ငြိမ်းချမ်းရေးကိုလိုချင်ရင် လူ့အသက်ကို ကာကွယ်စောင့်ရှောက်ကြရမယ်။
ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမအပေါင်းတို့ ဘာသာတရားအသီးသီးက လူ့အသက်ကို ရိုသေလေးစားဖို့နဲ့ ကာကွယ်ပေးဖို့ သင်ကြားပေးကြရမဲ့ အကြောင်း လေ့လာကြမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလိုချင်ရင် လူ့အသက်ကို ကာကွယ်စောင့်ရှောက်ကြရမယ်။ လူ့အသက်ဆိုတာ ဘုရာထံတော်မှရရှိထားတာဖြစ်ပါတယ် လူ့အသက်က မြင့်မြတ် သန့်ရှင်းတဲ့ အရာဖြစ်တယ်။
ဘာသာအားလုံးက ဒီအချက်ကို လက်ခံကြပါတယ် လူ့အသက်ကို ကာကွယ်စောင့်ရှောက်ပေးသင့်တယ် ရိုသေ လေးစားသင့်ပါတယ်။ လူ့အသက်ဟာ သန္ဒေတည်ချိန်ကနေစပြီးတော့ သဘာဝအလျောက်သေဆုံးသွားသည့် အချိန်ထိ ရှင်သန်နေသမျှအချိန်တိုင်းမှာ တန်ဖိုးထားသင့်တယ်လို့ ဘာသာတရားတွေက သွန်သင်ကြရင်း သူတို့တွေက ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်ကိုချနေကြတာဖြစ်တယ်။ အပြစ်မဲ့တဲ့လူတွေကို သတ်ပစ်ခြင်းက မှားယွင်းတဲ့အရာဖြစ်တယ်။
ဘယ်လိုပုံစံနဲ့သတ်သည်ဖြစ်စေ ကိုယ်ဝန်ဖြစ်ချခြင်း၊ ကလေးကိုသတ်ပစ်တာဖြစ်စေ ကိုယ့်ကိုယ်ကို အဆုံးစီရင် တာဖြစ်စေ၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရောဂါဝေဒနာခံစားနေရလို့ ဂရုဏာစိတ်ဖြင့် အဆုံးသတ်ပေးခြင်းတွေ အားလုံးဖြစ် ပါတယ်။ ဒီဝမ်းနည်းစရာစားရင်းမှာ ထပ်ပေါင်းရမယ်ဆိုရင် မျိုးရိုးဘီဇကို တာဝန်အသိစိတ်ကင်းမဲ့ စွာဖြင့် အချခြင်းများလည်းပါဝင်ပါတယ်။ ဉပမာ ပုံတူမျိုးပွားခြင်း လူ့သန္ဒေသားကို သုတေသနပြုလုပ်တဲ့နေရာမှာ အသုံးပြုခြင်း များဖြစ်ပါတယ်။
လူ့အသက်တစ်ချောင်းကို တန်ဖိုးမထားတဲ့သူက လူ့အသက်အားလုံးကို တန်ဖိုးမထားတဲ့သူဖြစ်ပါတယ်။ လုပ်ရမယ်မလုပ်ရဘူးဆိုတဲ့ ဤအခြေခံမေးခွန်းမှာ အလယ်ကနေခွပြီးတော့မလိုက်ကြဖို့ လူတွေကိုဘာသာတရားတွေ က သွန်သင်ပေးသင့်ကြပါတယ်။ ၂၀၀၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အမှာစကားမှာပုပ်ရဟန်းမင်းကြီး John paul II က လူ့အသက်ရဲ့တန်ဖိုးကို ချီးမြောက်မိန့်ဆိုခဲ့ပါတယ်။ လူ့အသက်ဆိုတာကျွန်ုပ်တို့ စိတ်ကျေနပ်သလို ပြုလုပ်နိုင်တဲ့ အရာဝတ္ထုတစ်ခုအဖြစ်မရှု့မြင်နိုင်ပါဘူး။
လူ့အသက်ဆိုတာ အသန့်ရှင်းအမြင့်မြတ်ဆုံး မည်သို့မျှကျူးလွန်၍မရနိုင်တဲ့ လောကီဖြစ်ရှိခြင်းတရားဖြစ်ပါ တယ်။ ဤအခြေခံအကျဆုံးသော ကောင်းမြတ်ခြင်းကို ကာကွယ်ခြင်းမပြုသည့်အခါ ငြိမ်းချမ်းရေးမရှိနိုင် လူ့အသက်ကို တန်ဖိုးမထားပဲနဲ့ ငြိမ်းချမ်းရေးကိုမရနိုင်ဟု မိန့်ဆိုခဲ့တာဖြစ်ပါတယ်။ နှောက်တစ်ချက်က ကလေးသူငယ်များရဲ့ အခွင့်အ ရေးကို အသိအမှတ်ပြုပြီးတော့ရိုသေလေးစားခြင်းရှိစေဖို့ လူတွေကိုသွန်သင်ပေးနိုင်ဖို့ ရန်အတွက် ဘာသာတွေက ကလေးတွေမှာရှိတဲ့ အခွင့်အရေးတွေထဲမှာ မွေးဖွားခြင်းခံရခွင့် မိဘများရဲ့ချစ်ခြင်းမေတ္တာနဲ့ဂရုစိုက်ပြုစုခြင်းကို ခံရခွင့် ဘာသာရေးအယူဝါဒအပါအဝင် ကောင်းမွန်တဲ့ပညာရေးကို ရရှိပိုင်ခွင့် လူကြီးတစ်ယောက်အဖြစ်ဘဝကို စတင်ရပ်တည် နိုင်ရအောင် ကောင်းမွန်စွာပြင်ဆင်ပေးခြင်း ရရှိခွင့်တွေပါဝင်ပါတယ်။
ကမ္ဘာကြီးပေါ်မှာ ဝမ်းနည်းဖွယ်ရာကောင်းစွာနဲ့ ကလေးပေါင်းမြောက်များစွာ သေကြေရတယ်။ ဒဏ်ရာတွေရရှိ ကြတယ် ၁၉၉၆ ခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အမှာစကားမှာ ပုပ်ရဟန်းမင်းကြီး St. John paul II က ခုလိုမိန့်ဆိုခဲ့ပါ တယ် ကလေးတစ်ယောက်ကို တမင်သက်သက်သတ်ခြင်းသည် လူ့အသက်ကိုရိုသေလေးစားခြင်း အားလုံးကို ပြိုကျပျက်စီး သွားခြင်းရဲ့ အဖျက်အစီး အနှောက်ယှက်ဆုံးလက္ခဏာများထဲ့မှ တစ်ခုဖြစ်သည် မိသားစုထဲမှာ ကြမ်းကြမ်းတမ်းတမ်း အပြုမူခံရတဲ့ ကလေးများ ငယ်ငယ်ရွယ်ရွယ်နဲ့ ပြင်းထန်တဲ့ အလုပ်ကြမ်းတွေကို လုပ်နေရတဲ့ ကလေးများ တောင်းရမ်း စားသောက်ခိုင်းရန်းအတွက် အရောင်းခ့ရတဲ့ အထိ မူးယစ်ဆေးဝါးရောင်းသူများအဖြစ်အသုံးပြုရန် ပြည့်တန်ဆာအဖြစ် အသုံးပြုရန် ရောင်းခံရသည်ထိ သိက္ခာမဲ့စွာ အပြုမူခံရတဲ့ကလေးများ ဆင်းရဲတဲ့ကလေးသူငယ်များကို လည်း ကျွန်ုပ်တို့ တွေမမေ့သင့်ကြပါဘူး။ ကလေးသူငယ်များရဲ့ အခွင့်အရေးများကို ချိုဖောက်ခြင်းအချိုးက ကလေ့စားချေပေးဖို့ ရန်အတွက် ကောင်းကင်သို့ဟစ်အော်နေကြတဲ့ အဖြစ်တွေဖြစ်ပါတယ်။ ဒီအရာတွေဖြစ်ပျက်နေတာကို မသိတဲ့ပုံစံ မျိုးနဲ့ ဘာသာတွေက မပြုမူသင့်ကြပါဘူး။ ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမ အယောက်စီတိုင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း ရှိကြပါစေ။