တချို့အမျိုးသားတွေမှာ ကြမ်းတမ်းတဲ့ အမှန်တရားတွေ ရှိတယ်
Harsh Truths
ဒီနေ့မှာ အသက်အရွယ်ကြီးပြီး အတွေ့အကြုံတွေ အများကြီး ရထားတဲ့ အမျိုးသား တစ်ယောက်က ဖခင်တစ်ယောက်ကို ငယ်ရွယ်သေးတဲ့ မိန်းကလေးတစ်ယောက်ကို သင်က ငါ့သမီး ဖြစ်ခဲ့မယ်ဆိုရင် တချို့အမျိုးသားတွေမှာ ကြမ်းတမ်းတဲ့ အမှန်တရားတွေ ရှိတယ်ဆိုတဲ့အကြောင်း ပြောပြထားတာကို တဆင့် sharing ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအမျိုးသားကြီးက အခုလို ပြောပါတယ်။ မိန်းမပျိုတစ်ယောက် အခုလိုကြားရတာ ခံနိုင်ရည် မရှိလောက်အောင်တော့ ခက်မှာပဲ။ ဒါပေမယ့် သမီးတို့ရဲ့ relationship မှာ မုချ သိထားသင့် နားလည် သင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်တယ်။ မိမိနှလုံးသားကိုလည်း ကာကွယ်ပေးနိုင်မယ့် အထောက် အကူတွေ အများကြီးရပြီး relationship ကိုလည်း အခုပြောပြထားတဲ့အကြောင်းအရာတွေနဲ့ လမ်းညွှန် တဲ့အတိုင်း သွားလို့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုအကြောင်းအရာတွေလဲဆိုရင်တော့ …
အားလုံးသော အမျိုးသားတိုင်းက မရိုးသားတာတော့ မဟုတ်ပါဘူး။ အမျိုးသားအများစုက သဘောကောင်းကြတယ်။ တချို့အမျိုးသားတွေက သူတို့လိုချင်တာရဖို့ ကမ္ဘာကြီးတစ်ခုလုံးကို လိမ်ညာ ပြီး ကတိပေးတတ်ကြတယ်။ ဒါပေမယ့် ကတိအတိုင်းတော့ မလုပ်ကြဘူး။ ဒါက အမျိုးသမီးငယ် တစ်ယောက်အနေနဲ့ ယုံကြည်ဖို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှပါတယ်။
ပြောတဲ့စကားထက် အပြုအမူက ပိုပြီး သိသာပါတယ်။ အမျိုးသားတစ်ယောက်က ဒီမိန်းကလေးကို ချစ်တယ်လို့ ပြောပြီးမှ နှစ်ယောက်စီစဉ်ထားတဲ့ အကြောင်းအရာတွေကို cancel လုပ်လိုက်တယ်ပြောတာ တမျိုး အမူအယာကတစ်မျိုး ဖြစ်နေတော့။ မိန်းကလေးတစ်ယောက်အနေနဲ့ မိမိမြင်တွေ့ရတာကိုပဲ ယုံကြည်ပါ။
နောက်တစ်ခုက မိမိတို့နှစ်ယောက် relationship အတွက် အခိုင်အမာပြောဆိုထားတယ်။ ဒါပေမယ့် ဒီအမျိုးသားက တခြားအမျိုးသမီးကို သွားပြီး မြှူဆွယ်နေတာလည်း ရှိတယ်။ သူ့ရဲ့အပြုအမူ ကတော့ မဟုတ်ပေမယ့် သူ့အမူအယာက ပေါ်လွင်နေပါတယ်။ ရိုးသားတဲ့ အမျိုးသားတစ်ယောက်က ပြောတာတော့ ပြုမူတဲ့ အမူအယာတော့ ကိုက်ညီလေ့ရှိတယ်။ အမျိုးသမီးတစ်ယောက်ကို ကြိုတင် ပြောလို့မရနိုင်သလို သူ့အမူအယာတွေကလည်း ပြောင်းလဲတတ်တဲ့အတွက် ရိုးသားတာနဲ့ ယုံကြည် အားထားရတာတွေကို မိမိက အလိုလို သိနိုင်တာမို့ကို လစ်လျူရှုမထားပါနဲ့ ဆိုတာကို သတိပေးတာ ပါလို့ ဆိုထားပါတယ်။
အမျိုးသားအများစုက နှစ်ယောက်သား ကတိပေးပြီးသားအကြောင်းအရာကို အဆင်သင့် မဖြစ်သေးတဲ့အခါမှာ သူတို့ကိုယ်သူတို့ ခြောက်လှန့်သလို ဖြစ်တတ်ပါတယ်။
ဥပမာ- ဒီမိန်းကလေးကို ချစ်ပါတယ်ဆိုပြီး dating လုပ်ကြတယ်။ အနာဂတ်အတွက် အလေး အနက်ပြောတဲ့အခါမှာ ရှောင်တယ်။ ခေါင်းစဉ်ကို ပြောင်းပြီး ပြောတယ်။ ဒါက ကတိပေးပြီးသား စကား ကို သူကြောက်ရွံ့နေတာပဲ ဖြစ်ပါတယ်။
နောက်တစ်မျိုးက fly တစ်ခုကို စတင်တည်ထောင်ဖို့ ပြောရင် အကြောင်းမျိုးစုံပြပြီး ရှောင်လွှဲ နေတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်နေပါစေ။ ဒီမိန်းကလေးက မိမိရဲ့ ပန်းတိုင် goal နဲ့ တန်းညှိလို့မရရင် ကတိပေးထားတာကို အတင်းအဓမ္မ ဖိအားပေးပြီး အိမ်ထောင် တစ်ခုလုံး တည်ဆောက်မယ်ဆိုရင် နောက်ဆုံးမှာ ခါးသီးတဲ့ ခံစားချက်တွေနဲ့ break-up ဖြစ်သွားမှာ ပါပဲ။
ဒါကြောင့်မို့ လက်တွဲဖော်ကို ရှာတဲ့အခါမှာ မိမိနဲ့ တန်းညှိနိုင်တဲ့သူနဲ့ အဆင်သင့်ဖြစ်တာက relationship မှာ ချောမွတ်ပြီး ပြီးပြည့်စုံစေပါတယ်။
အမျိုးသားတစ်ယောက်က အမျိုးသမီးကို care လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်က respect ပေးတာ ပဲဖြစ်တယ်။ respect ဆိုတာက စိတ်ခံစားချက် ထင်မြင်ချက်တွေနဲ့ စည်းဘောင်အတွင်းမှာ တန်ဖိုး ထားတတ်တာပဲ ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်က respect မလုပ်ပေးနိုင်ဘူးဆိုရင် တန်ဖိုး မထားတာပဲ ဖြစ်တယ်။ ဒီအမျိုးသမီးရဲ့ ပြောဆိုပြုမူတာတွေ idea တွေကို သေးသိမ်သွားစေတာ ဖြစ်တယ်။ ဒါမှမဟုတ် ရိုင်းပျစွာ ပြောဆိုမယ်။ နာကြင်စေတဲ့ အသုံးအနှုန်းတွေ သုံးပြီးပြောမယ်ဆိုရင် ဒါက ဒီအမျိုးသမီးကို respect မပေးတာပဲ ဖြစ်တယ်။ respect ပေးတယ်ဆိုတဲ့ သဘောက မိမိ သဘောမတူနိုင်တဲ့ အရာအားလုံး ကြိုးစားပြီး စဉ်းစားပေးမယ်။ အမျိုးသမီးရဲ့ ရှုထောင့်မျိုးစု့ကို respect လုပ်တာပဲ ဖြစ်ပါတယ်။
တချို့အမျိုးသားတွေက သူတို့ရဲ့ စိတ်ခံစားချက်ကို သူတို့ကိုယ်တိုင် ရုန်းကန်ရတာတွေရှိ တယ်။ ဥပမာ- ဒီအမျိုးသားက သူ့အမျိုးသမီးကို ချစ်တယ်ဆိုရင် I love you လို့ ပြောဖို့ ခက်နေတတ်တယ်။ ဒါပေမယ့် သူ့အပြုအမူ အမူအယာတွေက ဖော်ပြနေတာ သိသာတယ်။ ဒီနှစ်ယောက်က စကားများကြ တဲ့အခါမှာ အမျိုးသားက သူ့စိတ်ခံစားချက်တွေကို ဘာမှ မပြောတော့ဘူး။ ဒါက relationship မှာ အဟန့်အတားဖြစ်စေတယ်။ နှစ်ယောက်ရဲ့ ဆက်နွယ်မှုမှာလည်း လစ်ဟာစေတယ်။ အခုလို မပြောဘဲ နေတဲ့အတွက် ဒီအမျိုးသားရဲ့ စိတ်ထဲမှာ တဖြည်းဖြည်း ကြီးထွားလာနေတယ်။ ဒါကို အမျိုးသမီးအနေ နဲ့ ရုန်းကန်နေရတာကို နားလည်ပေးနိုင်မယ်။ သူ့ကို ခွန်အားတွေတက်လာအောင် လုပ်ပေးနိုင်မယ် ဆိုရင် ကောင်းမွန်တဲ့ relationship ကို ရမှာပါ။ နှစ်ယောက်စလုံးရဲ့ စိတ်ခံစားချက် အသင့်ဖြစ်အောင် ထားနိုင်ခြင်းက အချင်းချင်း ဆက်နွယ်မှုရဲ့ အဓိက သော့ချက်ပဲ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ အမျိုးသားတစ်ယောက်က သူ့ချစ်သူကို ချစ်တဲ့ အပြုအမူတွေ ပြတတ်ကြပါ တယ်။ ချစ်သူက အကူအညီလိုအပ်နေလို့ ထောက်ပံ့မှုကို မပေးနိုင်ဘဲ excuse ဆင်ခြေတွေပေးနေတာ က အလကားပါပဲ။ အမျိုးသမီးရဲ့ မျှော်မှန်းချက်တွေ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမယ်။ ထောက်ပံ့ပေးမယ်ဆိုရင် အမျိုးသမီးကို ယုံကြည်အားထားတာဖြစ်ပြီး၊ အမျိုးသားတစ်ယောက် သူ့ စကားကို ကြိုးစားအားထုတ်ပြီး စကားတည်တာပဲဖြစ်တယ်။ actions speak louder than words ဆိုတဲ့အတိုင်းပါပဲ။ အသေးအမွှား အပြုအမူလေးတွေကအစ ဦးစားပေးတာတွေက အမျိုးသမီးရဲ့ စိတ်ကြေနပ်မှု ပျော်ရွှင်မှုကို တန်ဖိုးထားပေးတာပဲ ဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်ဟာ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ ကိုယ်ပိုင်အင်အားတွေရှိတယ် ဆိုရင် အမျိုးသားတွေက မြင်တယ်။ ဥပမာ- မိမိမှာ ရှိတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ၀င်ငွေရှာတယ်။ ဝါသနာပါရာ ပန်းချီဆွဲတယ်။ စာရေးတယ် စသဖြင့် မိမိရဲ့ ကိုယ်ပိုင် လွတ်လပ်မှုနဲ့ မိမိပြဿနာကို မိမိ ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့အတွက် အမျိုးသားတစ်ယောက်ကို ဆွဲဆောင်သလို ဖြစ်စေပါတယ်။ မိမိရဲ့ ကိုယ်ပိုင်ခွန်အားတွေနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုတွေက လက်တွဲဖော်အတွက် စိတ်ထက်သန်မှုတွေကို တဖွားဖွား ဖြစ်ပေါ်လာစေပါတယ်။
ကောင်းတဲ့ အမျိုးသားတစ်ယောက်က relationship ကို တိုးမြှင့်အောင်လုပ်တယ်။ ခက်ခဲ ရှုပ်ထွေးတာတွေ မလုပ်ဘူး။ အကယ်၍ relationship က ပျော်ရွှင်မှုထက် နာကျင်မှုက ပိုနေမယ်ဆိုရင် ဒီအမျိုးသားက ကိုယ့်အတွက် သင့်တော်တဲ့ အမျိုးသားတစ်ယောက် မဖြစ်နိုင်ပါဘူး။ stress တွေ ကြောင့်ကြတဲ့ စိတ်တွေရနေရင် ကောင်းမွန်တဲ့ relationship ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
ဒါတွေကို သိထားခဲ့ရင် ပိုမိုကောင်းမွန်တဲ့ relationship ကိုလည်း ရမယ်။ မိမိနှလုံးသားကို လည်း ကာကွယ်ပေးနိုင်မယ့် အထောက်အကူတွေ အများကြီး ရလိမ့်မယ်လို့ မျှော်လင့်ရင်း ကြမ်းတမ်း တဲ့ အမှန်တရားတွေကို မျှဝေပေးလိုက်ပါတယ်။