နှစ်(၃၀) ပြည့်ပုလဲဂျူဘီလီ အခမ်းအနားကျင်းပခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန်ဗင်းဆင်းဒီပေါလ်အသင်း၊ စိန်ဂျွန်းကွန်ဖရင့်၏ နှစ်(၃၀) ပြည့် ပုလဲဂျူဘီလီ အခမ်းအနားမစ္ဆားတရားကို မန္တလေးသာသနာ၊ စိန်ဂျွန်းဘုရားကျောင်း၌ (၂၃.၃.၂၀၂၅) နေ့ နံနက် ၈းဝဝ တွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Soe Tin မှ ဉီးဆောင်ပူဇော်ပေးခဲ့ပါသည်။

မန္တလေးသာသနာ၊ စိန်ဗင်းဆင်းဒီပေါလ်အသင်း၊ စိန်ဂျွန်းကွန်ဖရင့်ကို ၁၉၉၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် တာဝန်ခံ ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီး Fr. John Aye Kyaw မှ အသင်းဝင် (၈) ဉီးဖြင့် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဤယနေ့ဆို နှစ်ပေါင်း(၃၀) တိုင်ရှိခဲ့ပြီဖြစ်ပါသည်။

စိန်ဗင်းဆင်းဒီပေါလ်အသင်းသည် မရှိဆင်းရဲသားများ၊ သက်ကြီးရွယ်အိုများကို ထောက်ပံ့ခြင်း၊ သင်္ဂြိုလ်ရန်းခက်ခဲသူများအား ကူညီခြင်းစသည့် ကူညီထောက်ပံ့မှုလုပ်ငန်းများကိုလုပ်ဆောင်ခဲ့ပါသည်။ စိန်ဂျွန်းကွန်ဖရင့် နှစ်(၃၀) ပြည့် ပုလဲဂျူးဘီလီပွဲနဲ့ပတ်သက်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Soe Tin မှလည်း ခုလိုပြေားကြားခဲ့ပါသည်။

“တကယ်တော့ နှစ်(၃၀) ဆိုတဲ့ ဆယ်စုနှစ် သုံးခု ဆိုတာမနည်းပါဘူး ဒါပေမဲ့ ယခုတိုင် ဒီစိန်ဂျွန်းမှာရှိတဲ့ စိန်ဗင်းဆင်းဒီပေါလ် အသင်းသူ အသင်းသားတွေသည် စိတ်အားထက်သန်စွာ နဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်နေတာတွေ့တော့ ကျွန်ုပ်ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ အားရမိပါတယ်။ တကယ်လည်းပဲ ဂုဏ်ယူမိပါတယ် ကျွန်ုပ်တို့တွေ လောကကြီးမှာ အသက်ရှင်နေစဉ်မှာ ဘုရားရှင်ရဲ့ တရားတော်ဖြစ်တဲ့ အငယ်ဆုံသောသူကိုကြည့်ရှု့ခြင်းက ငါ့ကို ကြည့်ရှု့ခြင်းဖြစ်တယ်လို့ ခရစ်တော်ပြောကြား သလို ကျွန်ုပ်တို့တွေ ခရစ်တော်ရဲ့ မေတ္တာဂရုဏာ လုပ်ငန်းကို လုပ်ဆောင်ပြီးတော့ကူညီခြင်းသည် တကယ်ကို ဂုဏ်ယူစရာဖြစ်တယ်။

ဒီစိန်ဂျွန်းသာသနာအုပ်စုမှာ အကူအညီ အလိုအပ်ဆုံးပုဂ္ဂိုလ်တွေကို ကူညီဖို့ဒီစိန်ဗင်းဆင်းဒီပေါလ်အသင်းကနေ အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ခဲ့ကြတယ်။ ဆက်လက်ပြီးတော့လည်း လုပ်ဆောင်ပေးဖို့ရာ ကျောင်းထိုင်ဘုန်းတော်ကြီး တစ်ပါးအနေနဲ့ တိုက်တွန်းလိုပါတယ်။ ” ဟုမိန့်ကြားခဲ့ပါသည်။

ထိုးအပြင် လက်ရှိ စိန်ဗင်းဆင်းဒီပေါလ်အသင်း၊ စိန်ဂျွန်းကွန်ဖရင့်၏ ဥက္ကဌ ဖြစ်သည့် ထရေဇား ဒေါ်ဆိုင်းဘူး မှလည်း ခုလိုပြောကြားခဲ့ပါသည်။

“မန္တလေးသာသနာမှာ စိန်ဗင်းဆင်းဒီပေါလ် ကွန်ဖရင့် (၄၀) ကျော်ရှိပါတယ်။ ဒီနေ့ကျင်းပသည့် နှစ်(၃၀) ပြည့်ပုလဲဂျူဘီလီသည် စိန်ဂျွန်းသာသနာအုပ်စုမှ စိန်ဗင်းဆင်းဒီပေါလ်အသင်း၏ နှစ်(၃၀) ပြည့်ပုလဲဂျူဘီလီ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိန်ဗင်းဆင်းဒီပေါလ်၏ အဆိုအမိန့်က

(ဆင်းရဲသားများသည် ကျွန်ုပ်တို့၏ ဆရာသခင်များဖြစ်ကြသည်။ ၎င်းတို့သည်ဤလောက၌ ဒုက္ခဝေဒနာခံစားနေရသော သခင်ခရစ်တော်ကို ကိုယ်စားပြုသည်။

ဆင်းရဲသားများကို ပြုစုခြင်းသည်ဘုရားသခင်၏ နိုင်ငံတော်သို့သွားရောက်ခြင်းဖြစ်သည်။) ယခုအဆိုအမိန့်ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ စိန်ဗင်းဆင်းဒီပေါလ်အသင်း အားလုံးသည် ဒီအဆိုအမိန့်အတိုင်း လုပ်ဆောင်းနေကြပါသည်။

ကူညီထောက်ပံ့တဲ့ အပိုင်းမှာတော့ အလိုအပ်ဆုံးသူတွေကို ရှာဖွေပြီးတော့ ကူညီထောက်ပံ့ပါတယ်။ အရင်ကထောက်ပံ့ထားတဲ့သူတစ်ချို့လည်း သားသမီးတွေကြီးလာလို့ အလုပ်တွေရပြီး စီးပွားရေး အဆင်ပြေလာရင်တော့ သူတို့ကို ထောက်ပံ့တာတွေ ကို နားပြီး တစ်ခြားပိုလိုအပ်တဲ့သူတွေကို ပြန်းထောက်ပံ့ပါတယ် ဟု” ထရေဇားဒေါ်ဆိုင်းဘူ( ဥက္ကဌ) မှပြေားကြားခဲ့ပါသည်။

မစ္ဆားတရားအပြီးတွင် စိန်ဂျွန်းခန်းမတွင် ဂျူဘီလီပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ဖိတ်ခေါ်ထားတဲ့ ကွန်ဖရင့် အသီးသီးမှာ အဖွဲ့များ၊ကိုယ်စာလှယ်များ တက်ရောက် ဂုဏ်ပြုကြပါသည်။ ထိုနောက် ထောက်ပံ့ခံမိသားစုများကို လိုအပ်သည့် အခြေခံစားသုံးကုန်းများ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ နှင့် အခြားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။

#LocalNews#rvamyanmar#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *