၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီး Leo XIV၏ အတ္ထုပ္ပတ္တိ။
သက်တော် ၆၉ နှစ်ရှိ ပုပ်ရဟန်းမင်းကြီး Leo XIVသည် စိန့် ဩဂတ်စတင်း၏ စံနမူနာကိုလိုက်ကျင့်သူ ရသေ့ အသင်းဂိုဏ်းဝင် Robert Francis Prevost သည် ပထမဦးဆုံး ဩဂတ်စတင်း အသင်းဝင်ရဟန်း
မင်းကြီး Leo XIV ဖြစ်ပြီး အမေရိကတိုက် မြောက်ပိုင်းမှ ဖြစ်ကာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပြီးလျှင် ဒုတိယမြောက် အမေရိကတိုက် မှရဟန်းမင်းကြီးဖြစ်ပါသည်။ သူသည် ဩဂတ်စတင်း အသင်းဂိုဏ်း ၏ အကြီးအမှူးအဖြစ် နှစ်ကြိမ် ဆက်တိုက် အရွေးမခံရမည်က ပီရူးနိုင်ငံတွင် သာသနာပြုအဖြစ် နှစ်ပေါင်း များစွာ လုပ်ကိုင်ခဲ့ သူ ဖြစ်ပါသည်။။
ပထမဦးဆုံး ဩဂတ်စတင်း အသင်းဝင် ပုပ်ရဟန်းမင်းကြီး။
ရောမမြို့၏ဆရာတော်အသစ်ကို စက်တင်ဘာလ ၁၄ ရက် ၁၉၅၅ ခုနှစ် ချီကာဂို၊ အီလီနွိုက် တွင် ပြင်သစ် နှင့်အီတလီနွယ်ဖွား Louis Marius prevost နှင့် စပိန်နွယ်ဖွား Mildred Martinez တို့မှဖွားမြင်ခဲ့ပြီး သူ့မှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Luis Martin နှင့် John Joseph ရှိပါသည်။ သူ၏ငယ်စဉ် ဘဝနှင့်ဆယ်ကျော်
သက်ဘဝကိုမိသားစုနှင့်အတူကုန်ဆုံးခဲ့ပြီး ဩဂတ်စတင်း အသင်းဂိုဏ်းဝင်ဘုန်းတာ်ကြီးများဦးစီးသော အခြေခံရဟန်းဖြစ်သင် ကျောင်းသို့ ဝင်ရောက်ခဲ့ကာ၊ ၁၉၇၇ ခုနှစ် တွင် Pennsylvania ရှိ့ Villanova University တွင် သင်္ချာဘာသာရ ဖြင့်ဒီဂရီဘွဲ့တခုရရှိခဲ့ကာ philosophy ဘာသာရပ်ကိုလည်း လေ့လာ ခဲ့ပါသည်။
ထိုနှစ်၏စက်တင်ဘာလတစ်ရက်နေ့တွင် Prevost သည် ချီကာဂိုပြည်နယ်ရှိတယ် စိန့် လူးဝစ်စ်ကျောင်း တွင် စိန့်ဩဂတ်စတင်း အသင်းဂိုဏ်း Order of St. Augustine (O.S.A) သို့ဝင်ရောက်ခဲ့ကာ ၁၉၇၈ခုနှစ် စက်တင်ဘာလ၂ရက်နေ့တွင် အသင်းဂိုဏ်းဝင်အဖြစ် ပထမဦးဆုံးကတိသစ္စာဆိုခဲ့ပြီး၊ တစ်သက်သာ ကတိသစ္စာဆိုခြင်းကို ၁၉၈၁ခုနှင့် ဩဂုတ်လ၂၉ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။။
နောင်တွင်ပုပ်ရဟန်းမင်းကြီးဖြစ်လာမည့်သူသည် ဓမ္မသင်္ဂြိုဟ်ပညာရပ်ကို ချီကာကိုမြို့ရှိ Catholic theological Union တွင် ပညာဆည်းပူးခဲ့ပါသည်။ အသက်၂၇နှစ်အရွယ်တွင် သူ့အား pontifical university of St Thomas Aquinas (angelicum) တွင် ဘာသာရေး ဥပဒေဆိုင်ရာ Canon Law ဘာသာ ရပ်ကို လေ့လာရန် သူ၏အကြီးအကဲများမှသူ့ကိုရောမမြို့သို့စေလွှတ်ခဲ့ပါသည်။
၁၉၈၂ခုနှစ် ဇွန် လ ၁၉ ရက်နေ့တွင် ရောမာမြို့ရှိ စိန့်မော်နီကား ဩဂတ်စတင်း ကောလိပ်တွင် ဂိုဏ်း ချုပ်ဆရာတော်ကြီး Jean Jadot ၏လက်တော်မှ ရဟန်းသိက္ခာကိုခံယူခဲ့ပါသည်။ ထို့နောက်သူ့အား ရဟန်းမင်းကြီးရုံးတော် ဘာသာရေးဆိုင်ရာဆွေးနွေးမှုများ၊ ဘာသာပေါင်းစုံ နှီးနှောဖလှယ်မှုများ၏ အ ကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါသည်။ သူသည် ၁၉၈၄ ခုနှစ်တွင် အရည်အချင်းပြည့်မီသော licensiate
ဒီဂရီကိုရရှိခဲ့ကာ၊ ဆက်လက်ပြီးသူ၏ပါရဂူဘွဲ့စာတမ်းပြုစုခြင်းကို ပြုလုပ်နေစဉ်၊ အသင်းဂိုဏ်း၏ သာသနာပြုအဖြစ် ပီရူးနိုင်ငံမှာ ချူလူကာနပ်စ် သို့ ၁၉၈၅-၁၉၈၆ ထိ စေလွှတ်ခြင်းခံခဲ့ရပါသည်။။ ၁၉၈၇ခုနှစ် တွင် “the role of the local prior in the order of St Augustine” ခေါင်းစဉ်ဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့ကာ၊ သူအား Olympia fields Illinois (USA) ရှိ Mother of Good Counsel ဩဂတ်စတင်း အသင်းဂိုဏ်းနယ်ပယ် တွင် သာသနာပြုခြင်းဆိုင်ရာ အကြီးအကဲနှင့် သာသနာဝန်ထမ်းဘဝခေါ် တော်မူ ခြင်းဆိုင်ရာ အကြီးအကဲအဖြစ်ခန့်အပ်ခံခဲ့ရပါသည်။။
ပီရူးတွင် သာသာနာပြုခြင်း။
နောက်တစ်နှစ်တွင် ပီရူးနိုင်ငံရှိ Trujillo ဒေသရှိ ဩဂတ်စတင်း အသင်းဂိုဏ်းဝင်များ၏သာသနာနယ်များ ဖြစ်သော Apurimac, Iquitos, Chulucanas ဒေသမှ အသင်းဂိုဏ်ဝင်များကိုသင်ပြထိန်းကျောင်းပေး ရသော အတူတကွ ပူးတွဲလုပ်ဆာင်ရသော ပရောဂျက်၏ အကြီးအမှုးအဖြစ် တာဝန်ယူခဲ့ပါသည်။
အသင်းဂိုဏ်း၏ အကြီးအကဲအဖြစ် ၁၉၈၈-၁၉၉၂
သင်ပြထိန်းကျောင်းပေးရသူ formator အဖြစ် ၁၉၈၈-၁၉၉၈
သစ္စာဆိုပြီးသူ အသင်းဂိုဏ်းဝင်များ၏ လမ်းညွှန်သူအဖြစ် ၁၉၉၂-၁၉၉၈
Trujillo ဂိုဏ်းချုပ်သာသနာတွင် judicial vicar အဖြစ် ၁၉၈၉-၁၉၉၈
San Carlos y San Marcelo ရှိ ရဟန်းဖြစ်တက္ကသိုလ် တွင် canon law, patristics and moretiology စာချပုဂ္ဂိုလ်၊ တစ်ချိန်တည်းမှာပင် စိန့်ရီတား သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် နှင့်အတူ Our Lady of Montserrat သာသနာနယ်၏ စီမံခန့်ခွဲ အုပ်ချုပ်သူအဖြစ် ၁၉၉၂-၁၉၉၉ ခုနှစ်ထိ ထမ်းဆောင် ခဲ့ပါသည်။
၁၉၉၉ တွင် ချီကာဂို ရှိ Mother of Good Counsel ဩဂတ်စတင်း အသင်းဂိုဏ်းနယ် ပယ်၏ အကြီးအမှုး အဖြစ် ခန့်အပ်ခံရပြီး နှစ်နှစ်ခွဲအကြားတွင် အသင်းဂိုဏ်တခုလုံး၏ အကြီးအမှုးအဖြစ် ရွေးချယ်ခံရကာ ၂၀၀၇ ခုနှစ်တွင်လည်း ဒုတိယအကြိမ် ဆက်လက် အရွေးခံခဲ့ရသူဖြစ်ပါသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ အသင်းဂိုဏ်း၏ ထိန်းကျောင်းပေးသည့် တာဝန်ထမ်းဆောင်ရင်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် Sugar ဒေသအတွက် Titular Bishop အဖြစ်၎င်း ပီရူးနိုင်ငံ ရှိ Chiclayo Diocese အတွက် ရဟန်းမင်းကြီး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ဂွါတာလူးပေ မယ်တော်ပွဲနေ့တွင် စိန့်မေရီ ကာသီဒြယ် ကျောင်းတော်ကြီးတွင် ရဟန်းမင်းကြီးကိုယ်စားလှယ်တော် James Patrick Green မှ သူ့အား ဂိုဏ်အုပ်ဆရာတော် အဖြစ် ခန့်အပ် ခဲ့ပါသည်။ ပီရူးနိုင်ငံ Chiclayo Diocese ၏ ဆရာတာ်အဖြစ် ၂၀၁၅-၂၀၂၃ ခုနှစ်ထိ တာဝန်ထမ်း ဆာင်
ခဲ့ကာ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရဟန်းမင်းကြီးဖရန်စစ်မှ ရောမသို့ ပြန်လည်ခေါ်ယူပြီး
လက်တင်အမေရိက၏ ရဟန်းမင်းကြီး ရုံးတော်ဆိုင်ရာအကြီး အကဲ နှင့် ဆရာတာ်များ အဖွဲ့ချုပ်၏ အကြီး အမှုးအဖြစ် တိုမြှင့်ခန့်အပ်ခြင်းခံခဲ့ရပါသည်။
ထိုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သူအား ကာဒီနယ် အဆင့်သို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ တိုးမြှင့်ခန့် အပ်ခဲ့ပါသည်။ ရဟန်းအမတ် ကာဒီနယ်ကြီးများအဖွဲ့အစည်းမှ ကာဒီနယ် Robert Francis Prevost အား ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီး Leo XIV အဖြစ် မေလ ၈ ရက် ၂၀၂၅ က ရွေးချယ်ခဲ့ကြပါသည်။။
ဘာသာပြန်_ Fr. Peter Kyi Maung (RVA_ Myanmar)
Photo_ Vatican News