ဘာသာတစ်ခုနှင့်တစ်ခုကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင်ဘာသာတိုင်းက ခေါင်းဆောင်များကဉီးဆောင် လုပ်ရမည်။

ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမတို့ ဘာသာတစ်ခုနဲ့တစ်ခု ကြားကောင်းမွန်တဲ့ မိတ်သဟာရဖြစ်စေတဲ့ ဆက်ဆံရေး ရှိခြင်းက ငြိမ်းချမ်းရေးကို များစွာဖြစ်စေတာကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ဘာသာတရားတေက ပြုလုပ်နိုင်ကြတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ ဘာသာတစ်ခုနဲ့တစ်ခုကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်

          ဒီအတွက် အဓိကလိုအပ်ချက်တွေထဲက တစ်ခုက တော့ အခြားဘာသာတရားတွေ အကြောင့် မှန်ကန်စွာ သွန်သင်ပြောကြားပေးခြင်းဖြစ်ပါတယ်။ ဘာသာတိုင်းက ဘာသာဝင်တွေကြားမှာ စိတ်ကောင်းနှလုံးကောင်း ရှိဖို့ လိုအပ်တာ ကတော့ သေချာပါတယ်။ ဒါပေမဲ့ ဒါနဲ့မလုံလောက်ပါဘူး အကယ်၍တစ်ခြားဘာသာတွေအကြောင့် ပြောင်လောင်ခြင်းတွေ မမှန်ကန်တဲ့ အတွေးအခေါ်တွေ ရှိနေ မယ်ဆိုရင် ထိုအခြေအနေကို မှန်ကန်အောင် ပြုပြင်ဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

          ဘာသာတစ်ခုနဲ့တစ်ခုဆက်ဆံရေးက ယေဘုယျအကြောင်းအရာများနဲ့ လက်သုံးအကြောင်း အရာများအပေါ်ယံအဆင့်လောက်မှာပဲ ရပ်သန့်မနေဖို့ဆိုရင် အခြားဘာသာတွေအကြောင်းကို သေချာ အစီအစဉ်ဆွဲပြီးတော့ လေ့လာသင့်ပါတယ်။ တစ်ခြားဘာသာတရားတွေ အကြောင်း နက်နက် ရှိုင်း ရှိုင်း လေ့လာဖို့က ရိုးရိုးသာမန်လူတွေမှာထက် ဘာသာတစ်ခုစီတိုင်းမှာ ခေါင်းဆောင်နေရာမှာ ရှိကြတဲ့ ပုဂ္ဂိုလ် တွေ တာဝန်ယူထားကြတဲ့ ပုဂ္ဂိုလ်တွေမှာ ပိုပြီးတော့ ကြီးလေးတဲ့ တာဝန်ဝတ်တရားရှိပါတယ်။

          တကယ်လက်တွေ့လုပ်ဆောင်နေတဲ့ ဉပမာ နှစ်ခုရှိပါတယ် အနောက်အာဖရိကရှိ ပြင်သစ် စကားပြောနိုင်ငံ ကိုးနိုင်ငံမှ ရီဂျင်နယ် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်မှ တည်ထောင်ဖွဲ့စည်း ခဲ့တဲ့ မူစလင်များနဲ့ ဆက်ဆံရေး ကော်မရှင်က ခရစ်ယာန်တွေအတွက် အစ္စလာမ် ဘာသာတွေအကြောင့် သင်ကြားပေးတဲ့စာအုပ်ကို ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ နောက်ပြီးတော့ ၁၉၈၉ ခုနှစ်မှာ မူစလင် ခရစ်ယာန်ဘာသာတရားအကြောင်း သင်ကြားပေးတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

          ၁၉၉၀ ခုနှစ်ပြင်သစ်နိုင်ငံမှာ ကက်သလစ်ခရစ်ယာန်တွေက မူစလင်တွေ ဂျူးဘာသာတွေနဲ့ ပူးပေါင်းပြီးတော့ ပြင်သစ်ကလေးငယ်များအတွက် ဂျူးဘာသာအကြောင်း ခရစ်ယာန်ဘာသာအ ကြောင်းနဲ့ အစ္စလာမ် ဘာသာအကြောင်းကို သင်ကြားပေးတဲ့ စာအုပ်ငယ်တစ်အုပ်ကို ထုတ်ဝေခဲ့ကြပါ တယ်။ ဘာသာတစ်ခုက လူတစ်ယောက်ဟာ အခြားဘာသာဝင်မိတ်ဆွေတွေနဲ့ လက်ခံနိုင်တဲ့ အမြင်သဘောထား စိတ်တွေ စကားပြောဆိုတဲ့အခါမှာ သူတို့ဘာသာတရားအကြောင်းကို ပိုသိလာနိုင် တယ်။ အထူးသဖြင့် မွေးနေ့အခမ်းအနားတွေမှာ မင်္ဂလာဆောင် ထိမ်းမြားခြင်း အခမ်းအနားတွေမှာ ဘာသာသွင်းခြင်း အခမ်းအနာတွေမှာ နာရေးဇာပန အခမ်းအနားတွေမှာ အခြားဘာသာကလူတွေနဲ့ သဘောထားကြီးစွာ ဖြင့် စကားပြောဆိုကြတဲ့အခါမှာ သူတို့ဘာသာတရားများအကြောင်းကို ပိုသိလာ နိုင်ပါတယ်။ တစ်ခြားဘာသာတရားများအကြောင်းကို မှန်ကန်စွာ သိရှိနိုင်ဖို့ရန်အတွက် သမိုင်း ၊ လူမှုရေး သိပ္ပံ ၊ ဓမ္မဗေဒ နဲ့ အခြားဘာသာရေးဆိုင်ရာ ဘာသာရပ်တွေကို အထူးပြုလေ့လာခြင်းလည်း အရေးကြီး ပါတယ်။

          ဒီနေရာမှာ ဘာသာတစ်ခုက ဖွင့်လှစ်ထားတာဖြစ်စေ အစိုးရတက္ကသိုလ်ကြီးတွေနဲ့ အလားတူ အဆင့်မြင့် ပညာရေးကျောင်းကြီးတွေကဖြစ်စေ။ ထိုကဲသို့သော သင်ကြားလေ့လာမှုများပြုလုပ်ပေးနိုင် ပါတယ်။ တက္ကသိုလ်ဆိုတာ အတွေးအခေါ်တွေစုစည်းရာ သုတေသနပြုရာ သင်ကြားလေ့လာရာ ဗဟို နေရာဖြစ်ပါတယ်။ တက္ကသိုလ်ဆိုတာ မတူညီတဲ့ အတွေးအခေါ် စည်းကြောင်းအမျိုးမျိုး အနှောင်အဖွဲ့ မရှိလွတ်လပ်စွာ တွေ့ဆုံရာ နေရာဖြစ်တယ်။

          ပညာရှင်ဆိုတာ အသိပညာကို ချစ်မြတ်နိုးတဲ့သူ လိုက်စားတဲ့သူဖြစ်တယ် တက္ကသိုလ်ကြီးတွေ မှာဘာသာတရားတွေကို လေ့လာရာမှာနဲ့ ၎င်းတို့လေံလာတွေ့ရှိချက်တွေကို တင်ပြပေးရာမှာ ဓမ္မဒိဌာန် ကျပြီးတော့ အသေးစိတ် နိုက် နိုက် ချွတ် ချွတ်ဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမျိုးရေး ယဉ်ကျေးမှု ဘာသာရေးအကြောင်းတွေပါဝင်တဲ့ ရှုတ်ထွေးတဲ့ တင်းမာမှုအခြေနေ ပြသနာတွေကို ပို၍ အဆင့်မြင့်တဲ့ ပညာရေးစင်တာတွေက ဂရုစိုက်စွာနဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြုသင့်ကြပါတယ်။

          သို့မှသာအများလူထုက ဓမ္မဒိဌာန်ကျစွာ မှန်ကန်စွာသိရှိနိုင်ကြမှာဖြစ်ပါတယ် အမှောင်ကိုဖြိုခွင့် ဖို့ဆိုရင် အလင်းကိုလိုအပ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်တဲ့ ဘာသာရေးအယူအ စွဲအမှားတွေကို ကျော်လွှားဖို့ လျော့နည်းစေဖို့ဆိုရင် မှန်ကန်စွာသင်ကြားပေးဖို့လိုအပ်ပါတယ်။ တက္ကသိုလ်ကြီးတွေက ကျောင်းသားတွေနဲ့ ပို့ချတဲ့သူတွေအတွက် ဘာသာတရားတွေအကြောင်း အသိပညာပိုင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖလှယ်မှုပြုလုပ်နိုင်တဲ့ နေရာတွေဖြစ်ပြီးတော့ မကုသရသေး တဲ့ သမိုင်းအသစ်တွေကို ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းတွေကို ပံ့ပိုးပေးပါတယ်။ ဘာသာတရားကြောင်း ဖော်ပြပေးရုံသတ်သတ်နဲ့ ကောင်းမွန်တဲ့ဘာသာတရားအချင်းချင်း နှီးနှောဖလှယ်မှု ဖြစ်ပေါ်လာဖို့ မလုံ လောက်သေး ဘူးဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အမှန်တရားနဲ့ ဓမ္မဒိဌာန်ကျတဲ့သမိုင်းအကြောင်းအရာတွေ ကကောင်းမွန်ပြီးတော့ ရည်ရှည်တည်တံ့တဲ့ လိုအပ်ချက်တွေ ဖြစ်ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် အမှန်တရားလိုအပ်တဲ့ လမ်းကြောင်းဖြစ်တာကြောင့် တစ်ခြားဘာသာ တရားတွေအကြောင်း မှန်ကန်စွာ သင်ကြား ပြောကြားပေးဖို့က ငြိမ်းချမ်းရေးကိုတည်ဆောက်ရာမှာ ခိုင်မာတဲ့အုတ်မြစ်အတွက် လိုအပ်တဲ့ ကျောက်တုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမ အယောက်စီတိုင်း ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ငြိမ်းချမ်းခြင်း အစဉ်အမြဲရှိကြပါစေ။

rvamyanmar
rvamyanmar
Articles: 1131

Leave a Reply

Your email address will not be published. Required fields are marked *