ခရစ်တော်ကိုမယုံကြည်သူတွေအနေနဲ့သခင်ခရစ်တော်ဆိုတဲ့တံခါးဝကနေဝင်လို့မရပါဘူး။ သူတို့ရဲ့မယုံကြည်ခြင်းကြောင့်သာဖြစ်တယ်။ စစ်မှန်တဲ့အမှန်တရားကိုရဖို့ စစ်မှန်တဲ့ဂိတ်တံခါးဝကနေဝင်ရမယ်။ စစ်မှန်တဲ့အေးချမ်းမှု့ကိုရဖို့ရန် စစ်မှန်တဲ့ဂိတ်တံခါးကနေဝင်ရမယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုကိုရဖို့ကို စစ်မှန်တဲ့ဂိတ်တံခါးကသာလျှင်ဝင်ရမယ်။ စစ်မှန်တဲ့မေတ္တာတရားကိုရဖို့ စစ်မှန်တဲ့မေတ္တာတရားဂိတ်ကသာဝင်ရမယ်။ ဒီဂိတ်ကနေဝင်တဲ့သူဟာအထဲကိုရောက်သွားရင်အေးချမ်းသွားတယ်။ ငြိမ်းချမ်းသွားတယ်။ မေတ္တာတွေခံစားရတယ်။ ခွင့်လွှတ်ခြင်းတွေခံစားရတယ်။ငြိမ်းချမ်းခြင်းတွေခံစားရတယ်။ စည်းလုံးမှုတွေပိုပြီးတွေ့ရတယ်။ ဒါဟာစစ်မှန်တဲ့တံခါးဝပါပဲ။ သာသနာဝင်ဆရာတော်တွေဘုန်းတော်ကြီးတွေဒီပုဂ္ဂိုလ်တွေဟာလည်းပဲ သခင်ခရစ်တော်ကိုကိုယ်စားပြုတဲ့ ဂိတ်တံခါးဝတွေဖြစ်တယ်။ ဒီဂိတ်တံခါးကနေဝင်တဲ့သူတွေကိုအေးချမ်းမှုငြိမ်းချမ်းမှု့ ခွင့်လွှတ်ခြင်း။ စစ်မှန်တဲ့မေတ္တာတရားတွေပေးနိုင်သူတွေဖြစ်ရမယ်။ တစ်ချိန်ထဲမှာပဲ မိသားစုတွေကိုဦးဆောင်နေတဲ့ မိခင်ဖခင်အစ်ကိုကြီးအစ်မကြီးတွေကလည်း သခင်ခရစ်တော်ကဲ့သို့မိသားစုရဲ့ဂိတ်တံခါးတွေဖြစ်တယ်။ ကိုယ်စီကိုဝင်လာတဲ့ သူတိုင်းကိုယ့်အိမ်ထဲကိုဝင်လာတဲ့သူတိုင်အေးချမ်းမှုငြိမ်းချမ်းမှု့ခွင့်လွှတ်မှု့တွေကိုစိတ်ချမ်းသာမှု့မေတ္တာတရားတွေကိုခံစားစေရမယ် ဒါမှသာလျှင်ခရစ်တော်ရဲ့စစ်မှန်တဲ့နောက်လိုက်တယ်ဖြစ်မယ်။ ငါဟာကောင်းသောသိုးထိန်းဖြစ်တယ်။ သူဟာသူ့ရဲ့သိုးတွေကိုသိတယ်။ သူတို့ကိုထိန်းသိမ်းပေးတယ်သူတို့ကိုကာကွယ်စောင့်ရှောက်ပေးတယ်။ သူတို့ကိုလမ်းညွှန်ပေးတယ်။ သူ့ကြောင့်သိုးတွေဟာလုံခြုံမှုရတယ်။ ဝဝလင်လင်စားရတယ်။အေးချမ်းစွာနေရတယ်။ ပျော်ရွှင်စွာနေရတယ်။ ဒါကြောင့်သိုးထိန်းန်းနေရာတာဝန်ယူထားသူတိုင်း ဘာသာရေးခေါင်းဆောင်များသာမက အဖွဲ့အစည်းခေါင်းဆောင်များ မိသားစုရဲ့ဦးစီးဦးဆောင်ပြုသူများ ဒီပုဂ္ဂိုလ်တွေဟာလည်းကောင်းသောသိုးထိန်းးကဲ့သို့ဖြစ်နေရမယ်။၊ သင့်ကြောင့်သင့်မိသားစုသင့်အဖွဲ့အစည်းတွေကိုအေးချမ်းရမယ်ငြိမ်းချမ်းရမယ်စည်းလုံးရမယ် ပျော်ရွှင်ရမယ်။ ဒါမှသာလျှင်သင်ဟာ ကောင်းသောသိုးထိန်း သခင်ခရစ်တော်ကို အတုယူလိုက်နာသူဖြစ်တယ်ဆိုတာဖော်ပြပေလိမ့်မယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 2743

Leave a Reply

Your email address will not be published. Required fields are marked *