ခက်ခဲတဲ့ ခေါင်းစဉ်အောက်က အကြောင်းအရာတွေကို မိဘက သားသမီးကို ဘယ်လိုပြောရင် ကောင်းမလဲ။

ဒီနေ့မှာ ခက်ခဲတဲ့ ခေါင်းစဉ်အောက်က အကြောင်းအရာတွေကို မိဘက သားသမီးကို ဘယ်လိုပြောရင် ကောင်းမလဲဆိုတဲ့ အကြောင်းအရာကို ပြောပြပေးချင်ပါတယ်။

          ဒီလိုခက်ခဲတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးရတာ ပြောရတဲ့အခါမှာ လွယ်ကူတဲ့ စကားတွေ တော့ မဟုတ်ပါဘူး။ မိဘတွေအတွက် အင်မတန်မှ ခက်ခဲပါတယ်။ အင်မတန်မှ တွက်ဆပြီးမှ ပြောရ တာမို့ပါ။ တချို့သားသမီးတွေက အဲဒီလို အကြောင်းအရာတွေကို ပြောတဲ့အတွက် မိဘကို စကား မပြောဘဲ ဖြတ်တောက်ရှောင်ကြဉ်ပြီးနေကြတဲ့ အဖြစ်မျိုးတွေ မိဘတွေ ကြုံတွေ့ရပါတယ်။ သူတို့ ဖာသာ ကြိတ်မှိတ်ပြီး ခံစားနေတာတွေလည်း ရှိပါတယ်။

          မိဘက သားသမီးနဲ့ ပွင့်ပွင့်လင်းလင်း အမှန်တကယ် အဖြစ်အပျက်ကို စကားစမြည်ပြောရင်း ထုတ်နှုတ်ပြီး ပြောရတာပါ။

          ဘယ်လိုတွေးတောပြီး ပြောရမလွယ်တဲ့ ခေါင်းစဉ်ကို မိဘက ဘယ်လိုစပြီး ပြောမလဲ။

          ဆယ်ကျော်သက်ရွယ်တွေဆိုတော့လဲ ဘယ်လိုခေါင်းစဉ်အောက်က အကြောင်းအရာတွေလဲ။ drugs ဆေးသုံးစွဲတာလား။ sex အကြောင့်လား။ bullying အနိုင်ကျင့်ခံနေရလို့လား။ ဆင်းရဲတဲ့ အတွက် တခြားသူငယ်ချင်းတွေက နှိမ်ကြတာလား။

          အဲဒီတော့ မိဘက ဘယ်လိုတွေးတောပြီး ပြောမလဲ။ အဲဒီလို ခေါင်းစဉ်တွေကို မရောက်ခင် ငယ်ရွယ်စဉ်မှာကတည်းက မိဘက အခြေခံကိုယ်ကျင့်တရားကို သင်ပေးထားခဲ့မယ်ဆိုရင် သားသမီး က သူကြုံတွေ့ရတဲ့ ခေါင်းစဉ်မှာ သူကိုယ်တိုင် ဖြေရှင်းတတ်မယ်။ သူကြုံတွေ့ရတဲ့ ခေါင်းစဉ်ကို ရင်ဆိုင်ချိန်တွယ်နိုင်ဖို့ အန္တရာယ်ကို လုံခြုံစွာနဲ့ ခိုင်မြဲတဲ့ ချိန်ခွင်လျှာ ညှိတတ်ဖို့ မိဘက ဆွေးနွေးရ တော့တယ်။

          မိမိသားသမီးက အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဘာသာတရားယုံကြည်ကိုးကွယ်မှုရှိထားမယ်။ အမှန်တကယ် ခိုင်မာတဲ့ ကိုယ်ကျင့်တရားရှိထားမယ်ဆိုရင် သူတို့က အမှားအမှန် ဘယ်အရာက မှန်တယ်။ ဘယ်အရာက မှားတယ်ဆိုတာကို သူတို့က နားလည်သဘောပေါက်နေတယ်။ မိသားစု အတွင်းမှာ သားသမီးတယောက်ရဲ့ အခန်းကန္တ လောကကြီးက ဘယ်လိုရှိတယ်။ သူတို့က ဘယ်လို ဖြတ်သန်းနေရတယ်ဆိုတာ သိနေတဲ့အတွက် ခက်ခဲတဲ့ အကြောင်းအရာကို တွေ့ပေမယ့် ဖြေရှင်း တတ်တယ်။ အဖြေရှာတတ်လာတယ်။ ဘာသာတရား ယုံကြည်မှုရှိမယ်။ ကိုယ်ကျင့်တရား ကောင်းမယ်။ ဒါတွေက မိဘတွေ အခြေခံသင်ပေးထားရမဲ့ အခြေခံသဘောတရားတွေပဲ ဖြစ်ပါတယ်။

          မိဘတယောက်အနေနဲ့ မိမိသားသမီးနဲ့ ဒီလိုခက်ခဲတဲ့ ခေါင်းစဉ်တွေ ပြောရတာ ခက်ခဲတယ် ဆိုတာ သိပေမယ့်။ အကောင်းဆုံးကတော့ သားသမီးနဲ့ ဆွေးနွေးပြောဆိုဖို့ ပတ်ဝန်းကျင်ကို ဖန်းတီး လိုက်ပါ။ ပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမှာပါ။ ဆွေးနွေးတဲ့အခါမှာ ကြောက်ရွံ့မှုမရှိပဲ ခေါင်းဆောင်ပြောဆိုရမှာ ဖြစ်သလို သားသမီးလို သံသယစိတ်၊ အပြစ်တင်သံပါတာတွေ စွပ်စွဲရိပ်လွှမ်း ပြောဆိုတာတွေ မပါတာ အဆင်အပြေဆုံးပါပဲ။ ဆွေးနွေးတဲ့ခါမှာ ကိုယ့်သမီးကို ပျက်စီးသွားဖို့ ဒီအခြေအနေထက်ပိုဆိုးသွားဖို့မဟုတ်ပဲ အခုဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို  အဆင်ပြေတောင် မိဘအနေနဲ့ ဆွေးနွေးတာကို ပြောရမှာပါ။ ပြီးတော့ သားသမီးဆီက feedback ပြန်ရချင်တယ်။ မိဘရဲ့ အတွေးတွေကို share လုပ်မယ်။ သားသမီးနဲ့ မိဘပွင့်လင်းတဲ့ ဆက်ဆံမှု တွေနဲ့ ကူညီပေးမယ်။ ဒီစကားဝိုင်းမှာ သားသမီးအတွက် တခုခုတော့ သင်ယူရရှိသွားဖို့ ကူညီ အထောက်အကူရသွားစေရပါမယ်။

          အဲဒီလို သားသမီးနဲ့ ဆွေးနွေးပြောဆိုတဲ့အခါမှာ ပူပင်သောကရောက်တဲ့ မိဘ (ဝါ) စိတ်လှုပ်ရှားနေတဲ့ မိဘမဖြစ်ဖို့ လိုပါတယ်။ သားသမီးကို ရန်လိုတာ၊ ရန်ဆောင်တာတွေ မရှိစေပဲ သက်တောင့်သက်သာရှိဖို့ သာမန်လို မိဘနဲ့ သားသမီးပြောဆိုသလို အခြေအနေမျိုးဖြစ်ဖို့ လိုပါတယ်။ မိဘအနေနဲ့ ‘‘ငါက အဖြစ်မှန်ကို သိနေတယ်’’ အဲဒီလို ပြောပြီး သားသမီးဆီက သူက ‘‘ဘယ်လိုတွေးထားလဲ’’ မိဘအနေနဲ့ သိထားဖို့ လိုပါတယ်။ သားသမီးတယောက်အနေနဲ့ သူဘယ်လို ယုံကြည်ထားတယ်။ သူဘယ်လို ရွေးချယ်ထားတယ် ဆိုတာကို သိထားရင် မိဘက ပွင့်ပွင့်လင်းလင်း ပြောလို့ အပြည့်အဝအထောက်အပံ့ပေးလို့ ရပါပြီ။ သားသမီးကလည်း သူ့ကိုယ်သူ ယုံကြည်မှု ရှိသွားပြီ။ အနာဂတ်မှာ ရင်ဆိုင်တတ်။ ဖြေရှင်းတတ် သွားပါပြီ။ ဒါကြောင့် မိဘအနေနဲ့ ဆွေးနွေးရတာ ခက်ခဲပေမယ့် မကြောက်ဖို့ လိုပါတယ်။

          မိဘတယောက်အနေနဲ့ သားသမီးနဲ့ ဆွေးနွေးတဲ့ခါမှာ အခြေခံအချက်ကို အရင်ဆုံး ဘယ်အကြောင်းအရာကို စပြောမလဲ။ စာရင်းပြုစု ထားရမယ်။ မိမိအခုဖြစ်ခဲ့တဲ့ အကြောင်းအရာကို အတည်တကျ ပြန်လည်ဆောက်လို့ရမလား။ ဒါမှမဟုတ် မိမိသိထားတဲ့ အခြေခံသဘောတရားနဲ့ ခွင့်လွှတ်ပေးမှာလား။ ဘာခေါင်းစဉ်ကို ဘယ်လိုမှီးပြီး ဆွေးနွေးမှာလဲ။ ဒါတွေက အရင်ပြင်ဆင်ထား ရမှာပါ။

          အဲဒီလို ဆွေးနွေးပြီးသွားရင်လဲ နောက်ပြန်မဖြစ်လာဖို့ နောက်ပြန်ဖြစ်လာရင် ပျက်စီးသွားနိုင် တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရင်း သားသမီးကလည်း confident ရှိဖို့ လိုအပ် ပါတယ်။ မိဘအနေနဲ့ကလည်း ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ ဘယ်လောက်ပဲ လေးပင်နေပါစေ relationship ကိုတော့ အလေးထားရမယ်။ အထူးအာရုံစိုက်ရပါ့မယ်။

          မိဘအနေနဲ့ အကောင်းဆုံး လုပ်နိုင်တာကတော့ ဒီလို အဖြစ်အပျက်တွေဖြစ်လာရင် စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ဖို့ပါ။ ဘယ်လိုခေါင်းစဉ်မျိုးကိုမဆို စိတ်တည်စွာထားတာက နှလုံးသားကို ရိုက်ခတ်စေတဲ့ အဓိကသော့ချက်ပါ။ အဲဒီလို အနေအထားနဲ့မှ သားသမီးနဲ့ ဆွေးနွေးနိုင် မှာပါ။ မိမိကိုယ်မိမိလည်း ‘‘ငါ့စိတ်တည်ငြိမ်နေပြီလား။ ပူပင်သောကတွေနဲ့ စိတ်ခံစားချက်ကို မထုတ်ဖော်ဖို့ အခြေအနေရှိနေရဲ့လား’’ အဲဒီလိုတွေးပြီးမှ ဆွေးနွေးပါ။

          ဒါမှသာ သားသမီးနဲ့ ဆွေးနွေးရတာ လွယ်ကူတဲ့ အလုပ်မဟုတ်ပေမဲ့။ တခါတလေမှာလည်း အခုတင်ပြခဲ့တဲ့ သားသမီးနဲ့ ချဉ်းကပ်ပြီး ကိုင်တွယ်ဖြေရှင်းနည်းလေးတွေကို သိထားမယ်ဆိုရင် ဘယ်လောက်ကြီးမားတဲ့ ခေါင်းစဉ် difficult topics ဖြစ်နေပါစေ။ ဖြေရှင်းပေးလို့ရနိုင်မှာပါ ဆိုတာကို သားသမီးရှိတဲ့ မိဘများအတွက် အထောက်အကူ တခုရလိမ့်မယ်လို့ ထင်ပါတယ်။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *