သားသမီး က အပြုအမူဆိုးတွေရှိရင် မိဘတွေက ဘယ်လိုပြောဆိုမယ် ပြုစုပေး နိုင်မလဲ
Bad Behaviour
ဒီနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ မိသားစု အိမ်တိုင်းမှာ ဖြစ်နေဆဲဖြစ်တတ်တဲ့ မိမိကလေး သားသမီး က အပြုအမူဆိုးတွေရှိရင် မိဘတွေက ပြန်လည်ကောင်းမွန်လာအောင် ဘယ်လိုပြောဆိုမယ် ပြုစုပေး နိုင်မလဲဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။
သားသမီးလေးတွေရဲ့ ဆိုးတဲ့ အပြုအမူလေးတွေ ပြောင်းလဲဖို့ဆိုတာ အရင်ဆုံး သူတို့ရဲ့ နှလုံး သားကို ပြောင်းလဲနိုင်ဖို့ မိမိတို့နေတဲ့ မိသားစုအိမ်မှာ စကားတွေပြောရင်း ပြောင်းလဲအောင်လုပ်လို့ရ ပါတယ်။
အပြုအမူဆိုးတွေ ပြောင်းလဲဖို့ဆိုတာ နှလုံးသားပြောင်းလဲဖို့လိုအပ်တာပါ။
မိသားစုအိမ်တစ်အိမ်မှာ မိသားစုဝင်တိုင်းက မိမိကိုယ်တိုင်က ဆရာတစ်ယောက်လို မြှုပ်နှံ ထားရမှာပါ။ မိမိကိုယ်မိမိ ပြန်အုပ်ချုပ်တတ်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို မိဘတွေက သင်ပေးရ မှာပါ။ သားသမီးလေးတွေက အဲ့ဒီလို မိသားစုစည်းလုံးညီညွတ်မှုတွေကို အထူးလိုအပ်တာပါ။ အဲ့ဒီလို သင်ပေးရင် သူတို့တွေ့ကြုံရတဲ့ ပြဿနာကို တလှမ်းခြင်းခွဲခြမ်းစိတ်ဖြာတတ်လာ၏။ တဆင့်ချင်း တစ်လှမ်းချင်း fix လုပ်တတ်လာပါတယ်။
အဲ့ဒီလို မိမိကိုယ်မိမိ အုပ်ချုပ်တတ်ဖို့ သူ့ပတ်ဝန်းကျင်ရဲ့ အသံနေအသံထား မှန်ကန်တဲ့ မိသားစုဖွဲ့စည်းတည်ဆောက်ပုံလည်းရှိဖို့လိုအပ်ပါသေးတယ်။
မိဘတွေက သားသမီးကို ပြောဆိုတဲ့အခါမှာ lecture ရိုက်တာ၊ ဟောပြောသလိုပြောတာ မလုပ်ဖို့ သတိထားရပါ့မယ်။ အဲ့ဒီလို ဟောပြောခဲ့ရင် သားသမီးဆီက ဘာတုန့်ပြန်မှုမှရမှာ မဟုတ်ပါ ဘူး။ နားထောင်မှာလဲ မဟုတ်ဖူး။ ဒီဆိုးတဲ့ သားသမီးကို ပြောမဲ့မိဘက ကိုယ်ဘာပြောမယ်ဆိုတာ ကိုယ်တိုင်အရင်ဆုံးသိအောင်လုပ်ယူရမယ်။ စကားကို အသုံးအနှုန်းကို ရွေးချယ်ပြီး ပြောရမယ်။ ပြောပြီးရင်း ပြောရင်း ဆိုတာလည်း မဖြစ်စေရပါဖို့ လိုသေးတယ်။ မိဘက ပြောတတ်ရင် တချိန်ချိန် မှာ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ တုန့်ပြန့်မှု ပြန်ပြလာပါလိမ့်မယ်။ အဲ့ဒီအချိန်ထိ စောင့်ယူရပါ့မယ်။ Lecture ရိုက်တယ်ဆိုတာ စိတ်ခံစားမှုကို ကြိုးကိုင်ချယ်လှယ်တဲ့ သဘောမို့ မလုပ်သင့်ပါဘူး။
လူသားတွေဆိုတာ မိဘလည်း မှားတတ်တာပဲ။ သားသမီးလည်း မှားတတ်တာပဲ။ ဒါကို ပုဂ္ဂိုလ်စွဲမထားဖို့ လိုပါတယ်။ စိတ်ခံစားချက်နဲ့ ပြန်တုန့်ပြန်လာရင် မိမိသားသမီးကို ကြိုးစားပါ။ လူတိုင်းက smart ဖြစ်တာမှ မဟုတ်ဖူးလို့ အားပေးရပါမယ်။
သားသမီးက အခုလို ဆိုးတယ်ဆိုတာ တကိုယ်ကောင်းဆန်မှုကနေ လာတာပါ။ သူတို့ကိုယ် သူတို့ ဘာလုပ်နေတယ်ဆိုတာ မသိဘူး။ မိဘက စိတ်ခံစားချက်နဲ့ ပြောလည်း ဘယ်တော့မှ အထောက်အကူရမှာ မဟုတ်ဘူး။ ဒါပေမဲ့ မိမိသားသမီးနဲ့ စကားသေသေချာချာ ပြောရမယ်။ ဒီအပြုအမူဆိုးနဲ့ ပတ်သက်လို့ အော်ဟစ်ဆဲရေးတိုင်းထွာတာတွေ မလုပ်ဖို့ လိုပါတယ်။ ဒါက အရေးကြီးပါတယ်။
မိမိသားသမီးဆိုးသွမ်းစွာ ပြုမူနေတာကို ခြောက်လှန့်တာတွေ မလုပ်ဖို့ လိုပါသေးတယ်။ ကလေးတယောက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချတတ်သေးလို့။ သူတို့လိုချင်တာကို ဆုံးဖြတ်ချက်ချပြီး လုပ်ချင်တာကို လုပ်လိုက်တာ။ ဒါကို မိဘတွေက ခြောက်လှန့်ပြောတာက ကြိုးကိုင်ချယ်လှယ်တဲ့သဘောဆောင်သွားစေပါတယ်။ ဒါကြောင့် မိဘက ကျွမ်းကျင်စွာနဲ့ သားသမီးကို မှန်ကန်တဲ့ လမ်းကိုရွေးချယ်တတ်အောင် ဘာကိုလုပ်ရမယ် ဆိုတာကို set up ဖြစ်အောင် လုပ်ပေးထားရပါ့မယ်။ မိဘအနေနဲ့ အဆိုးဆုံးအခြေအနေကနေ တဖြည်းဖြည်း ဆွဲခေါ်လာပြီး သူတို့ကို offer လုပ်ပေးမယ်။ ပြုစုစောင့်ရှောက်ပေးမယ်ဆိုရင် မှန်ကန်စွာ ဆုံးဖြတ်ချက် ချတတ်လာမှာပါ။
မိမိသားသမီးက ဆိုးသွမ်းတဲ့အကျင့်ရှိတဲ့အတွက်် မိဘပြောတာကို တုန့်ပြန်မှာတော့ မဟုတ်ဖူး။ မိဘက တုန့်ပြန်လာနိုင်အောင် ဖန်တည်းယူရပါ့မယ်။ ဒီလိုပြဿနာဖြစ်လာရင် ဘယ်လို ဖြေရှင်းနိုင်မှာလဲ သားသမီးက သူဆိုးတယ်ဆိုတာ ခံစားသိရှိပြီးသား မိဘကသာ သားသမီး ဘာလိုအပ်နေတာလဲ။ မိဘအနေနဲ့ စိတ်ခံစားချက် ပြင်းပြင်းထန်ထန် မဖြစ်ဖို့တော့လိုပါတယ်။ စိတ်ဆိုးရင်ကတော့ မထိရောက်တော့ပါဘူး။
တခြားနည်းလမ်းတွေလဲရှိအုံးမှာပါပဲ။
မိဘနဲ့ သားသမီးစကားပြောဆိုတဲ့ခါမှာ အသံနေ အသံထား ပြောတဲ့ စကားအသုံးအနှုန်း တွေကို စဉ်းစားပြီး ပြောရင်တော့ အကောင်းဆုံးပါပဲ။ ပြောတဲ့စကားက သူတို့ရဲ့ နှလုံးသားထဲ ရောက်ဖို့ အဓိကလိုအပ်ပါတယ်။ ဇာတ်လမ်းဆင်ပြောတာတွေ မလုပ်ပဲ သူတို့နှလုံးသားထဲရောက်ဖို့ သူတို့ကို မျက်လုံးကို ကြည့်ပြီးပြောပါ။ သားသမီးက မိဘက သူတို့ကိုဘယ်လောက် care လုပ်တယ် ဆိုတာ သိလာပါလိမ့်မယ်။ သူတို့ရဲ့ နှလုံးသားကို ပြုပြင်ဖို့ သင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
မိဘကိုယ်တိုင်က အသံနေ အသံထား တည်တည်ငြိမ်ငြိမ်ရှိနေမှ ဒါကိုလည်း ကြိုတင်ပြင်ဆင် ထားရပါအုံးမယ်။ plan ချထားရပါ့မယ်။ အဲဒီလို ဆိုးတဲ့သားသမီးကို ဘယ်လိုပြုပြင်ရင် အဆင်ပြေမယ်ဆိုတာကို သိပြီးပြီဖြစ်လို့ တည်ငြိမ်မှုက အင်မတန် အရေးကြီးလှပါတယ်။
နောက်တခုက ဆိုးသွမ်းတဲ့ကလေးတယောက်ကို လူကောင်း တယောက်ဖြစ်လာဖို့ သင်ကြား ပေးနိုင်ဖို့ ကြိုတင်ခန့်မှန်းတဲ့စကားစုတွေကို ရှေ့ရှုပြီး ပြောဖို့ စဉ်းစားထားရပါ့မယ်။ ဒါမှသာ သူတို့လေးတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ လျော့နည်းပြီး မိဘနဲ့ သားသမီး ပိုမို connect ဆက်သွယ် ဖြစ်လာပြီး သေချာပေါက် ပြဿနာကို အလွယ်တကူ အဖြေရှာ ဖြေရှင်းသွားနိုင်မှာပါပဲ။
မိဘအနေနဲ့ မိမိသားသမီး အခုလို ဆိုးသွမ်းနေရာကနေ သာမန်ကောင်းမွန်ရည်မွန်တဲ့ သားသမီးဖြစ်လာဖို့ ငါ့သားသမီးက အခုဘာဖြစ်နေတာလဲ။ အခုပြောလိုက်ရင် ဘာဖြစ်လာနိုင်မလဲ။ နောင်ကို ဘာတွေဆက်လုပ်ရမလဲ။ ဒါတွေကို တွေးပြီးမှ မိမိသားသမီးကို ဘယ်အရာက မှားတယ်/ မှန်တယ်ဆိုတာကို သေသေချာချာ မြင်အောင်ပြပေးရမယ်။ ပထမတခါ မှားသွားတယ်။ မိဘက မှန်တယ်/မှားတယ် မပြောခဲ့ဘူး။ အခုမိမိဘေးကို ခေါ်ပြီး ပြောမယ်။ အခုဒါက ဘယ်လိုဖြစ်တာလဲ။ ဒါက ကလေးကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမှာ။ မှန်တဲ့လမ်းကနေ လုပ်ကြည့်ပါလား။ အဲဒီလို ပြောတာက အဆင်အပြေဆုံးလို့ ထင်ပါတယ်။ မိဘနဲ့ သားသမီး ထိတွေ့ ဆက်သွယ်မှု connection များလေ ဖြစ်လာတဲ့ ပြဿနာကို ဖြေရှာဖို့ ပိုလွယ်လေပါပဲ။
မိဘအဲဒီလို အခွင့်အလမ်းတွေပေးပြီး မှား/မှန် ထောက်ပြပေးလေ သားသမီးကလည်း သူတို့ရဲ့ ဆိုးသွမ်းတဲ့ အပြုအမူတွေကို မြင်လာမယ်။ အပြုသဘောမဆောင်တဲ့ အကျိုးဆက်တွေကို မြင်လာမယ်။
ဒါကြောင့်မို့ သားသမီးလေးတွေကို အခွင့်အရေးလေးတွေပေးပြီး အခွင့်သာတုန်း full connection teaching လုပ်လို့ရပါတယ်ဆိုတာ မိဘတွေအတွက် အထောက်အကူတစ်ခုရ လိမ့်မယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါတယ်။