ချစ်မေတ္တာတွေနဲ့ ရိုသေပေးမှုတွေနဲ့ ပေးသွားခဲ့မယ်ဆိုရင် အချစ်ခရီးမှာ ရာသက်ပန် အောင်မြင်မှာ မလွဲပါဘူး။

Love and Respect

          ဒီနေ့မှာ  အမျိုးသမီးတစ်ယောက်ရဲ့ဘေးမှာ ကိုယ်ချစ်တဲ့ အမျိုးသားတစ်ယောက် ရှိနေမယ် ဆိုရင် relationship မှာပဲဖြစ်ဖြစ် boyfriend ပဲဖြစ်ဖြစ် လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်ပဲဖြစ်ဖြစ် ချစ်မေတ္တာတွေနဲ့ ရိုသေပေးမှုတွေနဲ့ ပေးသွားခဲ့မယ်ဆိုရင် အချစ်ခရီးမှာ ရာသက်ပန် အောင်မြင်မှာ မလွဲပါဘူးဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          နေ့စဉ် ကိုယ်ချစ်သူကို မလျော့သောအချစ်တွေနဲ့ သစ္စာရှိဖို့ဆိုရင် လူတစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုလိုပါပဲ။

          ဒီစိန်ခေါ်မှုကပဲ ဒီ relationship ဒီအိမ်ထောင်မှာ ချစ်သူချင်း ပိုမို နီးကပ်လာစေသလို တစ်ခု တည်း တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်သွားစေပါတယ်။

          ဒါကြောင့် နှစ်ယောက်သား ပုံမှန်ပြောဆို ဆက်ဆံကြတဲ့ခါမှာ ဆက်ဆံရေး ပြေပြစ်ဖို့က အရေးကြီး လှပါတယ်။ ဆက်ဆံရေးဆိုတဲ့ အရာမှာလည်း စကားပြောဆိုတာ မရိုင်းစိုင်းမိစေဖို့ အမိန့်ပေးတဲ့ လေသံမဟုတ်ပဲ ကျေးဇူးပြု၍ (သို့) ကျေးဇူးပါ အဲဒီလို ကြိုးစားပြောဆိုရင် အဆင်ပြေ မှာပါ။ အမျိုးသမီးတွေအတွက် ချစ်သူဘဝမှာတုန်းက ချစ်သူက လိုလေသေးမရှိ စောင့်ရှောက်ပေးခဲ့ပြီး လက်ထပ်ပြီးသွားလို့ အိမ်ထောင်သည် ဘဝကို ရောက်သွားတဲ့ချိန်မှာတော့ အရင်ကလို ဦးစားပေးမခံရ တော့ဘူး။ ဒီတော့ ခင်ပွန်းဖြစ်သူကို အလိုမကျတော့ပဲ မြည်တွန်တောက်တီးလာကြတယ်။ အရင်တုန်း ကတော့ ကျေးဇူးပြု၍ ဒါလေးလုပ်ပေးပါအုံးဆိုတာကို မေ့လာတယ် ရိုင်းသလိုဖြစ်လာတယ်။ ဒါတွေကို စဉ်းစားပြီး ဆင်ခြင်ရတော့မယ်။   

            အခုလိုစဉ်းစားဆင်ခြင် ပြောဆိုတဲ့အခါမှာလည်း ချစ်သူနှစ်ယောက် ဆက်သွယ်မှုမှာ ဘာအကြောင်းအရာကို ပြောရမယ်ဆိုတာထက် ဘယ်ကဲ့သို့ ပြောရမယ်ဆိုတာက ပိုအရေးကြီး လာပါတယ်။ ဥပမာ – ကိုယ့်ချစ်သူဘီကို ဖုန်းကနေ စာရောက်လာတယ်။ မိမိသိချင်ပေမဲ့ ချစ်သူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ ခွင့်ပြုပေးလိုက်ပါ။ အဲဒီလို အသေးအဖွဲကအစ ဆင်ခြင်မရမှာပါ။

          ကိုယ့်ချစ်သူက ဘယ်အကြောင်းအရာကို စိတ်ဝင်စားတယ်။ ဘယ်လိုအစားအသောက်မျိုးကို ကြိုက်တယ်။ ဘယ်အရာကိုတော့ မနှစ်သက်ဖူးစသဖြင့် မိမိက သိအောင်မေးထားရမှာပါ။ အိမ်ထောင်တခုဆိုတာ လမ်းနှစ်သွယ်မှာ လျှောက်နေတာပါ။ မိမိက မသိဘူးလို့ ပြောတာထက် သိအောင်ကြိုးစားတာက အင်မတန်မှ ကြီးမားတဲ့ရိုသေမှုကို ပေးတဲ့ သဘောဆောင်စေပါတယ်။ မိမိက ဘယ်လောက် care လုပ်တယ်ဆိုတာ ပြသတာပါပဲ။ အလေးဂရုပြုတဲ့ သဘောကို ပြသတာပါပဲ။

          နောက်ပြီး ကိုယ့်ချစ်သူကို အလုပ်အကျွေးပြုတယ်။ တာဝန်တွေကို ယူပြီး လုပ်ဆောင် ပေးတယ်ဆိုတာတွေကလည်း ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းဆီကနေ မေတ္တာရောင်ပြန်ဟပ်တဲ့ သဘောပါပဲ။ အဲဒီလို လိုအပ်တာတွေဖြစ်တဲ့ ဟင်း ထမင်း ချက်ပြုတ် လျှော်ဖွတ် အဝတ်အစားတွေ အဆင်သင့်ဖြစ်အောင် လုပ်ပေးတာတွေက အသေးအဖွဲလို့ ထင်ရပေမဲ့ သဘာဝကျလှတဲ့ အလုပ်အကျွေးပြုတဲ့ နည်းလေးပါပဲ။

          ဒါ့အပြင် ဇနီးတယောက်ရဲ့ ဒီ mission မှာ ခင်ပွန်းရဲ့ ဦးဆောင်မှုအောက်မှာ ဘယ်လိုလက်တွေ့ကျတဲ့ နည်းတွေသုံးပြီး အိမ်ထောင်ကို တည်ဆောက်မလဲ။

          မိမိရဲ့ အိမ်ထောင် ပိုပြီးသာယာဖို့ နှစ်ယောက်က ပွင့်ပွင့်လင်းလင်း ဆက်ဆံကြရမှာပါ။ အကောင်းဆုံး relationship ဖြစ်ဖို့ အချစ်ဆုံးသူငယ်ချင်းတွေလို ဟာသတွေနဲ့ ပြောဆိုကြမယ်။ တဦးရဲ့ ဝါသနာပါရာကို တဦးက ဝင်ရောက်ပါဝင်တာမျိုး မိမိက စိတ်မဝင်စားပေမဲ့ စိတ်ဝင်စားဟန်ပြတာမျိုး ဒီလိုအပြုအမူတွေက ချစ်တဲ့သဘောကို ပြတာပါပဲ။ အချစ်ခရီးတခုမှာ တဦးက ကြိုက်နှစ်သက်တဲ့အရာ၊ မကြိုက်တဲ့အရာ ဒါတွေက ချစ်သူနှစ်ဦးကို မိတ္တူကူးသလိုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကွဲပြားခြားနားနေမှပါပဲ။ ဒါပေမဲ့လို့ မိမိက ခင်ပွန်းရဲ့ အကြိုက်/မကြိုက် တို့ကို ကြိုးစားပြီး သိထားဖို့တော့ လိုပါတယ်။

          ဇနီးတယောက်အနေနဲ့ ခင်ပွန်းနဲ့အတူရှိနေချိန်မှာ Ph call ဝင်လာခဲ့ရင် အရေးမကြီးတဲ့ အကြောင်းအရာဆိုရင် ‘‘ငါ့ချစ်သူ မိမိရဲ့ခင်ပွန်းနဲ့အတူရှိနေလို့ နောက်မှ အချိန်ပေးပြီးပြောမယ်’’လို့ ပြောလိုက်ရင် အနားမှာရှိတဲ့ ခင်ပွန်း/ချစ်သူကို အသိအမှတ်ပြုတဲ့သဘောကို ဆောင်စေပါတယ်။ အဲဒီတော့ ခင်ပွန်းကို အသိအမှတ်ပြုတဲ့ သဘောကို ခင်ပွန်း/ချစ်သူက သိသွားစေတဲ့အတွက် အရိုအသေပေးတဲ့သဘော သက်ရောက်သွားစေပါတယ်။

          အိမ်ထောင်တခုဆိုတာ ခင်ပွန်းနဲ့ ဇနီး ပေါင်းစည်းပြီး တခုတည်းဖြစ်ခြင်းပါ။ ခင်ပွန်းနဲ့ သဘောထားမတူတဲ့ အကြောင်းအရာတွေကို သားသမီးတွေရှေ့မှာ ရှောင်ရှားရမှာပါ။ သားသမီးတွေ ကွယ်ရာမှာ ပြောဆိုစေချင်တာက ခင်ပွန်းကို သားသမီးတွေဆီက respect ရစေချင်တဲ့ သဘောပါ။

          ဇနီးတယောက်အနေနဲ့ self-respect မိမိကိုယ်မိမိ ယုံကြည်မှုမရှိတာက မိမိကိုယ်မိမိ ပြန် အရိုအသေပေးတဲ့ သဘောပါ။ မိမိကိုယ်မိမိ မချစ်နိုင်ရင် အခြားသူ/ခင်ပွန်း ဘယ်လိုလုပ်ပြီး ချစ်နိုင်မှာလဲ။ ဒါကြောင့် မိမိကိုယ်မိမိ ချစ်နိုင်ဖို့ ကိုယ်တိုင်တည်ဆောက်ယူရမှာပါ။

          တခါတရံမှာလည်း မိမိရဲ့ ခင်ပွန်း/ချစ်သူနဲ့ ခွဲခွာမယ်ဆိုပြီး သိက္ခာကျစေမဲ့။ အသေရေပျက်စေမဲ့ အပြောအဆိုတွေ ပြောလေ့ရှိကြပါတယ်။ ဘယ်လိုပဲ ရှုထောင့်က မြင်နေပါစေ။ Nobodys’ perfect ပါ။ ပုံကြီးချဲ့ပြီး ချဲ့ကားပြောတာတွေကို သတိထားပြီး ရှောင်သင့်ပါတယ်။

          ဒါကြောင့်မို့ ‘‘ငါက ဘယ်တုန်းကမှ သူ့ကို ချစ်ခဲ့ဖူးလို့လဲ။ အဲဒီလို အတွေးတွေဖျောက်ပြီး တရားမျှတတဲ့ အတွေးမျိုးနဲ့ပဲ တွေးတာ အကောင်းဆုံးပါပဲ။

          ဒါဆိုရင် ဇနီးနဲ့ ခင်ပွန်းတွေ ချစ်သူတွေ အချင်းချင်း ဒီစိန်ခေါ်မှုတွေကနေ ကျော်လွှားနိုင်ပြီး အင်မတန်နီးစပ်တဲ့ စုံတွဲတွေအဖြစ် ဖြစ်သွားမှာပါ။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *