ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ)ဝါတွင်းကာလဒုတိယ သောကြာနေ့ကြီးဩဝါဒ ၂၁၊ ၃၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာတေဦး ၂၁:၃၃-၄၃၊ ၄၅-၄၆ မှာ စပျစ်ခြံစိုက်ပျိုုးပြီးစီးသွားတဲ့ ပိုင်ရှင်က ခြံအလုပ်သမားတွေကို ငှါးထားခဲ့တယ်။ အချိန်တန်လို့ အကျိုးအမြတ်လာသိမ်းတဲ့အချိန်မှာ သခင်စေလွှတ်တဲ့ အလုပ်မားတွေကို ရိုက်နှက် သတ်ဖြတ် ခဲ့လို့ နောက်ဆုံးမှာ ခြံပိုင်ရှင်ရဲ့သားကို စေလွှတ်လိုက်တဲ့ အခါ အမွေစား အမွေခံသားကိုသတ်ပစ်ပြီး ခြံကို အပိုင်သိမ်ခြင်ကြတဲ့ အကြောင်းကို ကြားနာခဲ့ရတယ်။ ဒီပုံပြင်က အီဇရာအဲလ် လူမျိုးတွေရဲ့သမိုင်းကြောင်းနဲ့ သူတို လုပ်ခဲ့တဲ့လုပ်ရပ်ကို သခင်ခရစ်တော် က ပုံဥပမာနဲ့ သတိပေးလိုက်ခြင် ဖြစ်ပါတယ်။ သခင်ခရစ်တော် ဆိုလိုတဲ့ စပျစ်ခြံပိုင်ရှင်ဟာ ဘုရားသခင်ဖြစ်တယ်။ စပျစ်ခြံကတော့ ဘုရားရွေးချယ်ထားတဲ့ ဂျူးလူမျိုးတွေ နေထိုင်ရာ အရပ်ကို ဆိုလိုခြင်းဖြစ်တယ်။ စပျစ်ခြံ ငှါးရမ်းလုပ်ကိုင်သူတွေဟာ ဘုရားရဲလူမျိုးတွေပဲ ဒီလူတွေကပဲခြံပိုင်ရှင်စေလွှတ်တဲ့ အစေခံတွေဆိုတာ ပရောဖက်တွေ ဘုရားကိုယ်စား လူတွေသတင်းစကားပြောကြာပေးသူတွေခြံအငှါးတွေက အဲ့လို စေလွှတ်ခံရတဲ့သူတွေရဲ့ စကားကို နားမထောင်ပဲ ရိုက်နှက် သတ်ဖြတ်ကြတယ်။ နောက်ဆုံးမှာတော့ ခြံရှင်က ငါ့သားကို စေလွှတ်ရင်တော့ သူတို့လေးစားကြမှာပါဆိုပြီး ဘုရားရှင်က သူရဲ့ တပါးတည်းသော သားတော်ကိုစေလွှတ်ခဲ့တယ်။ သားတော် ကို စပျစ်ခြံအပြင်ထုတ်သတ်ခဲ့ကြတယ် ဆိုတာ ခရစ်တော်ကို ဂျေရုစလင် မြိုပြင်ထုတ်သတ်ကြမယ် လို့ကြိုတင်ဟောကြားခဲ့ခြင်ဖြစ်တယ်။ ဒါကြောငါ့လည်း ဘုရားသခင်က ဆိုးရုပ်သော စပျစ်ခြံလုပ်ကိုင်သူတွေ ကို အပြစ်ပေးတော်မူတယ်။ ခရစ်တော် ကို ကာတိုင်တင်သတ်ခဲ့ပြီး နှစ်ပေါင်း ၄၀ လောက်အကြာ AD 70လောက်မှာ ဂျေရုဇလင်မြို့ကို ရောမအင်ပါယာကြီး က ကျောက်တုံးတတုံးပေါ် တတုံး မတင်ကျန်ရစ်ရလေအောင် ဖျက်စီးပြစ်ခဲ့ပြီး လူပေါင်းများစွာသေကြေပျက်စီးခဲ့ကြရတယ် ။
ဘုရားကို ငြင်းဆန်၊ အမှန်တရားကို ဖျက်စီး၊ ဘုရားလက်မခံ တရားမျတမူကို ငြင်းဆန် ခဲ့ကြတဲ့ လူတွေဟာ ယနေ့အချိန်ထိ ဂျေရုစလင်မြို့ကြီးဟာ ငြိမ်းချမ်းမှုမရသေးပါဘူး။ ဒါကြောင့်လဲးဘုရားသခင် က သူရွေချယ်ထားသူတွေဆီကနေ ခရစ်ယာန်ဘာသာတရားကို ဖယ်ထုတ်ပြီး လူမျိုးခြားတွေဖြစ်တဲ့ ကျွန်တော်ယုံကြည်သူတွေတကမ္ဘာလုံးမှာ ပျံနှံ့ကြီးထွားစေခဲ့တာဖြစ်တယ်။ ဒီလိုပါပဲ ကျွန်တော်တို့ဘဝအသက်တာမှာလည်းဘုရားက နှုတ်ကပါဌ်တော်တွေကနေ၊ တရားဟောကြားသူတွေကနေ နေ့စဉ်နေ့တိုင်းသတိပေးနေတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ် အချိန်အခါထိ သခင်ခရစ်တော်ကို သိလျက်နဲ့ မိမိအလိုဆန္ဒကို ဦးစားပေးပြီး ညင်းဆန်နေကြ တုန်းပါပဲ။ ထိုသူတွေထဲမှာ မပါဝင်မိဖို့ သတိရှိကြပါစို့။။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *