ဂါဇာဒေသစစ်ပွဲတွေကြောင့်ဒုက္ခရောက်နေသောကလေးသူငယ်များအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ နောက်ဆုံးလက်ဆာင်။

ဂါဇာဒေသစစ်ပွဲတွေကြောင့်ဒုက္ခရောက်နေသောကလေးသူငယ်များအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ နောက်ဆုံးလက်ဆာင်။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် လူထုနှင့်တွေ့စုံစဉ်အသုံးပြုသည့်ကားအား သူ၏ နောက် ဆုံးဆန္ဒအဖြစ် ဂါဇာဒေသတွင် စစ်ပွဲများကြောင့် ဆေးကုသမှုခံယူရန် ခက်ခဲနေသောကလေး များ အတွက် ထိုကားကို ရွှေ့ပြောင်းနိုင်သောဆေးခန်းအဖြစ်အသုံးပြု ရန် လက်ဆောင် အဖြစ် ပေးခဲ့ ပါ သည်။

သူ၏လောကအသက်တာ အစေခံခြင်းအဆုံးတိုင်အောင် ထိခိုက်လွယ်သောကလေး သူငယ်များ၊ သက် ကြီးရွယ်အိုများ၊ ဒုက္ခသည်များနှင့် အတူရှိနေကြောင်း သူ၏နောက်ဆုံလက်ဆောင်မှ သူ၏ငြိမ်း ချမ်း ရေးလုပ်ဆောင်မှုကိုဆက်လက်ဖော်ပြနေပါသည်။

ရဟန်းမင်းကြီးသည် သူ၏နောက်ဆုံးသောနေ့ရက်များတွင် ဂါဇာဒေသရှိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ကလေး သူငယ်၁သန်းနီးပါးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကိုဝိုင်းဝန်း ဖြေရှင်း ပေး နေသော Jerusalem Caritas အားဖြင့်ကူညီခြင်းအဖြစ် ၎င်းအသုံးပြုသည့်ကားကို ပေးအပ်ခဲ့ ခြင်း ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီးပး‌သောကားကို ရောဂါရှာဖွေခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်းအတွက် – ရောဂါပိုး အတွက် လျင်မြန်သောစမ်းသပ်မှုများ၊ ရောဂါရှာဖွေရေးကိရိယာများ၊ ကာကွယ်ဆေးများ၊ ချုပ်စက် ကိရိယာများနှင့် အခြားအသက်ကယ်ပစ္စည်းများ အပါအဝင် ကိရိယာများကို တပ်ဆင်ထားပါသည်။

ဒီမော်တော်ယာဉ်ကိုအသုံးပြုခြင်းအားဖြင့် ယနေ့ခေတ်ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမှီသော ကလေးများကိုဒဏ်ရာရပြီးအာဟာရချို့တဲ့သောကလေးများဆီသို့ ကျွန်တော်တို့ရောက်ရှိနိုင်လိမ့်မယ်ဟု Caritas Sweden ၏အထွေထွေအတွင်းရေးမှူးချုပ်တဲ့  Peter Brune က ပြောကြားခဲ့ပါသည်။

ဒါဟာယာဥ်တစ်ခုသက်သက်မဟုတ်ပါဘူး။ ဒါဟာဂါဇာကမ်းမြောင်ဒေသကနေကလေးတွေကိုကမ္ဘာက မေ့မထားဘူးဆိုတဲ့သတင်းစကားပါဟု Brune က ဆက်လက် ပြောကြာခဲ့ပါသည်။

၎င်းဒေသတွင် ဆိုးရွားသည့်စစ်ပွဲများကြောင့် အဆောင်များပျက်စီးခြင်း ဆေးကုသမှုပေးရသောနေရာ များပျက်စီးခြင်းသည်၊ ယင်းဒုက္ခများကိုပထမဦးစွာခံစားရသူများမှာကလေးသူငယ်များဖြစ်ကြောင်း၊ ပညာရေးပျက်စီးခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း။ရောဂါကူးစက်ခြင်း၊ မဖော်ပြနိုင်သောဆိုးဝါးသည့် အခြေအနေများသည်ကလေးသူငယ်များ၏အသက်ကိုရန်ရှာနေသောအခြေအနေသို့ပို့ဆောင်နေခြင်းဖြစ်သည်။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မကြာခဏပြောလေ့ရှိသောစကားက ကလေးသူငယ်များသည် အရည်အတွက်သက်သက်နံပါတ်များမဟုတ်၊ သူတို့သည်မျက်နှာများ၊ အမည်နာမများ၊ ဘဝဇာတ် ကြောင်းများဖြစ်ကြပြီးတော့ ကလေးငယ်အရောက်တိုင်းစီသည်တန်ဖိုးရှိသောသူများဖြစ်ကြသည်။။

လက်ဆောင်အဖြစ်ရဟန်းမင်းကြီးပေးသောကားသည် သူ၏ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ ဒုက္ခသည် များ နှင့်အနီးကပ်ရှိမှုကို ဖော်ပြသောကိုယ်စားပြုသည့်အရာဖြစ်သည်ဟု၊  Caritas Jerusalem ၏အထွေထွေ အတွင်းရေးမှူးချုပ် Anton As far ကပြောကြားခဲ့ပါသည်။။

rvamyanmar
rvamyanmar
Articles: 3998

Leave a Reply

Your email address will not be published. Required fields are marked *