သားငယ်သမီးငယ်လေးတွေ မိဘပြောဆိုဆုံးမမှုနဲ့ မိဘနဲ့ ပြန်လည်စေ့စပ် ဆွေးနွေးတတ်ဖို့ ဘယ်လို လုပ်ဆောင်မလဲ

Listen and Engag

          ဒီနေ့မှာ မိမိရဲ့ သားငယ်သမီးငယ်လေးတွေ မိဘပြောဆိုဆုံးမမှုနဲ့ မိဘနဲ့ ပြန်လည်စေ့စပ် ဆွေးနွေးတတ်ဖို့အတွက် မိဘတွေ ဘယ်လို ဂရုဏာ၊ သတိပြုပြီး လုပ်ဆောင်မလဲဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          ဒီနေ့ခေတ်မှာ မိဘတွေ အများကြီးရှိပါတယ်။ သားသမီးလေးတွေနဲ့ ဘယ်လိုပြန်စေ့စပ် ဆွေးနွေးမလဲ။ ဘယ်လိုသတိပြုလုပ်ဆောင်မလဲ၊ မိဘတွေအတွက် အံ့သြစရာတွေ အများကြီး ရှိလို့ နေပါတယ်။

          အဲ့ဒီတော့ မိဘပြောတာကို နားမထောင်နဲ့ ပြန်လည်စေ့စပ်မှုမရတာ သားသမီးဘက်က လည်း အကြောင်းအရာတွေအများကြီးရှိမှာပါပဲ။

          များသောအားဖြင့် အိမ်ထောင်စုတိုင်းမှာ ပဋိပက္ခဆိုတာရှိမှာပါပဲ။ ကလေးငယ်က မိဘကို တိုက်ခိုက်ချင်၊ ရန်လိုချင်ဖြစ်နေပြီဆိုရင် မိဘနဲ့ သားသမီးရန်ပွဲမဟုတ်ရင် စကားအခြေအတင်တွေ ဖြစ်မှာပဲ အဲ့ဒီလိုဖြစ်လာရင် မိသားစုထဲ ကသိကအောက် ဖြစ်လာပြီ။

          ဒီလိုဖြစ်လာရင် မိဘက အရင်ဆုံးစပြီးတွေးရတော့မယ်။ ငါ့ကလေးမှာ စိတ်ခံစားချက်နဲ့ စိတ်ဖိစည်းရှိနေတာကိုမြင်နေရပြီး အဲ့ဒီတော့ မိဘနဲ့ သားသမီး ပဋိပက္ခဖြစ်ပြီး ရန်ပွဲဆင်နွှဲမလား။

          မိဘနဲ့ သားသမီး စကားများလာရင်း သားသမီးစိတ်ထဲမှာ သူ့ဘဝက မလုံခြုံတော့ဘူးလို့  ခံစားတတ်လာပြီ။

          ဒီသားငယ် သမီးငယ်တွေက မိဘပြောတာကို နားမထောင်ချင်ဘူး၊ စေ့စပ်ဆွေးနွေးမှုလည်း မလုပ်ချင်တော့ဘူးဆိုရင် သားသမီးက သူ့ကိုယ်သူ ကာကွယ်ဖို့ ငြိမ်နေလိုက်တယ်။ သူ့ကိုယ်ကို နာကြင်မှာ စိုးလို့လဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိဘက မိဘနေရာကနေ ပြောတာကို မလိုလားလို့ ဒါမှ မဟုတ် သူ့မှာကွယ်ဝှက်ထားတဲ့အကြောင်းအရာ တစ်ခုခုရှိပြီး မိဘ မသိစေချင်လို့ အဲ့ဒီလို အကြောင်း တွေနဲ့လည်း ဖြစ်နိုင်တယ်။

          အဲ့ဒီလို ဖြစ်နေရင် မိဘက မိမိကိုယ်မိမိ ပြန်မေးရတော့မယ်။ အမှားလုပ်ထားလို့ မိဘကို မပြောရဲတာလား၊ ဖုံးကွယ်ထားတာ တစ်ခုခုရှိလို့လား စသဖြင့်ပေါ့။

          များသောအားဖြင့် မိဘတွေက သားသမီးတွေကို လုံခြုံရှိစေချင်တယ်။ သားသမီးကလည်း လုံခြုံမှု ရချင်တယ်။ ဒါဆိုရင် ဘာဖြစ်လို့ နှစ်ဖက် စိတ်ခံစားချက်တွေက မလုံမခြုံဖြစ်နေတာလဲ?

          ဘာဖြစ်လို့လဲဆိုတော့ မိဘနဲ့ သားသမီးဆက်ဆံရေးမှာ တစ်ယောက်ယောက်က သည်းမခံ နိုင်တော့လို့ပဲ။ အဲ့ဒီတော့ မကျေနပ်ချက်ကို ရှာပြီး သားသမီးက မိဘပြောတာ နားမထောင်တော့ဘူး၊ မိဘကလည်း သားသမီးပြောတာကို လက်မခံတော့ဘူး။

          အဲ့ဒီလိုဖြစ်နေချိန်မှာ သားသမီးက ပြောပြချင်တာကို မိဘကလက်ခံစေချင်တယ်ဆိုတာ မိဘက သိရဲ့လား၊ သေသေချာချာနားလည်ပေးရဲ့လား၊ အဲ့ဒီလိုမိဘက သိရမှာပါ။

          မိဘကသဘောပေါက်မယ်၊ နားလည်ခံစားပေးမယ် နားထောင်ပေးမယ်ဆိုရင် ဒါတွေက အဓိကသော့ချက်ပဲ မိသားစုထဲမှာ နှစ်ဘက် လုံခြုံမှုရှိတဲ့ သဘောတွေ တိုးတက်ဖြစ်ထွန်းလာတဲ့ သဘောတွေပါပဲ။

          မိသားစုထဲမှာ အဆင်ပြေဖို့ အားလုံးက အချိန်တိုင်း အရာရာတိုင်းကို ခေါင်းငြိမ့်သဘောတူနေ ရဖို့ ဆိုရင်လည်း မမှန်ပါဘူး။ လိုအပ်တာက တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးနိုင်ပြီး သူ့ အခန်းကဏ္ဍတွေနဲ့သူ relationship မှာ ရှိနေဖို့ပါ။ တပြေးတည်း ညီရှိနေဖို့ alignment ညီနေဖို့ မိဘကလည်း မိမိရဲ့  ကဏ္ဍမှာ ရှိနေဖို့ သားသမီးကလည်း သားသမီးရဲ့ ကဏ္ဍမှာရှိနေဖို့ ပဲ လိုတာပါ။

          အခုတော့ mistake ဖြစ်လာပြီး မိဘက OK လို့ ပြောရင် ရသလို သားသမီးကလည်း မိဘက လိုက်လျောပေးတဲ့အတွက် နားလည်ပေးတဲ့အတွက် OK လို့ ပြန်ပြောလည်းရပါတယ်။ ဒါက မိဘရော သားသမီးရော မိမိကိုယ်မိမိ မိသားစုအခန်းကဏ္ဍကို နားလည်ပေးလိုက်တာပဲဖြစ်ပါတယ်။

          ဒါက မိမိကိုယ်မိမိ ဒီအဖြစ်အပျက် ဒီအကျိုးဆက် ဘယ်လိုအခြေအနေမှာပဲ ရှိနေပါစေ။ မိမိရဲ့ ကိုယ်ပိုင်ဗဟုသုတအပြင်နဲ့ သက်မှတ်ဆုံးဖြတ်လိုက်တာ၊ မိဘက Control လုပ်ယူတာ၊ မိမိကလည်း လေ့ကျင့်ထားတဲ့ စွမ်းရည်ရှိဖို့ လိုသလို၊ သားသမီးကလည်း အဲ့ဒီလို စွမ်းရည်ရှိရပါ့မယ်။ ဒါမှလည်း မိဘနဲ့ သားသမီး နားလည်နိုင်မှာပါ။

          မိဘမှာ မိဘအခွင့်အရေးရှိတယ် Counselling တိုင်ပင်နှီးနှော ပိုင်ခွင့်ရှိတယ်။

          အဲ့ဒီလိုတိုင်ပင်နိုင်ဖို့ သားသမီးကို ဘယ်လိုကစပြီး ပြောမလဲ၊ ဘာအကြောင်းကို အသေချာ ဆုံးထားပြီးပြောမလဲ၊ သားသမီးကို ဘယ်လို ဂရုတစိုက်ထားပြီးပြောမလဲ၊ မိဘက စဉ်းစားရတော့ မယ်။ ဘယ်လိုအစပြုပြီး သားသမီးကို စပြောမလဲ၊ သားသမီးက မိဘပြောတာကို နားမထောင်ရင် တော့ ပြဿနာတော့ဖြစ်ပြီ၊ အဲ့ဒီတော့ မိဘက စိတ်ကိုတည်ငြိမ်အောင် အရင်ဆုံးလုပ်ယူရမယ်။ ပြီးတော့ မိမိပြောမယ့်စကားကို ထိရောက်အောင် ရှင်းပြအုံးမယ်လို့ပြောပြီး ရှင်းပြရမယ်။ သားသမီး က နားထောင်မှာတော့ မဟုတ်ဘူး။ သူတို့ဘာတွေပဲပြောနေပါစေ၊ မိဘအနေနဲ့ သားသမီးနားလည် သဘောပေါက်ဖို့အတွက် အချိန်ယူပြီးပြောရတော့မယ်။ အဓိကက စိတ်ရှည်ရမယ်။ သားသမီးနဲ့ မိဘရဲ့ အယူအဆကွာဟနေမှာတော့ အမှန်ပဲ  ဒါပေမယ့် မိဘရဲ့ အခန်းကဏ္ဍကနေပြောတာဟာ ရုန်းကန်နိုင်တဲ့ ပါဝါမိဘမှာ ရှိတယ်ဆိုတာ ပြလိုက်တာပါပဲ။ ဒီလိုပြောဆိုနေချိန်မှာ အချိန်ယူပေးရမှာ ပါ။ ဒါမှ သားသမီးကလည်း ပြန်လည်ဖွင့်ဟပြောလာတာကို စောင့်ရမှာပါ။ ကသိကအောင်ဖြစ်ပေ မယ့်လို့ အကြောင်းအရာက ပေါ်လာတာပါပဲ။

          ဒါဆိုရင် မိဘပြောတာကို သားသမီးက ပြန်လည်ပြောဆိုလာပြီ၊ သူ့ရဲ့ အတွေးသူ့ရဲ့ အမြင့် သူ့လိုလားချက်တွေဖွင့်ဟပြောလာပြီး ဒီလိုအချိန်မှာ မိဘအနေနဲ့အခုလို ဖွင့်ပြီးပြောပြတာ အရမ်း ဝမ်းသာတယ်။ ဒီလို Show လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဖြစ်နိုင်ပါတယ်။ ကလေး ပြောတာ မှန်တယ်။ အဖေက (သို့) အမေက အစတုန်းက အဲ့ဒီလို သတိမထားမိလိုက်ဖူး စသဖြင့် ပြောလိုက်ရင် သားသမီးနဲ့ မိဘပြန်လည်ကျေအေးရင်း နှစ်ဘက် နားထောင်ပေးရင်း ပြန်လည်စေ့စပ် ယူလို့ရပါနိုင်ပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။  

rvamyanmar
rvamyanmar
Articles: 1792

Leave a Reply

Your email address will not be published. Required fields are marked *