ဖာသာရ် Peter Kyi Mg (မန္တလေး) သာမန်ကာလဆဌမ ဗုဒ္ဓဟူးနေ့ဩဝါဒ ၁၉၊ ၂၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့
ဒီကနေ့ကြားနာရတဲ့ ရှင်မာကု ၈:၂၂-၂၆ မှာ မျက်မမြင်တယောက်ကို ကုသပေးတဲ့အကြောင်းကိုကြားရတယ်။ ဒီမျက်မမြင်သူဟာ မွေးကတဲး အကန်းအဖြစ်မွေးလာတာမဟုတ်ပဲ ရောဂါတခုခုကြောင့် အမြင်အာရုံချို့ယွင်းသွားတာ ဖြစ်နိုင်ပါတယ်။ သူ့ပြေားစားတွေထဲးမှာ လူတွေကို သစ်ပင်တွေလို မြင်ရတယ်ပြောတယ်။ တချိန်က မြင်ခဲ့ဖူးသူမို့ သစ်ပင်တွေကိုသိနေတာဖြစ်နိုင်ပါတယ်။ ဒီနေရာမှ ထောက်ရှုစေခြင်တဲ့ပထမ အချက်က လူတွေက သူကို သခင်ခရစ်တော်စီ ခေါ်လာကြတယ်လို့ဖတ်ရတယ်။ ခေါ်လာတဲ့သူတွေရဲ့ သခင်ခရစ်တော်အပေါ်မှာထားတဲ့ ယုံကြည်ခြင်း သခင်ခရစ်တော်ကုသပေးနိုင် ၊ အလင်းကွယ်နေသူကို အလင်ပေးနိုင်တယ် ဆိုတဲ့အချက်ပါပဲ။ လောကမှာ အကန်းတွေအများကြီးရှိပါတယ် အမှားနဲ့ အမှန်ကို မခွဲးခြားနိုင်လောက်အောင် အသိညာဏ်သေပြီး ကန်းနေတဲ့သူတွေ၊ မာန်မာန အတ္တတွေ ဖုံးနေလို့ အေးမြတဲ့ မေတ္တာတရားတွေ ကန်းနေတဲ့သူတွေ၊ ငွေနောက်လိုက်ရင်းနဲ့ ဘဝတွေ ဆုံလုံးကန်းသွားတဲ့သူတွေ၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါ အသုံးပြုရဖို့သာမြင်ပြီး နောက်ဆက်တွဲး အကျိုးဆက်တွေမမြင်ပဲးကန်းနေတဲ့သူတွေ၊ အတန်းပညာ ကောင်းမွန်စွာ မရခဲ့လို့ တွေခေါ်နိုင်မူ့ အားနဲးပြီး ကန်ရနေတဲ့သူတွေ၊ မကြေနပ်မှုတွေ ခွင်မလွတ်နိုင်မှု့တွေကြောင့်ကန်းနေကြတဲ့သူတွေ ကို တရားဓမ္မအလင်းစီ၊ အမှန်တရားအလင်းစီ၊ အေးမြမှု့ အလင်းစီ၊ လွတ်လပ်မှု အလင်းစီ ၊ အေးချမ်းမှု့အလင်းစီ သင်ခေါ်ဆောင်ပေး ရမယ် စစ်မှန်တဲ့ အလင်း၊ စစ်မှန်တဲ့ လွတ်လပ်မှု့ ပျော်ရွှင်မှု့ဟာ သခင်ခရစ်တော်စီမှာပဲးရှိတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အမှောင်ဖုံးလွမ်းခံနေသူတွေကို သခင်ခရစ်တော်စီခေါ်ဆောင်လာနိုင်တဲ့သူဖြစ်ကြောင်ကြိုးစားကြစို့ တဆက်ထဲးမှာပဲ ကိုကိုယ်၌က အမှောင်အဖုံးခံနေရတဲ့ အကန်းဖြစ်နေသလား ထောက်ရှုသွားကြပါစို့။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *