ပုပ်ဖရန်စစ်အမြန်ဆုံးကျန်းမာလာစေရန်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများဆုတောင်းပေးနေကြ

ပုပ်ဖရန်စစ်အမြန်ဆုံးကျန်းမာလာစေရန်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများဆုတောင်းပေးနေကြ

ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေးအခြေအနေသည် တနင်္လာနေ့ကသတိရှိကြီးစွာဖြင့်စောင့်ကြည့်ရသောအခြေအနေဖြစ်နေခဲ့သော်လည်း ညပိုင်းတစ်ညလုံးကောင်းမွန်စွာအနားယူနိုင်ခဲ့သည်ဟုအင်္ဂါနေ့နံနက်ပိုင်းကသတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန် ကက်သလစ်ဘာသာတူရာနှင့်ချီ၍ ‌တနင်္လာနေ့ညပိုင်း(ဒေသစံတော်ချိန် ၉) နာရီကရောမမြို့၊ စိန့်ပီတာရင်ပြင်၌ စုရုံး၍ စိပ်ပုတီးစိပ်ခဲ့ကြသည်။ အဆိုပါအစီအစဉ်ကို ဗာတီကန်၏ အတွင်း ရေးမှူး ကာဒီနယ် Pietro Parolin မှဦးဆောင်ခဲ့သည်။

အမေရိကန်သမ္မတထရမ့်နှင့်ပြင်သစ်သမ္မတ တို့ကလည်း ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည်စူး၍ ‘we wish him well …. it’s a very serious situation’ (အမြန်ကျန်းမာပါစေ။ လက်ရှိ၌အလွန်အသည်းအသန်ဖြစ်နေသည်) ဟုဗွီဒီယိုဖိုင်လ်ဖြင့်ဆုတောင်းချက်ကိုပူးတွဲပြုလုပ်ပေးပို့ခဲ့သည်ဟုဆိုသည်

ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း ရဟန်းမင်းကြီးဖရန်စစ်အမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည် ရွယ်၍ ကျောင်းသူကျောင်းသားများမှကိုယ်တိုင်ပြုလုပ်သည့်ဆုတောင်းစာလွှာကဒ်များပေးပို့ခဲ့ကြဟုသိရပါသည်။

အာဗီအေဘာသာပြန်

ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/3n5s7g
rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *