ဖာသာရ်. Peter Kyi Maung (မန္တလေး) သာမန်ကာလတတိယသီတင်းပတ်ကြာသပတေးးဩဝါဒ ၃၀၊ ၁၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာကု ဧဝံဂေလိကျမ်းမှာ ဘဝသင်ခန်းစာယူစရာများစွာ နဲ့ထောက်ရှုသတိပြုရမည့်အချက်များစွာပါဝင်နေပါတယ်။ မီးခွက် ကို တောင်းဇလားအောက် ကုတင်‌အောက်မှာမထား အလင်းရရှိစေဖို့ မီးခွက်ထားရာနေရာမှာ ထားရမယ်။ အလင်းက ထင်မြင်စေဖို့ သိမြင်စေဖို့၊ အန္တရာယ်ကင်းစေဖို့ ဖြစ်တယ်။ ဘုရားက မီးခွက်နဲ့တူတဲ့ အသိညာဏ်ကိုပေးထားတယ် အဲ့အသိညာဏ်က ဘုရားပေးထားတဲ့ ကျေးဇူးတော် တွေကို လောင်ကြွမ်းပြီး အလင်းပေးနေရမယ်။ သင့်စီကနေ အမှန်တရားရဲ့ အလင်းရောင် ဒီလူက မှန်မှန်ကန်ကန် လုပ်တယ် သမာသမတ်ရှိတယ်။ သနားကျင်နာတပ်ခြင်းအလင်းရောင် သူက ကိုယ်ခြင်းစာတပ်တယ်။ ခွင့်လွတ်နာလည်ပေးခြင်းအလင်းရောင် ၊ သည်းခံတပ်ခြင်း အလင်းရောင် မေတ္တာ တရား၏အေးမြသော အလင်းရောင် ခင်ဗျာစီက ထွန်းလင်းနေရမယ်။ ဒါပေမဲ့ တိုလူတွေအများစုက အဲ့အလင်းရောင်ကို မာနတရား၊ အမျက်ဒေါသတွေရဲ့အောင်မှာ ဖုံးကွယ်ထားတပ်ကြတယ်။ ဒုတိယတချက်က သင်ပေးသည့်အတိုင်းသင်ပြန်ရမယ် တဲ့ ဒီနေရာမှာ ကျွန်တော်ဝေမျှခြင်တာက သင်ပြန်ရတဲ့အတိုင်း သင်လက်ခံနိုင်ရဲ့လား။ ကို့အတွက် ဆို မှန်မှန်ကန်ကန်လုပ်စေခြင်တယ် တပါးသူအတွက် သင်မှန်မှန်ကန်ကန်လုပ်ပေးရဲ့လား။ ကိုယ်ကိုယ်ကြတော့ မလိမ်ညာစေခြင်ဘူး သင်ကော တပါးသူအပေါ်မှာ တကယ် ရိုးသားပေးဘူးလား။ ကိုယ့်ကိုယ်ကို့ကြ သနားစေခြင်ကြတယ်။ အချစ်ခံခြင်ကြတယ်။ မလိမ်ညာစေခြင်ဘူး၊ ခွင်လွတ်စေခြင်ကြတယ်၊ တပါးသူကိုတော့ သည်းခံခိုင်းတယ် သင်ကိုတိုင်က သည်းခံခဲ့ဖူးလား။ ကိုပေးတဲ့အတိုင်းကိုပြန်ရမယ်၊ ကို ပြန်ရတဲ့အတိုင်းကျေနပ်လက်ခံတပ်ရမယ်။ သင်မှာရှိတဲ့ကျေး‌ဇူးတော်တွေကို ဘုရားပေးထားတဲ့ အသိညာဏ်နဲ့ ထွန်းလင်းတောက်ပပါစေ။ သင်ပေးတဲ့အတိုင်ပြန်ရတဲ့ အခါ ကိုပြန်ရတဲ့အရာအပေါ်မှာ ကျေနပ်လက်ခံနိုင်အောင်ကြိုးစားပါ။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖျာကျမ်းမာ ချမ်းသာပြီး ဘေးရန်ကင်ရှင်ကြပါစေ။

rvamyanmar
rvamyanmar
Articles: 1160

Leave a Reply

Your email address will not be published. Required fields are marked *