ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်းအခမ်းအနား ဖိတ်ကြားခြင်း။

အာဗီအေမြန်မာ၊ ၁၀.၂.၂၀၂၅၊ မန္တလေးမြို့။

ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ကြီး Alexander ပြုံးချို၏ အရိုက်အရာကို ဆက်ခံမည့် မွန်ဆီညော် ပီတာ တင်ဝေသည်။ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို မှ ဉီးဆောင်၍ ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ကြီး Alexander ပြုံးချို၊ ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ကြီး John စောယောဟန် တို့၏လက်တော်မှ ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်း ခံယူမည်ဖြစ်ပါသဖြင့် ပွဲတော်သို့ ကြွရောက်ချီးမြှင့်၍ ပါဝင်ဆုတောင်းပေးကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်းအခမ်းအနား ကို (၂၂.၂.၂၀၂၅)နေ့ ၊ နံနက် ၇◌း၃ဝ အချိန်တွင် စိန်ပေါလ်ရဟန်းဖြစ်သင်ကျောင်း၊ အောင်ချမ်းသာရက်ကွင်၊ပြည်မြို့ ၌ ကျင်းပမည်ဖြစ်ပါသည်။

Credit- Photo & News

OSC- Pyay Diocese

#LocalNews#rvamyanmar#rvapastoralcare

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *