ဖာသာရ် Peter Kyi Mg (မန္တလေး) သာမန်ကာလဆဌမ ကြာသပတေးနေ့ဩဝါဒ ၂၀၊ ၂၊ ၂၀၂၅
ဓမ္မိတ်ဆွေတို့
ဒီကနေ့ကြားနာရတဲ့ ရှင်မာကု ၈:၂၇-၃၃ မှာ သခင်ခရစ်တော်က သူနဲ့အတူ ခရီးသွာ နေတဲ့ တပည့်တော်ကြီးတွေကိုမေးတယ် ပထမမေးခွန်းက လူတွေက ငါ့ကို ဘယ်သူလ်ု့ထင်ကြလည်း ဒုတိယမေးခွန်းက မင်းတို့က ငါ့ကိုဘယ်သူလို့ထင်ကြလည်း ဆိုတဲ့မေးခွန်းကို မေးခဲ့တယ်။ ဒုတိယမေးခွန်းကို သူနောက်လိုက်တပည့်တော်ကြီး ရှင်ပေတရုက ကိုယ်တော် အသက်ရှင်တော်မူသောထာဝရဘုရား၏သားတော် ခရစ်တော်ဖြစ်ပါ၏လို့ဖြေခဲ့တယ်။ အဖြေက မှန်ကန်ခဲ့ပေးမဲ့ ပေတရု မျော်မှန်းတဲ့ကယ်တင်ရှင် က ဘုရားစီစဉ်တဲ့ကယ်တင်ရှင်ကို လက်ခံဖို့မဟုတ်ပဲ လူတို့လိုခြင်တဲ့ အာဏာ၊ ပါဝါတွေနဲ့ အီဇရာအဲလ် လူမျိုးကို အုပ်ချုပ် ကယ်တင်မည့် အာဏာရှင်မက်ဆီးယားကို မျော်လင်နေတာဖြစ်တယ်။ ဒါကြောင့်သခင်ခရစ်တော်က သူ ညှင်းပန်းနိပ်စက်ခံရမယ် အသတ်ခံရမယ် သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်မယ်ပြောတာကိုပေတရု လက်မခံနိုင်ခဲ့ဘူ။သခင်ခရစ်တော်ကိုတောင်ပြန် ဆုံးမလိုက်သေးတယ်ဒီနေရာမှာ သိရမှာကသခင်ခရစ်တော် ကို နတ်ဆိုးကနှောက်ယှက်တဲ့အခါ အာဏာ၊ ပါဝါ လောက ကြွယ်ဝမှု့တွေနဲ့နှောက်ယှက်တယ်။ ဒါကို လက်ခံလိုက်ရင် နတ်ဆိုးရဲ့ လွမ်းမိုးမှု့ကိုခံရမယ်။ ဒါကိုသိတဲ့ သခင်ခရစ်တော်ကပေတရုကို ဆုတ်ဟဲ့စာတန်၊ အသင်နတ်ဆိုး ငါ့နောက်သို့ဆုတ်လောဆိုပြီး အမိန်ပေးခဲ့တယ်။ဘုရား ရဲ့အစီ အမန်ကို မလိုက်နာပဲ ဘုရားကို ကို့အစည် အမန် အတိုင်း လိုက်လုပ်စေခြင်ကြတဲ့ ခရစ်ယာန်တွေ အများကြီးရှိတယ်ဆိုတာ သတိထားရမယ်။ ဘုရားကို လိုအပ်မှ ရှိခိုး လိုတာတောင်း မရရင် စိတ်ဆိုး၊ ကျန်းမာ ချမ်းသာ အဆင်ပြေ အလိုဆန္ဒပြည့်နေရင် ဘုရားကို ဘေးဖယ်ထား တပ်ကြတဲ့လူတွေ။ ဘုရားကို ကိုလိုခြင်သလိုအသုံးချခြင်ကြတဲ့သူတွေထဲးမှာ ကိုမပါဖို့ သတိထားပါ။