သစ္စာသုံးပါးခံသူတော်စင်(CRMDY) မှ စစ်ကိုင်းမြို့ တွင်းရှိ ငလျင်ဒဏ်ခံစားနေရသူများကို ငွေသားနှင့် အခြားပစ္စည်းများ လှူဒါန်း။

သစ္စာသုံးပါးခံသူတော်စင်(CRMDY) မှ စစ်ကိုင်းမြို့ တွင်းရှိ ငလျင်ဒဏ်ခံစားနေရသူများကို ငွေသားနှင့် အခြားပစ္စည်းများ လှူဒါန်း။

အာဗီအေမြန်မာ၊ ၊ ၂၉၊၄၊၂၀၂၅။

မန္တလေးကက်သလစ်သာသနာအတွင်းရှိ သစ္စာသုံးပါးခံသူတော်စင်အဖွဲ့ ( CRMDY ) မှ ဦးဆောင်ပြီး ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များလှူဒါန်းထားသော လှူဖွယ်ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ ၊ ခေါက်ဆွဲခြောက်၊ငါးသေတ္တာ၊ကြာဇံ၊ကုလားပဲ၊ခြင်ထောင်၊ဖျာ၊ဆိုလာမီးလုံးနှင့် တစ်အိမ်ထောင်လျှင် ငွေသား (၅၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု ၁၅၀ ကို စစ်ကိုင်းမြို့တွင်းရှိ ငလျင်ဒဏ်ခံစားနေရသူများအား (၂၈.၄.၂၀၂၅) နေ့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ပါဝင်ကူညီပေးကြသော စစ်ကိုင်းမှ Glory Volunteer Team အဖွဲ့ကိုလည်းကျေးဇူးတင်ပါသည်။

စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးကြသော ရပ်နီး၊ရပ်ဝေးမှ အလှူရှင်များအားလုံးကိုကျေးဇူးတင်ပါသည်။ ဘုရားရှင်၏ကောင်းချီးမင်္ဂလာတော်များ ခံစားရရှိကြပါစေ ကြောင်း (CRMDY) မှဆုတောင်းပးပါသည်။

#LocalNews

#rvamyanmar

#archdioceseofmandalay

#earthquakeinsagaing

rvamyanmar
rvamyanmar
Articles: 2746

Leave a Reply

Your email address will not be published. Required fields are marked *