ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ် ရေး မှာ တာဝန်‌‌ထန်း ‌ဆောင်ကြ ရမည့် ဗာတီကန် အရာရှိများ၊ ရုံးဝန်ထန်းများ သတင်းပါက်ကြားမှု့မရှိ စေရေး ကျမ်းသစ္စာကျိန်ဆို။

‌ ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ်
ရေးမှာ တာဝန်‌‌ထမ်းဆောင်ကြရမည့် ဗာတီကန်အရာရှိများ၊ ရုံးဝန်ထမ်းများ သတင်းပေါက်ကြားမှု့မရှိစေရေး ကျမ်းသစ္စာကျိန်ဆို။

အာဗီအေမြန်မာ၊ ၆၊၅၊၂၀၂၅။

မေလ၊၇၊၂၀၂၅ နေ့တွင် ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရေးမှာ တာဝန်‌‌ထမ်းဆောင်ကြရမည့် ဗာတီကန်အရာရှိများ၊ ရုံးဝန်ထမ်းများသည် ပုပ်ရဟန်းမင်းကြီးအသစ်ကိုရွေးကောက်တင်မြှောက်ရန်လုပ်ငန်းစဉ်၏သမာဓိကို ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ၎င်းအခမ်းအနားကို တနင်္လာနေ့မေလ၅ရက်နေ့ ည နေ၅:၃၀နာရီတွင် ရဟန်းမင်းကြီး နန်းတော်ရှိ Apostolic Palace, Pauline Chapel ဘုရားဝတ်ပြုဆောင်တွင် ပုပ်ရဟန်းမင်းကြီး John Paul II ပြဌာန်းခဲ့သည့်ဥပဒေအတိုင်း ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုခဲ့ကြပါသည်။

ရဟန်းမင်းအမတ်များအဖွဲ့၏ လက်ထောက်တာဝန်ခံမှ အစ၊ ဘာသာပြန်‌ပေးသူ၊ ကျန်းမာရေးစောင့်ရှာက်မှု‌ပေးနေသော ဆရာဝန်များ ၊ဓါတ်လှေကားစောင့်၊ အစားအသောက်ပြင်ဆင်ပို့ပေးရသူများ၊ ရဟန်းမင်းကြီး၏ သက်တော်စာင့်များနှင့် သန့်ရှင်းရေး ဝင်ရောက်လုပ်ကိုင်ပေးသူအဆုံး တိုက်ရိုက်ဖြစ်စေ တဆင့်ခံဖြစ်စေ သတင်းပါက်ကြားမှု့မရှိစေရေး ကျမ်းသစ္စာကျိန်ဆိုခြင်းမှာပါဝင်ခဲ့ကြရပါသည်။

ကျမ်းသစ္စာကျိန်ဆိုမှု၏အရေးကြီးပုံ အရေးပါပုံတို့ကိုညွှန်ကြားပြီးနောက် တစ်ဦးချင်းစီသည် သတ်မှတ်ထားသည့် formula အတိုင်းကိုယ်တိုင်ကိုယ်ကျ အသံထွက်ရွတ်ဖတ်ရပြီး ရဟန်းမင်းအမတ် Farrell ရှေ့ မှောက်တွင်သက်သေနှစ်ဦးနှင့်အတူ လက်မှတ်ရေထိုးကြရပါသည်။

ထိုသူအားလုံးသည် ရဟန်းမင်းအမတ်များ၏ ရဟန်းမင်းကြီး အသစ်ရွေးချယ်နေစဉ် မဲပေးခြင်း၊ စီစစ်ခြင်း နှင့် ပတ်သက်သည့်ကိစ္စအားလုံးကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်စေ မည်သည့်အကြောင်းကြောင့်မျှ ဖော်ပြခွင့်မရှိကြောင်း လျှို့ဝှက်ထိန်းသိမ်းထားရန် ခိုင်မြဲသောကတိကို ပေးကြရပါသည်။ အသံဖမ်းခြင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ကူးခြင်းများကိုလည်း ပြင်းထန်စွာတားမြစ်ထားပါသည်။

ပါဝင်ပတ်သက်သူအားလုံး ကျမ်းသစ္စာကျိန်ဆိုရခြင်း၏ အဓိကရည်ရွယ်ချက်သည် သာသနာတော်၏ ရဟန်းမင်းကြီး ရွေးချယ်မှု့အပါ် လျှို့ဝှက်မှု ရိုးသားဖြူစင်မှုတို့အပေါ်မှာ သစ္စာရှိမှုနှင့် ရဟန်းမင်းကြီး ရွေးချယ်ခြင်း၏ဂုဏ်သိက္ခာကိုထိန်းသိမ်းထောက်ထားရန်ဖြစ်ပါသည်။

rvamyanmar
rvamyanmar
Articles: 2732

Leave a Reply

Your email address will not be published. Required fields are marked *