ဘာသာရေးစိတ်အားထက်သန်ခြင်းနှင့် ဘာသာရေးအစွန်းရောက်ခြင်းနှစ်ခုကို ကျွန်ုပ်တို့ ခွဲခြားတတ်နိုင်ရမည်။
ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမ အပေါင်းတို့ ကမ္ဘာ့ဘာသာကြီးတွေက အကြမ်းဖက်ခြင်းကိုဖြစ်စေသလား ဘာသာရေးကြောင့် လူတွေအကြားမှာ အမုန်းတရားတွေဖြစ်စေသလားဆိုတဲ့ အကြောင်းတွေကိုလေ့လာနေခဲ့ကြတာဖြစ်ပါတယ်။ Mr.Kofianna ကုလသမဂ္ဂ ရဲ့အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့စဉ်အချိန်တုန်းက ဒီရှုပ်ထွေးတတ်တဲ့ဘာသာရေး ကိစ္စမှာ လူ့ရဲ့အားနည်းခြင်း အကြောင်းတရားတွေ အင်အားတွေတစ်ခုနဲ့တစ်ခု ရောယှက်တတ်တဲ့ သဘောတရားတွေကို သုံးသပ်ပြီးတော့ ဘာသာရေးနဲ့ဝိညာဉ် ရေးခေါင်းဆောင်ကြီးများရဲ့ ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထိပ်သီးညီလာခံကြီးမှာ သူအခုလို မိန့်ခွန်းပြောကြားခဲ့ပါတယ် ဘာသာတရားကို အလင်းဖြင့်မကြာခန ခိုင်းနှိုင်းပြောဆိုကြသည်။ သို့သော်ဘာသာတရားကိုကျင့်ကြံရာတွင် ၎င်း၏အမှောင်ထု ဖက်ပိုင်ရှိနိုင်ခြင်းကို ကျွန်ုပ်တို့ အားလုံးသိကြတယ်။
ဘာသာရေးအစွန့်ရောက်သမားတွေက အမျိုးသမီးတွေနဲ့လူနည်းစုတွေအပေါ်မှာဖိနှိပ်တာ ခွဲခြားတာတွေ မကြာခနပြုလုပ် လာကြတယ်။ ဘာသာရေးကိုလူမျိုးရေးဝါဒအတွက် ခုတုံးလုပ်နေကြတယ် ဘာသာရေးကိုခုတုံးလုပ်ပြီးသော အကြမ်းဖက်သော ပဠိပက္ခမီးစာကို မီးမွေးတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို မီးစာကူးပေးကြတယ် အမုန်းတရားကိုတိုက်ဖျက်နိုင်အောင် ဖိနှိပ်ညင်းပန်းခြင်း တွေပပျောက်အောင် လူတွေဟာ မသိကျူးကျွန်ပြုပြီးတော့ ဖာသီးဖာတာမနေကြအောင် နှိုးဆ လှုပ်ဆော်ပေးသော အသံတွေကို ဘာသာရေးခေါင်းဆောင်တွေက ပြောနိုင်ကြပေမဲ့ မပြောပဲနေနေကြတယ်။ အပြစ်တင်ရမှာက ဘာသာတရားမဟုတ်ဘူး ကျွန်ုပ် မကြာခနပြောလေ့ရှိတဲ့ အတိုင်းပဲ ပြသနာက ဘာသာတရားယုံကြည်ခြင်းကြောင့်မဟုတ်ဘူး ယုံကြည်သူတွေကြောင့်ဖြစ်တယ်။
အခုနကပြောတဲ့ အကြောင်းအရာတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဘယ်အရာတွေလုပ်ရမယ် ဘယ်အရာတွေတော့ မလုပ်ရဘူးဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ဘာသာ ဝင်တွေရဲ့ စိတ်ကို ပုံသွင်းပေးနိုင်တယ် လှုပ်ဆော်ပေးနိုင်တယ်။ သို့မှသာလျှင် ဘာသာတစ်ခုစီတိုင်းက ငြိမ်းချမ်းရေးကို အမြဲတမ်း တိုးမြင့်ဆောင်ရွက်ပေးပြီးတော့ တင်းမာမှု အကြမ်းဖက်ခြင်းနဲ့ စစ်တွေကို မဖြစ်စေမှာဖြစ်တယ်။
ဒီကနေ့ကမ္ဘာကြီးမှာ ဘာသာမတူကြတဲ့သူတွေ ကိုယ့်ပါသာကိုယ် သီးသန့်နေလို့မရကြတော့ပါဘူး အကုန် ရောယှက် နေ လာကြ တယ်ဆိုတာအမှန်တရားဖြစ်တယ်။ ဒီကနေ့ခေတ်မှာဆိုရင် ဆက်သွယ်ရေးတွေက လွယ်ကူလာတယ် ခရီးသွားလာရေးက လွယ်ကူလာတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖက်စပ်စီးပွားရေးလုပ်ငန်းတွေရှိတယ် နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ်။ ဒါတွေက ဘာကိုပြနေသလဲဆိုရင် လူမျိုးမတူကြတဲ့သူတွေ ယဉ်ကျေးမှုမတူကြတဲ့သူတွေ ဘာသာမတူကြတဲ့သူတွေ ဒီလိုပဲ ရှေ့ဆက်ပြီးတွေ့ နေကြဉီးမှာပဲဖြစ်တယ်။ တူရိကီနိုင်ငံက မူဆလင်တွေအများကြီး ဂျာမနီနိုင်ငံ မှာ ဟော်လန်နိုင်ငံမှာ နေထိုင်နေကြတယ်။ ဖိလစ်ပိုင် နိုင်ငံက ခရစ်ယာန်တွေအများကြီး ဆော်ဒီနိုင် တွေမှာ သွားပြီး အလုပ်လုပ်နေထိုင်နေကြတယ်။ ဟိန္ဒူတွေကလည်း အင်္ဂလန်နိုင်ငံ မှာသွားပြီးအခြေချနေထိုင်လာကြတယ်။ ဆွတ်ဇလန်နိုင်ငံမှာလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေရှိတယ်။
ဘာသာတစ်ခုကလူတွေပဲ သီးသန့်နေထိုင်ကြတယ်ဆိုတဲ့နေရာ ကမ္ဘာကြီးပေါ်မှာမရှိတော့ပါဘူး။ ဘာသာပေါင်းစုံကလူတွေ အတူတူနေထိုင်ကြရတယ်ဆိုတဲ့ အရှိတရားကို လက်ခံသင့်ပါတယ်။ အထူးသဖြင့်ဘာသာရေးခေါင်းဆောင်တွေက သူတို့ရဲ့ဘာသာ ဝင်တွေ ဒီအချက်တွေကို လက်ခံပြီးတော့ရှင်သန်နိုင်ရအောင် ကူညီလမ်းပြဉီးဆောင်ပေးသင့်ပါတယ်။ နောက်ပြီးတော့ ဘာသာရေးခေါင်းဆောင်တွေက မိမိတို့ဟောပြောတဲ့ မြင့်မားတဲ့တန်ဖိုးတွေနဲ့အညီ မိမိတို့ဟာ အမြဲမရှင်သန်ဘူးဆိုတာကိုလည်း ဝန်ခံကြရမှာဖြစ်ပါတယ။ နောင်တရခြင်း နှစ်ဉီးနှစ်ဖက် အပြန်အလှန်ခွင့်လွတ်ခြင်း ပြန်လည်ကျေအေးသင့်မြတ်ခြင်းတွေက အားလုံးဘက်ကနေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဘာသာအမြောက်အများမှာ၎င်းတို့ရဲ့စည်းလုံးခြင်းကိုပျက်ပြားစေတဲ့ အတွင်းပဠိပက္ခ တွေရှိနေကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေက ကွဲပြားမှုရှိနေတဲ့ ကိစ္စရပ်တွေမှာ ငြိမ်းချမ်းစွာအဖြေရှာကြရမှာဖြစ်တယ်။ အတွင်းထဲမှာစည်းလုံးမှုရှိရင် အခြားဘာသာဝင်များနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိအောင်ပြုလုပ်ရာမှာအထောက်အကူ ပြုပါတယ်။ လူမျိုးရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သမိုင်းကြောင်းနှင့် ဘာသာရေး ဒီဖြစ်နေတဲ့ပြသနာတစ်ခုတွက်အဖြေရှာနိုင်ဖို့ မတူညီ တဲ့အကြောင်းတရားတွေကို ဖော်ထုတ်နိုင် ရအောင် ဘာသာအသီးသီးထဲကလူတွေကို ကူညီပေးရမှာဖြစ်ပါတယ်။ ဘာသာရေး အတွက်စိတ်ထက်သန်ခြင်းနှင့် ဘာသာရေးအစွန့်ရောက်ခြင်း ဒီနှစ်ခုအကြားကို ကျွန်ုပ်တို့တွေ ခွဲခြားကြရမှာဖြစ်ပါတယ်။ ဓမ္မမိတ် ဆွေအယောက်စီတိုင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ငြိမ်းချမ်းခြင်း အစဉ်ရှိကြပါစေ။